Fact Check: စစ်ခေါင်းဆောင်ကို လက်ခလယ်ပြနေတဲ့ ဒီဓာတ်ပုံကပြုပြင်ထားတဲ့ ဓာတ်ပုံတစ်ပုံသာဖြစ်တယ်

Altered နိုင်ငံရေး

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖမ်းမိတဲ့ PDF ကို စစ်ထဲဝင်ခိုင်းလို့ လက်ခလယ်ပြနေတဲ့ ဓာတ်ပုံဆိုပြီးတောဖေ့စ်ဘွတ် အသုံးပြုသူတွေ အကြားမှာပျံ့နှံ့လျက်ရှိပါတယ်။

“ဖမ်းထားတဲ့ PDF ကိုတပ်ထဲမဝင်ရင်သတ်မယ်ဆိုလို့ လက်ခလယ်ထောင်ပြ”လို့ရေးသားပြီး “News In Burmese”အမည်နဲ့ယူကျူ့အကောင့်က စစ်ခေါင်းဆောင်ကို အမျိုးသားတစ်ဦးလက်ခံလယ်ထောင်ပြနေတဲ့ ဓာတ်ပုံပေါ်မှာ စာရေးသားလျှက်မျှဝေထားရာမှာ ဒီဓာတ်ပုံပါတဲ့ ဗွီဒီယိုကြည့်ရှု့မှုပေါင်း ၈ သောင်းကျော်ရှိပါတယ်။ 

C:\Users\Mi\Downloads\Screenshot 2022-06-17 181319.png

မူရင်းလင်ခ့် – FB linkArchive link  

ပြီးခဲ့တဲ့ နှစ်ကတည်းက ပျံ့နှံ့လျက်ရှိတဲ့ ဒီဓာတ်ပုံဟာ စစ်တပ်က PDF တွေကို လက်နက်ချအလင်းဝင်ဖို့ ဖိတ်ခေါ်ချက်သတင်းမှာ မဇ္ဈိမမီဒီယာကအသုံးပြုခဲ့ပြီးနောက် ဖေ့စ်ဘွတ် အသုံးပြုသူတွေ အကြား ပျံ့နှံ့မှုပြန်လည်အားလာပါတယ်။ ဒီဓာတ်ပုံဟာ တည်းဖြတ်ထားတဲ့ ဓာတ်ပုံအဖြစ်အများအပြားက နားလည်ကြပေမဲ့အချို့သော ဖေ့စ်ဘွတ်အသုံးပြုသူတွေအတွက် နားလည်မှု လွဲစေတာတွေ့ရပါတယ်။

“Mizzima – News in Burmese”ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ၂၀၂၂ ခုနှစ် ဇွန် ၁၂ ရက်က စစ်ကောင်စီက လက်နက်အပ်ဖို့ ဖိတ်ခေါ်ချက် သတင်းမှာ ဓာတ်ပုံကို အောက်ပါအတိုင်းအသုံးပြုထားတာတွေ့ရပါတယ်။

C:\Users\Mi\Downloads\Screenshot 2022-06-13 190450.png

မူရင်းလင်ခ့် – FB linkArchive link  

ထို့အပြင် ဖေ့စ်ဘွတ်ရဲ့ ဒီနေရာဒီနေရာဒီနေရာဒီနေရာဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက် 

တကယ်တော့ မူရင်းဓာတ်ပုံဟာ ၂၀၁၅ ခုနှစ် မေ ၃ ရက်က The Global New Light of Myanmar က ဖော်ပြခဲ့တဲ့သတင်းတစ်ပုဒ်မှာအသုံးပြုထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။ သတင်းထဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တာဝန် ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ မင်္ဂလာဒုံမြို့နယ်က တပ်မတော်ဆေးရုံမှာတက်ရောက်နေတဲ့ အရာရှိနဲ့စစ်သားတွေကို ငွေနဲ့ထောက်ပံ့ပစ္စည်းတွေပေးအပ်ခဲ့တဲ့သတင်းဖြစ်ပါတယ်။

C:\Users\Mi\Downloads\screenshot-archive.ph-2022.06.14-20_13_31.png

၂၀၂၁ ခုနှစ် ဇွန် ၁၀ ရက်က Fact Crescendo ကမ္ဘောဒီယားက အချက်အလက်စိစစ်ထားတာကို ဒီလင့်ခ်မှာ ကြည့်ပါ။ ၂၀၁၅ ခုနှစ် မေ ၃ ရက်က The Global New Light of Myanmar ဓာတ်ပုံနဲ့ ယခုဖေ့စ်ဘွတ်မှာပျံ့နှံ့နေတဲ့ ဓာတ်ပုံကိုအောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

C:\Users\Mi\Downloads\Screenshot 2022-06-17 194239.png

သုံးသပ်ချက်

၂၀၁၅ ခုနှစ်အတွင်းက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင် မင်္ဂလာဒုံက စစ်ဆေးရုံကိုသွားရောက်စဉ်က ဆေးရုံတက်စစ်သားတစ်ယောက်နဲ့ တွေ့ဆုံစကားပြောနေတဲ့ဓာတ်ပုံကို အမျိုးသားတစ်ဦးက လက်ခလယ်ပြ နေတဲ့ဓာတ်ပုံအဖြစ်ပြုပြင်ထားတဲ့ဓာတ်ပုံသာဖြစ်ပါတယ်။

Avatar

Title:Fact Check: စစ်ခေါင်းဆောင်ကို လက်ခလယ်ပြနေတဲ့ ဒီဓာတ်ပုံကပြုပြင်ထားတဲ့ ဓာတ်ပုံတစ်ပုံသာဖြစ်တယ်

Fact Check By: Nayar Maung 

Result: Altered


Leave a Reply

Your email address will not be published.