Fact Check: မြန်မာစစ်ကောင်စီကို ဖမ်းဝရမ်းမထုတ်လို့ ICC နဲ့ ICJ ကို ထရမ့် ဖျက်သိမ်းတဲ့ သတင်းတု 

မြန်မာစစ်ကောင်စီကို ဖမ်းဝရမ်းမထုတ်လို့ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) နဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) ကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဖျက်သိမ်းလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ လုပ်ကြံရေးသားပြောဆိုချက်သာ ဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ကြည့်ရှု့မှုများပြားနေတဲ့ ယူကျူ့ ဗွီဒီယိုနဲ့ ဒီဗွီဒီယို ပါစာသားကောက်နုတ်ချက်ဖြစ်ပါ တယ်။  “ICC နဲ့ ထရမ့် မြန်မာအ‌ရေး ပြသာနာတက် အကြမ်းဖက်မှု သက်သေ ပြည့်စုံနေပြီး စစ်ကောင်စီကို ဖမ်းဝရမ်းမထုတ်လို့  ICC နဲ့ ICJ ကို သုံးစားမရဟုဆိုကာ အကုန်ဖျက်သိမ်းပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay khithit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ […]

Continue Reading

Fact Check: မြန်မာနိုင်ငံကို R2P ဝင်ဖို့ အတည်ပြုဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား

မြန်မာနိုင်ငံကို R2P ဝင်ရောက်ဖို့ အတည်ပြုလိုက်ပြီလို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယခုရက်ပိုင်းမှာ ယူကျူ့မှာ ဖြန့်ဝေ လာရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။  နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းမှားတွေသာဖြစ်တယ်။ R2P ဆိုတာကတော့ နိုင်ငံတနိုင်မှာ အုပ်ချုပ်သူအစိုးရတွေဟာ သူ့နိုင်ငံသားတွေကို လူမျိုးတုန်းသတ်ဖြတ်မှု၊ လူမျိုးရေးသုတ်သင် ရှင်းလင်းမှုနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာကို တားဆီးရန် ပျက်ကွက်ရင် နိုင်ငံတကာကလည်း ဒီကိစ္စကို တားဆီဖို့ တာဝန်ရှိတဲ့အတွက် လိုအပ်ရင် စစ်ရေးနည်းလမ်းအထိ ရွေးချယ် နိုင်တယ်ဆိုတဲ့ ယူဆချက်ပဲဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတူတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရတယ်။ “သန်ခေါင်ယံ အမိန့် R2P ဝင်မည် မြန်မာ့အရေး R2P ခွင့်ပြုလိုက်ပြီ စစ်အင်အား များပြားပြီး ပြည်သူတွေ အရေးပေါ်”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive […]

Continue Reading

အွန်လိုင်းလိမ်လည်မှုနဲ့ ခေါင်းစဉ်တုတပ်တပ် ဗွီဒီယိုတွေ ထပ်တလဲလဲ ဖြန့်ချိမှုနဲ့ ၂၀၂၃

၂၀၂၃ ခုနှစ်ကုန်ပြီ ၂၀၁၄ ခုနှစ်ကို ချဉ်းနင်းဝင်ရောက်လာချိန်မှာ တနှစ်တာအတွင်း သတင်းတု၊ သတင်းမှား ဖြန့်ချိမှု ပုံစံတွေကို ပြန်လည်သုံးသပ်တဲ့အခါ အွန်လိုင်းလိမ်လည်မှုနဲ့ နိုင်ငံရေးသတင်းခေါင်းစဉ်တုတပ်ထားတဲ့ ဗွီဒီယိုတွေနေရာယူခဲ့တာကို Fact Crescendo Myanmar ရဲ့ စောင့်ကြည့်လေလာမှုတွေနဲ့ အချက်အလက် စိစစ်ချက်တွေအရ တွေ့ရပါတယ်။ လွယ်လွယ်ကူကူနဲ့ အွန်လိုင်းကချေးပေးနေဆိုတဲ့ငွေလိမ်နည်း၊ ငွေတုရောင်းဝယ်ရေးဆိုတဲ့ ငွေလိမ်နည်း တွေက အစ နိုင်ငံခြားငွေကြေးရောင်းဝယ်ဖောက်ကားသူအဖြစ်အယောင်ဆောင်တာ၊ ချဲ့ကားထားတဲ့ ပစ္စည်းကြော်ငြာ တွေ အလယ် အွန်လိုင်းမှာ ငွေလိမ်နည်းတွေဟာ နောက်ဆုံးမှာ ရှမ်းမြောက်မှာ စစ်ပွဲဖြစ်ရတဲ့အထိ အကြောင်း အရာတွေထဲက တချက် ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေးကဏ္ဏမှာတော့ သတင်းမီဒီယာတွေက သတင်းတွေကို နိုင်ငံရေးသတင်းခေါင်းစဉ်တုတပ်ပြီး ဖြန့်ဝေတဲ့ ဗွီဒီယိုတွေ၊ ဖေ့စ်ဘွတ်မှာ စစ်တပ်ဝါဒဖြန့်ချိရေး ယန္တယားကဖြန့်ဝေတဲ့ ခိုးဆိုး၊လုနှိုက်၊ ရက်စက်မှုမှန်သမျှ PDF  ဆိုတဲ့ […]

Continue Reading

Fact Check: အမေရိကန်သံရုံးကို စီးနင်းခံရတယ်ဆိုတဲ့သတင်းတု

အမေရိကန်သံရုံးကို ဝင်ရောက်စီးနင်းခံရတယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြု သူတွေအကြား ပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဖေ့စ်ဘွတ်မှာပျံ့နှံ့ခဲ့တဲ့ ဗွီဒီယိုပို့စ်တစ်ခုပဲဖြစ်ပါတယ်။ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ ခေတ်သစ်သတင်းဌာနကနေ ဒီသတင်းကို ကြေညာခဲ့တာဖြစ်ပြီး အခြားသောသံရုံတွေကိုလည်း လိုက်သိမ်းနေပြီလို့လည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် ပို့စ်စာသားနဲ့ ဗွီဒီယိုအစမှာ အမေရိကန်သံရုံးဝင်စီးခံရပြီး အခြားသောသံရုံတွေကိုလည်း မြန်မာစစ်တပ်က လိုက်သိမ်းနေပြီလို့ ခေတ်သစ်သတင်းဌာနက ကြေညာတယ်လို့ဆိုထားပေမဲ့ ဒီသတင်းကို‌ဖော်ပြခဲ့ တာမျိုးမရှိတာ တွေ့ရပြီး ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ကြံရေးသားထားခြင်းဖြစ်ပါတယ်။ ခေတ်သစ်သတင်းဌာနက ဗွီဒီယို အစီအစဉ်တင်ဆက်မှုကို ဒီနေရာမှာတွေ့နိုင်ပါတယ်။ ထို့အပြင် အခုလို သံရုံးဝင်စီးခံရတယ်ဆိုတဲ့ ဗွီဒီယိုပါအသံဖိုင်မှာတော့ စစ်တပ်ထောက်ခံသူ မင်းတေဇာညွန့်တင် ပစ်ခတ်ခံရပြီး သေဆုံးမှုနဲ့ပတ်သက်တဲ့အကြောင်းအရာ၊ မုံရွာခရိုင် […]

Continue Reading

Fact Check: R2P အရ ကုလတပ် တစ်သောင်း မြန်မာနိုင်ငံကိုလာမယ်ဆိုတဲ့ သတင်းတုသတင်းမှား

R2P အစီအစဉ်အရ ကုလသမဂ္ဂ(United Nations-UN) တပ်တစ်သောင်း မြန်မာနိုင်ငံကိုလာမယ်လို့ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြစ်ပါတယ်။ “R2p UNတပ် 1သောင်း မြန်မာပြည်ရောက်လာမည်။ အသိပေးကြေညာချက်ထုတ်ပြီ။”လို့ ရေးသားပြီး “Zoul-168” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း  ၁၀၀၀ ကျော်ရှိပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် အထက်ပါ Screenshot ကိုကြည့်မယ်ဆိုရင် ဒေါက်တာဇော်ဝေစိုးရဲ့ ဓာတ်ပုံနဲ့အတူ နိုင်ငံသားတွေကို အကာအကွယ်ပေးရန်တာဝန်ရှိမှု(Responsibility to Protect- R2P)အစီအစဉ်အရ UN တပ်တစ်သောင်း မြန်မာနိုင်ငံကိုလာမယ်လို့ ကြေညာတယ်လို့ဆိုထားပေမဲ့ ၈ မိနစ်ကျော်ရှည်တဲ့ ဒီဗွီဒီယိုတစ်ခုလုံးမှာ ဒီအကြောင်းတစ်စုံတရာ မပါဝင်ပါဘူး။ ဒေါက်တာဇော်ဝေစိုးကပြောကြားခဲ့ခြင်းလည်းမရှိပါဘူး။ အခြားသော […]

Continue Reading

Fact Check: US စစ်သား ၅ သိန်း မြန်မာကို ပို့ဖို့ အမေရိကန်သမ္မတဆုံးဖြတ်ဆိုတဲ့ သတင်းခေါင်းစဉ်တု

မြန်မာကို စစ်သား ၅ သိန်းပို့ဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဆုံးဖြတ်လိုက်တယ်ဆိုတဲ့  ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ အောက်ပါ screenshot ကတော့ ပျံ့နှံ့ခဲ့တဲ့ ဗွီဒီယိုပို့စ်ပါ မြင်ကွင်းဖြစ်ပါတယ်။ “မြန်မာ့အရေး US သမ္မတကြီး ခေါင်းခဲပီ”လို့ ပို့စ်စားသားမှာရေသားပြီး ဗွီဒီယိုအဖွင့် thumbnail ဓာတ်ပုံထဲ မှာတော့ သမ္မတဂျိုးဘိုင်ဒန်ဓာတ်ပုံနဲ့အတူ “ (၁၆)ရက်နေ့ မြန်မာ့အရေး သမ္မတကြီး ခေါင်းခဲပီ US စစ်သား(5) သိန်း မြန်မာကိုပို့ဖို့ ဆုံးဖြတ်”လို့လည်းရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် အမေရိကန်သမ္မတက US   စစ်သား ၅ သိန်းမြန်မာကို ပို့ဖို့ ဆုံးဖြတ်တယ်ဆိုတဲ့ သတင်းမျိုးကို […]

Continue Reading

Fact Check: မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၀ FATF ကအမည်ပျက်စာရင်းသွင်း ထားတယ်ဆိုတဲ့သတင်းမှား

FATF ကနေ အောက်တိုဘာ ၂၁ ရက်က ထုတ်ပြန်ခဲ့တဲ့ အမည်ပျက်(Blacklist)နိုင်ငံ ၂၀ စာရင်းဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ ပြောဆိုချက်ဟာ မှားယွင်းပြီး နားလည်မှုလွဲစေနိုင် တာ တွေ့ရပါတယ်။ အောက်ပါစာသားတွေက ဖြန့်ဝေခဲ့တဲ့ ပို့စ်ပါ စာသားတွေဖြစ်ပါတယ်။ ဒီဖြန့်ဝေခဲ့တဲ့ပို့စ်မှာ မြန်မာနိုင်ငံဟာ အရင်ကလည်း အမည်ပျက်စာရင်းသွင်းခံရဖူးပြီး အခုလည်း မြန်မာနိုင်ငံနှင့်အတူ အခြားသော နိုင်ငံ ၁၉ နိုင်ငံ လည်းပါဝင်တယ်လို့ဆိုလိုထားပြီး screenshot တစ်ခုလည်းပါဝင်ပါတယ်။ “FATF မှ ​ ၂၀၂၂၊အောက်တိုဘာ၂၁ရက်နေ့က ထုတ်ပြန်ခဲ့သော  Blacklistနိုင်ငံစာရင်း (၂၀) စာရင်း ဖြစ်ပါတယ် ။ 1 Arbania 2 Barbados 3 Burkina Faso 4 Cambodia 5 Cayman Islands […]

Continue Reading

Fact Check: ထိုင်းလိပ်ကျွန်းလူသတ်မှုက ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ ပြန်လွတ်ပြီဆိုတဲ့ သတင်းမှား

မြန်မာနိုင်ငံမှာလိပ်ကျွန်းလူသတ်မှုလို့ လူသိများတဲ့ ၂၀၁၄ ခုနှစ်က ထိုင်းနိုင်ငံမှာ ဗြိတိန်  ၂ ယောက်ကို သတ်မှုနဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်းကျနေတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ နှစ်ဦးပြန်လည်လွတ်မြောက်လာပြီ ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းမှား ဖြစ်ပါတယ်။ အောက်ပါစာသားတွေကတော့ ဩဂုတ် ၂၈ ရက်ကပျံ့နှံ့ခဲ့တဲ့ ပို့စ်ပါကောက်နှုတ်ချက်ဖော်ပြချက်ဖြစ်ပါတယ်။  “ဒေါ်လာ ၂ သန်းနစ်နာကြေးရရှိပြီး ပြန်လွတ်လာပါပြီ ၂၀၁၄ ခုနှစ် ထိုင်းနိုင်ငံ လိပ်ကျွန်းလူသ.တ်မှုမှာ စွတ်စွဲခံရမှုနဲ့ အကျဉ်းကျခံ ကိုဝင်းဇော်ထွန်း နဲ့ ကိုမောင်ဇော်လင်း နှစ်ဦးကို အမိန့် ရုပ်သိမ်းပီးပြီး အမှုကိုဖျက်သိမ်းပီးပြီး လွတ်ငြိမ်းခွင့်ပေးဖို့ ထိုင်းဘုရင်မင်းမြတ်မှ အမိန့်ပေးလိုက်ပါသည် ထိုင်းဘုရင် ပေ့ခ်ျပေါ်မှာ မြန်မာနိုင်ငံသားများက အသနားခံစာ ရေးသားချက်များကို ထိုင်းဘုရင်သိရှိရပြီးနောက် လူသားချင်း စာဏာကာ အိမ်နီးချင်းကောင်း ပီသစွာ ပြသခြင်းဖြင့် […]

Continue Reading

Fact Check: ယူကရိန်းနိုင်ငံသားတွေ မြန်မာနိုင်ငံအတွက်ပါ ဆန္ဒပြပေးနေတာလား-မဟုတ်ပါ

ရုရှားရဲ့ ကျူးကျော်မှုကို ခံနေရပြီး စစ်ဖြစ်နေပေမဲ့ ယူကရိန်းနိုင်ငံသားတွေဟာ မြန်မာနိုင်ငံအတွက်လည်း ဆန္ဒပြ ပေးနေတယ်ဆိုပြီးတော့ ဓာတ်ပုံ ၃ ပုံနှင့်အတူ မျှဝေထားတဲ့ ပို့စ်ဟာ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအား ကောင်းလျက်ရှိ ပါတယ်။  အမွေးပွ အနွေးထည်အင်္ကျီဝတ်အမျိုးသားက ယူကရိန်းနဲ့ မြန်မာစပ်ထားတဲ့ သရုပ်ဖော်ကတ်တစ်ခုကို ကိုင်ဆောင် ထားတဲ့ ဓာတ်ပုံ၊ယူကရိန်းကို ကယ်တင်ပါ၊ မြန်မာကိုကယ်တင်ပါလို့ အဓိပ္ပာယ်ရတဲ့ အင်္ဂလိပ်ဘာသာနဲ့ ရေးသား ထားတဲ့ ဓာတ်ပုံတွေအပါအဝင် ဓာတ်ပုံ ၃ ပုံနဲ့အတူ  “A Lawn Thin”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဖေဖော်ဝါရီ ၂၈ ရက်မှာ မျှဝေထားတာတွေ့ရပါတယ်။  “မြန်မာနိုင်ငံ အတွက် ပြန်လည်စိုးရိမ်ပေးတဲ့ ယူကရိန်းနိုင်ငံကို ကျေးဇူးအများကြီးတင်ပါတယ်🇲🇲🤝🇺🇦 Велике спасибі Україні за те, що висловлює занепокоєння […]

Continue Reading