Fact Check: လားရှိုးကို PDF ဝင်တိုက်လို့ စစ်ကောင်စီ ဗုံးကြဲတုန့်ပြန်ဆိုတဲ့ သတင်းတု 

လားရှိုးကို PDF ဝင်တိုက်လို့ စစ်ကောင်စီ ဗုံးကြဲတုန့်ပြန်ရာမှာ တရုတ်ငြိမ်းချမ်းရေးအဖွဲ့ဝင်တွေ သေဆုံးခဲ့ တယ်ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု တခုသာဖြစ်တယ်။ ဧပြီ ၂၇ ရက်မှာ စတင်ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုနဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှု ၁ ဒဿမ  ၉ သိန်းကျော်ရှိထားတယ်။  “လားရှိုး အရေးပေါ်ဖြစ်နေပြီ PDF တွေက ဝင်တိုက်လို့ စစ်ကောင်စီ ဗုံးကြဲ တရုတ် ငြိမ်းချမ်း‌ရေး အဖွဲ့ဝင်တွေ သေဆုံး” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay Khithit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို […]

Continue Reading

Fact Check: လားရှိုးဆွေးနွေးမှု ပျက်ပြီး MNDAA ပြန်ဝင်လာတဲ့ သတင်းတု 

မြန်မာစစ်တပ်နဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)အကြား ဆွေးနွေးပွဲ ပျက်ပြယ်သွားပြီး MNDAA တပ်ဖွဲ့ဝင်ထောင်ချီ လာရှိုးကို ပြန်ဝင်လာပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု တခုသာဖြစ်တယ်။ ဧပြီ ၂၄ ရက်မှာ စတင်ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုနဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှု ၁ ဒဿမ ၂ သိန်းကျော်ရှိထားတယ်။  “လားရှိုးဆွေးနွေးမှု ပျက်ပြီ တရုတ်အထူး ယဉ်တန်း စစ်တပ်က ပစ်ခတ် ၊ ပြသာနာ တက်နေကုန်ပြီ ၊ MNDAA တပ်ဖွဲ့ ထောင်ချီ ပြန်ဝင်လာ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ လားရှိုး လဲလှယ်ခဲ့ရတယ်လို့ MNDAA ထုတ်ပြန်ဆိုတဲ့ သတင်းတု

စစ်ကောင်စီနဲ့ အပစ်ရပ်ဖို့ သဘောတူညီချက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့လားရှိုးကို လဲလှယ်ခဲ့ရတယ်လို့ MNDAA ထုတ်ပြန်တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေပါတယ်။ သတင်းမှား ဖြန့်ဝေနေခြင်းဖြစ်တာ တွေ့ရတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာကစပြီး အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေနှိမ်နင်းရေးနဲ့ စစ်အာဏာရှင်အမြစ်ပြတ်တော်လှန်ရေးလို့ ကြွေးကြော်ပြီး မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲခဲ့တဲ့ MNDAA ဟာ တရုတ်အစိုးရ ဖိအားပေးအကြပ်ကိုင်မှုကြောင့် စစ်ကောင်စီနဲ့ ဒုတိယအကြိမ် တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဆွေးနွေးခဲ့ပါတယ်။ ဇန်နဝါရီ ၂၁ ရက်မှာ “Mandalay khithit”အမည်နဲ့ ယူကျူ့ချန်နယ်က စတင်ဖြန့်ဝေခဲ့ပြီး  ပျံ့နှံ့မှု အားကောင်း နေတဲ့ ဗွီဒီယိုပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။  “ဒေါ်စုနဲ့ လားရှိုး လှဲလှယ်ခဲ့ရဟု MNDAA ထုတ်ပြန် တစ်နိုင်ငံလုံးအတွက် အကောင်းဆုံး လုပ်ဆောင်ခဲ့ဟုဆို ဒေါ်အောင်ဆန်းစုကြည် […]

Continue Reading

Fact Check: လားရှိုးမှာ ကလေးတွေ လက်နက်ကိုင်ကျောင်းတက်ရတဲ့ ဓာတ်ပုံလား-မဟုတ်ပါ

လားရှိုးမှာ ကလေးသူငယ်တွေ လက်နက်ကိုင်ကျောင်းတက်ရတဲ့ ဓာတ်ပုံလို့ဆိုလိုထားပြီး ဓာတ်ပုံတခု ဖေ့စ်ဘွတ် အသုံးပြုသူ တွေအကြား ဖြန့်ဝေနေတာတွေ့ရပါတယ်။ ဆိုင်ကယ်တစီးပေါ်မှာ ကလေး ၂ ယောက် ဆိုင်ကယ် စီးသွားတာကိုရိုက်ကူးထားပြီး နောက်ခုံမှာထိုင်နေတဲ့ကလေးဟာ သေနတ် ၂ လက်ကိုင်ထားတာကို ဓာတ်ပုံထဲမှာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားဖြန့်ချိမှုသာဖြစ်တယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ် ချက်ဖြစ်ပါတယ်။  “လားရှိုးမြို့လို့ပြောတဲ့ FB ဓါတ်ပုံတွေထဲမှာဒီပုံဟာအထူးခြားဆုံးဘဲ ..  ဟုတ်ရောဟုတ်ပါ့မလား.. အရုပ်သေနတ်လေးတွေဖြစ်မှာပါ..😟” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဓာတ်ပုံဟာ ၂၀၂၁ ခုနှစ် မတ်လ ဝန်းကျင်ကတည်းက အခြားသော ဘာသာစကားအသုံးပြုတွေ အကြားမှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရပါတယ်။  ဒီဓာတ်ပုံရိုက်ကူးထားတဲ့နေရာဟာ […]

Continue Reading

Fact Check: အသိမ်းခံရတဲ့ လားရှိုး စစ်ဌာနချုပ်တိုင်းမှူးသေဒဏ်ပေးခံရလို့ ကျန်တိုင်းမှူး အားလုံးနုတ်ထွက်စာတင်ဆိုတဲ့ သတင်းတု

အသိမ်းခံရတဲ့ လားရှိုး စစ်ဌာနချုပ်တိုင်းမှူးသေဒဏ်ပေးခံလို့ ကျန်တိုင်းမှူး အားလုံးနုတ်ထွက်စာတင်ကုန် တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။  “လားရှိုးမြို့စစ်ဌာနချုပ် အသိမ်းခံရမှုနဲ့ တိုင်းမှူးကို သေဒဏ်ကြေငြာလို့ တိုင်းမှူးအားလုံး နှုတ်ထွက်စာတင် မန္တ‌လေးတိုင်းမှူးပါ ပျောက်ဆုံးသွားပြီ” (မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram” အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တု ဒါမှမဟုတ် လုပ်ကြံသတင်းတွေနဲ့ ရောနှော ဖြန့်ချိလေ့ရှိတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက် စိစစ် ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ အခုလည်း ဗွီဒီယိုထဲမှာ […]

Continue Reading

Fact Check: ပြင်ဦးလွင်နဲ့ လားရှိုးမှာ စစ်ကောင်စီတပ်သားတွေ လက်နက်ချလိုက်ပြီ ဆိုတဲ့ သတင်းတု

ပြင်ဦးလွင်နဲ့ လားရှိုးမှာ စစ်ကောင်စီတပ်သားတွေ လက်နက်ချလိုက်ပြီလို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ သတင်းတုသတင်းမှားဖြစ်တယ်။ အောက်ပါစာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုကရယူထားခြင်းဖြစ်တယ်။ ၄ နာရီအတွင်း ဒီဗွီဒီယိုကို ကြည့်ရှု့မှု အကြိမ်ပေါင်း ၆၀၀၀၀ ကျော်ရှိပါတယ်။ “ဇန်နဝါရီလ(၁)ရက်နေ့ သတင်းထူး!! ပြင်ဦးလွင်နဲ့လားရှို့းမှာ လက်နက်ချလိုက်ပြီ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုတွေ ဖြန့်ဝေနေတဲ့ Latest News အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့ကဖော်ပြခဲ့တဲ့ သတင်းအချို့ကို ခေါင်းစဉ်တုတပ် သို့မဟုတ် နားလည်မှုလွဲစေနိုင်တဲ့ ခေါင်းစဉ်လွဲတပ်ပြီး ဖြန့်ချိလေ့ရှိပါတယ်။  အခုလည်း ဗွီဒီယိုအစမှာ ပြသတဲ့ ရုပ်ကတ်မှာ “ပြင်ဦးလွင်နဲ့ လားရှိုးမှာ လက်နက်ချလိုက်ပြီ”လို့ရေးသားပြီး ဗွီဒီယိုကို ဖြန့်ချိထားပေမယ့် တကယ်တမ်း ဗွီဒီယိုပါ […]

Continue Reading