Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို နောင်ပွင့်မယ့် အရိမေတ္တယျဘုရားလို့ တောင်ဉက္ကလာအမတ်ပြောခဲ့သလား-မဟုတ်ပါ
ဒေါ်အောင်ဆန်းစုကြည်ကို နောင်ပွင့်မယ့် အရိမေတ္တယျဘုရားလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ တောင်ဉက္ကလာပအမတ်ဦးထွန်းငွေပြောတယ်ဆိုတဲ့ ပို့စ်တစ်ခုကို လူမှုကွန်ယက်မှာပျံ့နှံ့လျက်ရှိတာတွေ့ ရပါ တယ်။ ပါတီရန်ပုံငွေဖြင့်ထုလုပ်ထားသော ဒေါ်အောင်ဆန်းစုကြည် ဘုရားစုပန်နေပုံရုပ်တုများကို ယနေ့ထုတ်ဖော် ပြသရင်း တောင်ဉက္ကလာပလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းငွေက Yangon Times ကို အခုလိုပြောတယ် ဆိုပြီးတော့ ရေးသားထားပါတယ်။ ပို့စ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတုရုပ်တု အချို့လည်းပါဝင်ပါတယ်။ သို့သော်လည်း မျှဝေလျက်ရှိတဲ့ပို့စ်မှာပါတဲ့ ဓာတ်ပုံတွေဟာ နာရေးကူညီမှုအသင်းဉက္ကဌဖြစ်သူ သရုပ်ဆောင် ဦးကျော်သူက ပြည်မြို့မှာ တည်ထားကိုးကွယ်ထားတဲ့ ပရဟိတစေတီတော်မှာ ထည့်သွင်းထုလုပ်ခဲ့တဲ့ ရုပ်တုတွေဖြစ်တာတွေ့ရပြီး တောင်ဉက္ကဌလာပလွှတ်တော်ကိုယ်စားလှယ်တွေထဲမှာလည်း ဦးထွန်းငွေအမည်နဲ့ လွှတ်တော်ကိုယ်စားလှယ်မရှိပါဘူး။ လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ပို့စ်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။ အလားတူရေးသားမျှဝေထားတာတွေကို ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link […]
Continue Reading