Fact Check: အမေရိကန်ဆီက စစ်ရေးအကူအညီရကြောင်း NUG ပြောတဲ့ သတင်းမှား

အမေရိကန်ဆီက စစ်ရေးအကူအညီတွေရရှိပြီလို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ကပြောတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်း စဉ်တုနဲ့ သတင်းမှား ဖြန့်ချိနေခြင်းဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုကရယူထားတဲ့ စခရင်ရှော့နဲ့ စာသားကို အောက်မှာကြည့်ပါ။  “အမေရိကန်က‌ပေးတဲ့ စစ်‌ရေး အကူအညီ ‌ရောက်ပြမို့ ပြင်ဦးလွင်၊ မန္တလေးနှင့်နေပြည်တော်ကို သိမ်းတော့မယ်ဟု NUG သမ္မတ ကြေငြာမှုကြီး” မူရင်းလင်ခ့် – Youtube link | Archive link ဇန်နဝါရီ ၁၃ ရက်က ဒီချန်နယ်မှာပဲ နောက်ထပ် အလားတူဖြန့်ဝေထားတဲ့ ဗွီဒီယိုတခုမှာတော့ “US ပေးတဲ့ တိုက်လေယဉ်တွေ ရှေ့တန်းကို ပို့တော့မည်ဟု Dr.sasa ကမ္ဘာသိကြေငြာ”စသည်ဖြင့်လည်းဖော်ပြထားတယ်။ ဒီနေရာမှာကြည့်ပါ။ အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး ခေါင်းစဉ်လွဲ […]

Continue Reading

Fact Check: NUG ကိုတရုတ်က လေယာဉ် ၃၃ စီးထောက်ပံ့မှုနဲ့ လေယာဉ်တွေ လက်ခံရရှိနေမှုသတင်းတု

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ကို တရုတ်က လေယာဉ် ၃၃ ကူညီမှု၊ မြန်မာစစ်တပ်ဘက်က လေယာဉ် တွေနဲ့ CDM  ပြုလုပ်လာမှုဆိုတဲ့ ဗွီဒီယိုတွေ ယူကျူ့ချန်နယ်တခုက ဖြန့်ချိထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိ ပါတယ်။ သတင်းမှားတွေသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “NUG ကို လေယဉ် (၃၃)စီး ကူညီမယ်ဟု တရုတ်အစိုးရ ကြေငြာ”စသည်ဖြင့် ဗွီဒီယိုအစပြသတဲ့ ရုပ်ကတ်မှာ ရေးသားထားသလို ဗွီဒီယိုခေါင်းစီးစာသားမှာလည်း “6 December 2023,တရုတ်အစိုးရက NUG ကို မြန်မာအစိုးရတဲ့။ မင်းအောင်လှိုင်သွေးတိုးနိုင်။ လေယဥ်၃၃စီးရပီ”စသည်ဖြင့်ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Yotube link | Archive link တူညီတဲ့ရေးသားမျှဝေမှုကို ဒီယူကျူ့ချန်နယ်ရဲ့  ဒီနေရာနဲ့ဒီနေရာမှာလည်းပါတယ်။ NUG ဆီကို လေတပ်က လေယာဉ်နဲ့တကွ ဘက်ပြောင်းခိုလှုံလာတာကြောင့် လေယာဉ် ၁၁ […]

Continue Reading

Fact Check: စစ်ကောင်စီတိုက်လေယာဉ် KIA ပစ်ချတဲ့ သတင်းတု

စစ်ကောင်စီရဲ့ လေယာဉ်ကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)က ပစ်ချလိုက်တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတွေယူကျူ့မှာ ဆက်တိုက်ဖြန့်ဝေနေရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။  အောက်ပါစခရင်ရှော့ကတော့ ဒီလိုဆိုထားတဲ့ ယူကျူ့ဗွီဒီယိုတခုဖြစ်တယ်။  “KIA ကတော့ လက်စွမ်းပြလိုက်ပြီ MIG-26 ပစ်ချ”စသည်ဖြင့် ရေးသားပြီး ယူကျူ့မှာဖြန့်ဝေထားတာဖြစ်တယ်။ မူရင်းလင်ခ့် – Youtube link | Archive link အခြားသောပြောဆိုချက်ကတော့ “ဒေါဖုန်းယမ်ကို ဗုံးကြဲတဲ့လေယာဉ် KIA တပ်တော် ပစ်ချလိုက်ပြီ”ဆိုပြီးတော့ စက်တင်ဘာ ၁၈ ရက်က ဖြန့်ဝေမှုဖြစ်တယ်။ ဒီနေရာမှာကြည့်ပါ။  အချက်အလက်စိစစ်ချက် တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာတွေဟာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နဲ့ စစ်ကောင်စီတပ် ရှမ်းမြောက်ပိုင်းမှာ တိုက်ပွဲဖြစ်တဲ့သတင်းနဲ့ မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်ရှိ လိုင်လွမ့်အောင်ဂျာတဝိုက်မှာ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KIA)နဲ့ စစ်ကောင်စီတပ်တွေ အကြားတိုက်ပွဲအကြောင်းတွေသာပါဝင်တယ်။  ဒီသတင်းတွေဟာလည်း သတင်းမီဒီယာအချို့မှာ‌ဖော်ပြခဲ့တဲ့ သတင်းတွေဖြစ်ပြီး ခေါင်းစဉ်လွဲ သို့မဟုတ် […]

Continue Reading

Fact Check: စစ်ကောင်စီ ရဟတ်ယာဉ်၊လေယာဉ်ပစ်ချမှုဆိုတဲ့ သတင်းတုတွေဖြစ်တယ်

စစ်ကောင်စီရဲ့ ရဟတ်ယာဉ်၊ လေယာဉ်တွေ ပစ်ချခံရတယ်လို့ဆိုထားတဲ့ ပို့စ်တွေ ယူကျူ့မှာ ဆက်တိုက်ဖြန့် ဝေနေရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ စစ်ကောင်စီဟာ လေကြောင်းက တိုက်ခိုက်နိုင်မှုအားသာချက်ကို အသုံးပြုပြီး နိုင်ငံအနှံ့က တော်လှန်တိုက်ခိုက်မှုတွေကို ထိန်းချုပ်နေရတာဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်‌ဘေးရှောင်တွေ ထိခိုက်သေကြေရမှုဟာ တော်လှန်ရေးအင်အားစုတွေ အတွက်လည်း ခေါင်းခဲစရာကိစ္စရပ် တခုပါ။ အောက်ပါစခရင်ရှော့ကတော့ ဒီလိုဆိုထားတဲ့ ယူကျူ့ဗွီဒီယိုတခုဖြစ်တယ်။  “(၇)ရက်နေ့ မနက်ခင်းအထူးသတင်း KIA ဝေဟင်ပစ်လက်နက်နဲ့ Mi-35 ရဟတ်ယာဉ် ပစ်ချခံရ လေဘဲဗိုလ်အပါ စစ်ခွေး(၃၀)ဦးသေဆုံး”စသည်ဖြင့်ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အလားတူ TNLA ကရဟတ်ယာဉ်ပစ်ချလိုက်တယ်၊ ရန်ကုန်မှာ ရဟတ်ယာဉ်ပျက်ကျတယ်ဆိုတဲ့ ရေးသားမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရတယ်။ အချက်အလက်စိစစ်ချက် သတင်းမီဒီယာအချို့မှာ‌ဖော်ပြခဲ့တဲ့ သတင်းတွေကို ခေါင်းစဉ်လွဲ […]

Continue Reading

Fact Check: လေယာဉ်အစီး ၈၀ PDF ကိုယ်စား ဒေါက်တာဆာဆာလက်ခံတဲ့ သတင်းတု

လေယာဉ်အစီး ၈၀ PDF ကိုယ်စား ဒေါက်တာဆာဆာလက်ခံလိုက်တယ်ဆိုတဲ့ ပို့စ်တခု ဖေ့စ်ဘွတ်အသုံးပြုသူ တွေအကြား ဖြန့်ဝေလျှက်ရှိပါတယ်။ သတင်းတုတခုသာဖြစ်တယ်။ စစ်ကောင်စီလက်အောက်ခံလေတပ်ရဲ့ အခမ်းအနားတခုက ဓာတ်ပုံကို ပြုပြင်ထားခြင်းဖြစ်တယ်။ အောက်ပါကတော့ ဒီလိုဖြန့်ဝေထားတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “လေယဉ်အစီး ၈၀ PDFအစားဆာဆာလက်ခံ”  တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မြန်မာဘာသာနဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခုလည်း ဓာတ်ပုံစာသားနေရာမှာ “လေယဉ်အစီး ၈၀ PDFအစားဆာဆာလက်ခံ” လို့ဆိုပြီးရေးသားထားပေမဲ့ မျှဝေထားတဲ့ လင့်ခ်ကို ဝင်ရောက်ဖတ်ရှူ့မယ်ဆိုရင် မသက်ဆိုင်တဲ့ အကြောင်းအရာတခုကို ရောက်ရှိသွား ပါတယ်။ သတင်းဓာတ်ပုံမှာဖော်ပြထားတဲ့ ဒေါက်တာဆာဆာ လေယာဉ်အစီး ၈၀ လက်ခံတဲ့အကြောင်းမဟုတ် သလို […]

Continue Reading

Fact Check: စစ်ကောင်စီတိုက်လေယာဉ် NUG ပစ်ချဆိုတဲ့သတင်းမှား

NUG ကလေယာဉ်ပစ်လို့ရတဲ့ လက်နက်အချို့ပိုင်ဆိုင်နေပြီလို့ကြေညာခဲ့ပြီးနောက်မှာ စစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေ ပစ်ချခံရတယ်ဆိုတဲ့ သတင်းတုသတင်းမှားပို့စ်တွေ ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ခဲ့ပါတယ်။ “မအလစောက်ကြွေးတောထူပြီ ရွာသားတွေကိုအားရလိုက်တာဗျ ၊စျေးအကြီးဆုံးအသန်မာဆုံးတိုက်လေယာဥ်တဲ့ဟေ့”လို့ ရေးသားပြီး “HT News” အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာကဗွီဒီယိုတစ်ခုကိုအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   ထို့အပြင် “၈စီးပစ်ချလိုက်ပြီ။NUGကြေငြာတာ၂ရက်မပြည့်သေး။ရေစကြိုမြို့အပိုင်သိမ်း။လေယဥ်၈စီးပလုံ ရုပ်/သံ”စသည်ဖြင့်ရေးသားပြီး ဗွီဒီယိုတစ်ခုကို ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုကအောက်ပါအတိုင်းဖြန့်ဝေထားပါ တယ်။ ဒီနေရာမှာကြည့်ပါ။ အချက်အလက်စိစစ်ချက် အဓိကကျတဲ့စကားလုံးအချို့အသုံးပြုရှာဖွေရာမှာ သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ သတင်းဌာနတွေမှာ ဒီလိုမျိုး NUG လက်အောက်ခံ PDF တပ်တွေက ရဟတ် သို့မဟုတ် လေယာဉ်ကို ပစ်ချလိုက်တယ်ဆိုတဲ့ အထောက်အထားမျိုးမတွေ့ရပါဘူး။  ဗွီဒီယိုပါအကြောင်းအရာဟာလည်း လေယာဉ် သို့မဟုတ် ရဟတ်ယာဉ်ပစ်ချမှုနဲ့သက်ဆိုင်တဲ့အကြောင်း အရာမဟုတ်ပါဘူး။   ပထမဗွီဒီယို ဖေ့စ်ဘွတ်မှာ ဖြန့်ဝေခဲ့တဲ့ အတွေးအမြင်live […]

Continue Reading

Fact Check: သိန္နီ PDF က လေယာဉ်ပစ်ချလိုက်တဲ့ဓာတ်ပုံတွေအဖြစ် သတင်းမှား ဆက်လက်ပျံ့နှံ့

သိန္နီ PDF ကလေယာဉ်ကိုပစ်ချလိုက်တဲ့ မြင်ကွင်းအဖြစ် ဓာတ်ပုံ၄ ပုံဟာဖေ့စ်ဘွတ်အသုံးပြုသူများအကြား ပျံ့နှံ့ခဲ့ပါတယ်။ သို့သော်ဓာတ်ပုံတွေက စစ်တပ်ကလေယာဉ်နဲ့ဗုံးကြဲမှုကို ရိုက်ကူးထားတဲ့ ဓာတ်ပုံဖြစ်ပြီး အခြားသော ရဟတ်ယာဉ်ပျက်ကျပုံဟာ ဆီရီယားနိုင်ငံက ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။  “Breaking News : စစ်ကောင်စီ​၏တိုက်လေယာဉ်ကို သိန္နီ PDF က အမြောက်ဖြင့်ပစ်ချ  နိုဝင်ဘာ ၉၊ PDF Newsflash  စစ်ကောင်စီ၏ တိုက်လေယာဉ်ကို သိန္နီ PDF ​၏ အမြောက်ပစ်သမားက (၄) ချက်မြောက်မှာ ပစ်ချလိုက်နိုင်ကြောင်း ယနေ့ ည ၆ နာရီမှာ TN-PDF က ထုတ်ပြန်သည်  နယ်မြေအပြင်ဘက်ရောက်ရှိသွားသောကြောင့် အဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာလာပြီလို့ သိရပါတယ် အသေးစိတ်ကို ဆက်လက်စုံစမ်းလျက်ရှိပါသည်  Update : လွှိုင်ဆမ်စစ်တောင်ထိပ်မှ အနောက်ဘက်သို့ ဤမြင်ကွင်းအား လက်ရှိမြင်တွေ့နိုင်သည်  […]

Continue Reading