Fact Check: သရုပ်ဆောင်တွေရဲ့ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး ပြောကြားချက် တွေလား- မဟုတ်ပါ
စစ်ကောင်စီက ပြဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေနဲ့ပတ်သတ်ပြီး ရုပ်ရှင်သရုပ်ဆောင်တွေရဲ့ ထောက်ခံပြောကြား ချက်၊ ကန့်ကွက်ချက်တွေအဖြစ် ဗွီဒီယိုတွေယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု ဖြန့်ချိ နေခြင်းသာဖြစ်တယ်။ မြန်မာနိုင်ငံမှာ ၁၈ နှစ်ကနေ ၃၅ နှစ်ကြားအမျိုးသားတိုင်း၊ အသက် ၁၈ နှစ်ကနေ ၂၇ ကြား အမျိုးသမီးတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ်လို့ဆိုထားတဲ့ စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အာဏာသိမ်း စစ်ခေါင်းဆောင်က ထုတ်ပြန်ကြေညာခဲ့အပြီးမှာ သတင်းတုသတင်းမှားတွေ ဆက်တိုက်ဖြန့်ဝေလာ နေတာတွေ့ရပါတယ်။ အောက်ပါစာသားတွေနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်း ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁၁ ရက်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း ၄ သိန်းကျော်ရှိတယ်။ ဗွီဒီယိုခေါင်းစဉ်မှာ “မြင့်မြတ်လည်း ဒဲ့ပြောပြီလေ”လို့ ရေးသားလျှက် ဗွီဒီယိုထဲက ရုပ်ကတ်ထဲမှာတော့“မဖြစ်မနေ စစ်မှု့ထမ်းရမယ့် […]
Continue Reading