Fact Check: သီတဂူဘုန်းကြီး အိပ်နေတုန်း ဗုံးနဲ့ထုခံရဆိုတဲ့ သတင်းခေါင်းစဉ်တု
သီတဂူဘုန်းကြီး အိပ်နေတုန်း ဗုံးနဲ့ထုခံရတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားတာဟာ သတင်းတုသတင်းမှား တခုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါ စာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “သီတဂူဘုန်းကြီးအိပ်နေတုန်း ဗုံးနဲ့ထုခံရ သေမှာဆိုးလို့ မအလ ပဲခူးဘုရား ပြေး” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သီတဂူဆရာတော် အိပ်နေတုန်း ဗုံးနဲ့လုပ်ကြံခံရတယ်ဆိုတဲ့ သတင်း သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဖော်ပြချက်မရှိပါဘူး။ အခုဗွီဒီယိုကို ဖြန့်ဝေထားတဲ့ Naypudaw Khit Thit Radio အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ သတင်းဌာနတွေက ဖော်ပြခဲ့တဲ့ သတင်းကို ပြန်လည်ကူးယူဖော်ပြပြီး သတင်း ခေါင်းစဉ်လွဲ သို့မဟုတ် သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ချိလေ့ရှိတဲ့ သတင်းဌာနတခုဖြစ်တာတွေ့ရပါတယ်။ အခုလည်း ဗွီဒီယိုပါသတင်းတွေဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ […]
Continue Reading
