Fact Check: ဧပြီ ဒုတိယပတ်က ဒူဘိုင်းမှာ မုန်တိုင်းထန်ပြီး ရေကြီးနေပုံလား-မဟုတ်ပါ
ဒူဘိုင်းမှာ မုန်တိုင်းထန်ပြီး မိုးကြီးနေပုံလို့ဆိုပြီး ဗွီဒီယိုတခု ဖေ့စ်ဘွတ်နဲ့ ပျံ့နှံ့ခဲ့တာဟာ သတင်းမှားတခုသာ ဖြစ်တယ်။ ဧပြီ ၁၆ ရက်က ဒူဘိုင်းမှာ မုန်တိုင်းထန်ပြီး မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ အခုလို ဗွီဒီယိုတွေ ပျံ့နှံ့လာတာဖြစ်တယ်။ ဒါပေမဲ့ ၁မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲ အစိတ်အပိုင်းအတော်များများဟာ ဧပြီ ၁၆ ရက်က ဒူဘိုင်းမှာဖြစ်ပွားခဲ့တဲ့ မိုးလေဝသဖြစ်စဉ်တွေနဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုကို ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ “မနေ့က… အရမ်းကြမ်းတဲ့…ဒူဘိုင်း က..လေနဲ့မိုး…😱 ဒီနေ့.. လေမိုးအလွန် ပျက်စီးဆုံးရှုံးမှုများ..😌😌😌” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ၁ မိနစ်ကျော်ရှည်လျားတဲ့ ဗွီဒီယိုတွေကို Google မှာ […]
Continue Reading