Fact Check: ပြည်ထောင်စုနေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် ပြန်လွတ်လာတဲ့ သတင်းတု
ပြည်ထောင်စုနေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာပြီလို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြန့်ချိမှုဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ “တစ်နိုင်ငံလုံး ပွတ်လောရိုက်ကုန်တဲ့ ကြေငြာချက် ပြည်ထောင်စုနေ့မှာ အကြီးကြီး ထူးပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ဖို့လုပ်ပြီ” Original link | Archive link အလားတူတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ “အမေစုကို လွှတ်ပေးလိုက်ပြီ ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဖြင့် စစ်ကော်မရှင် လွတ်ငြိမ်း ကြေညာ အတိုင်ပင်ခံသတင်းပါလာပြီ” အချက်အလက်စိစစ်ချက် ဒါပေမဲ့ ပြည်ထောင်စုနေ့မှာဖြစ်စေ နောက်တနေ့မှာဖြစ်စေ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို ပြန်လွတ်ပေးတယ်ဆိုတဲ့ သတင်းကို ယုံကြည်ရတဲ့ […]
Continue Reading
