Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတဲ့ အကျဉ်းထောင်မီးလောင်ပြီး အကျဉ်းသား ၉၀ သေဆုံးတဲ့ သတင်းတု
ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတဲ့ အကျဉ်းထောင်မီးလောင်ပြီး အကျဉ်းသား ၉၀ သေဆုံးတယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေနေတာတွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုက ရယူထား ခြင်းဖြစ်တယ်။ မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတဲ့ အကျဉ်းထောင်မီးလောင်တာဖြစ်စေ ဒီလို အကျဉ်းထောင် မီးလောင်လို့ အကျဉ်းသား ၉၀ သေဆုံးတယ်ဆိုတာဖြစ်စေ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေနဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေမှာဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် အခုလိုပဲ သတင်းခေါင်း စဉ် တုတပ်ဗွီဒီယိုတွေ ဒါမှမဟုတ် လုံးဝလုပ်ကြံရေးသားဖြန့်ဝေမှုတွေကို ပြုလုပ်တဲ့နေရာတခုဖြစ်တာတွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး […]
Continue Reading