Fact Check: ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ICC ပို့ဖို့ အင်ဒိုနီးရှားအာမခံဆိုတဲ့ သတင်းမှား
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)ပို့ဖို့အတွက် အင်ဒိုနီးရှားက အာမခံတယ်ဆိုတဲ့ သတင်းမှားပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ဖြန့်ဝေနေတာတွေ့ရပါတယ်။ ဖြန့်ဝေနေတဲ့ ဗွီဒီယိုပုံစံပို့စ်တွေမှာ “မအလ ICC ပို့ဖို့ အင်ဒိုနီးရှား အာမခံပြီ”လို့ ရေးသားထားသလို “ မအလ ICC ပို့ဖို့ အင်ဒိုနီးရှားအာမခံပြီ မင်းအောင်လှိုင် ပြေးဖို့ပြင်ထား” စသည်ဖြင့် ရေးသားထားပါတယ်။ “Krovan Kamsan” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဗွီဒီယိုတစ်ခုကို ဇန်နဝါရီ ၁၈ က အောက်ပါအတိုင်း မျှဝေထား တာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB Link ၊ Archive Link တူညီတဲ့ရေးသားမျှဝေမှုကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာဟာ လွတ်လပ်တဲ့မြန်မာအသံသတင်းဌာနကဖော်ပြခဲ့တဲ့ မြန်မာအရေးနဲ့ပတ်သက်ရင် “အင်ဒိုနီးရှားလက်ထက်မှာ မြန်မာ့အရေး နိုင်ငံတကာဖိအားပိုရအောင် ကြိုးစားသင့်”ဆိုတဲ့ သတင်းဆောင်းပါကို […]
Continue Reading