Fact Check: စစ်ကောင်စီကို အာဆီယံကထုတ်ပယ်တဲ့ သတင်းတု

မြန်မာစစ်အုပ်စုကို အာဆီယံက ထုတ်ပယ်လိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းနေတယ်။ သတင်းတု ဖြန့်ချိမှုတခုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။   “စစ်ကောင်စီ အာဆီယံက ဖယ်ထုတ်ခံရ စစ်ကောင်စီဟာ တရားဝင်အစိုးရမဟုတ်ဘူးလို့ ထိုင်း ဝန်ကြီးအပြတ်ပြော၊ စစ်အုပ်စု ငါးပါးမှောက်ပြီ” Original link | Archive link အချက်အလက်စိစစ်ချက်  ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာန အမည်နာမနဲ့ အမှတ်တံဆိပ်ကို တုပထားပြီး မီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်း တွေကို ပြန်လည် ကူးယူ‌ဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိတဲ့နေရာဖြစ်တာ တွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo […]

Continue Reading

Fact Check: ငြိမ်းချမ်းရေးထိန်းသိမ်းဖို့ ကုလသမဂ္ဂနဲ့ အာဆီယံက တပ်ဖွဲ့ အင်အား ၄၀၀၀ မြန်မာနိုင်ငံ ဝင်လာပြီဆိုတဲ့ သတင်းတု 

မြန်မာနိုင်ငံငြိမ်းချမ်းရေးထိန်းသိမ်းဖို့ ကုလသမဂ္ဂနဲ့ အာဆီယံက နိုင်ငံတကာ တပ်ဖွဲ့ အင်အား ၄၀၀၀ ဝင်လာတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပို့စ်ပါစာသား ကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၈၀၀၀၀ ကျော်ရရှိထားတယ်။  “နိုင်ငံတကာ တပ်ဖွဲ့ အင်အား ၄ထောင်ခန့်ဝင်လာ ငြိမ်းချမ်းရေးတပ်ဆိုပြီး ကုလနဲ့ အာဆီယံ က လွှတ်လိုက်ပြီ နေပြည်တော်က ဘောမနဲ့ တပ်မိသားစု ရန်ကုန်ကိုပို့ဆောင်နေရ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay khitthit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ မီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်း တွေကို ပြန်လည် […]

Continue Reading

Fact Check: NUG သမ္မတနဲ့ ဝန်ကြီးတွေအာဆီယံအစည်းအဝေးတက်မယ့် သတင်း ခေါင်းစဉ်တု

NUG သမ္မတနဲ့ ဝန်ကြီးတွေအာဆီယံအစည်းအဝေးတက်မယ့်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဧပြီ ၁ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၂ ဒဿမ ၁ သိန်းကျော်ရှိ ထားတယ်။ “ဧပြီလ (၁)ရက်နေ့ NUG ကိုအစိုးရဖြစ်ပြီတဲ့ဗျို့  NUG သမ္မတနဲ့ဝန်ကြီးတွေအခမ်းနားတက်ဖို့ရောက်နေပြီ  စစ်အုပ်စုပြုတ်ပြီ၊ တကမ္ဘာလုံးမှ NUG ကိုထောက်ခံ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “MS Story”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ ခေါင်းစဉ်တု သို့မဟုတ် နားလည်မှုလွဲစေ နိုင်တဲ့သတင်း ခေါင်းစဉ်လွဲတပ်ပြီး […]

Continue Reading

Fact Check: အာဆီယံက စစ်ကောင်စီကို လေယာဉ်အသုံးပြုခွင့်ပိတ်ပင်ဆိုတဲ့ သတင်းမှား

အာဆီယံက စစ်ကောင်စီကို လေယာဉ်အသုံးပြုခွင့်ပိတ်ပင်လို့ဆိုထားတဲ့ ဗွီဒီယိုပို့စ်တွေ ယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတူ ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် ဒီလိုဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်တွေကို ကြည့်မယ်ဆိုရင် သတင်း‌မီဒီယာတွေမှာဖော်ပြထားတဲ့ သတင်းတွေကို ခေါင်းစဉ်တုတပ်ပြီး ဖြန့်ချိနေတဲ့ ချန်နယ်တွေဖြစ်တာတွေ့ရပါတယ်။ အခြားသော သတင်းလုပ်ငန်း အဓိက လုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် မရှိပါဘူး။  တကယ်တော့ ဗွီဒီယိုတွေအကြောင်းအရာဟာ စက်တင်ဘာ ၁၂ ရက်ကနေ ၁၅ ရက်အထိ နေပြည်တော်မှာ ကျင်းပမယ့် အာဆီယံ လေတပ်ဦးစီးချုပ်များ ညီလာခံကို အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင် တို့လိုပဲ တခြား အာဆီယံနိုင်ငံတွေ မတက်ရောက်ဘဲ […]

Continue Reading

Fact Check: အာဆီယံအစည်းအဝေး NUG ကိုယ်စားလှယ်တက်ရောက်တဲ့ သတင်းမှား

NUG ကိုယ်စားလှယ် အာဆီယံအစည်းအဝေးတက်ရောက်ခဲ့တယ်ဆိုပြီး ဗွီဒီယိုတစ်ခု ပျံ့နှံ့မှုအားကောင်းနေပါ တယ်။ သတင်းမှားသာဖြစ်ပါတယ်။ ကျင်းပပြီးစီးခဲ့တဲ့ အာဆီယံအစည်းအဝေးမှာ မြန်မာထိုင်ခုံနေရာ လစ်လပ်နေခဲ့ပါတယ်။  “အာဆီယံဆွေးနွေးပွဲ NUG ကိုယ်စားလှယ်တက်ရောက်#အဖွဲ့ဝင် ၁၀နိုင်ငံ ဝမ်းပန်းသာ ကြိုဆို”လို့ ဗွီဒီယိုခေါင်းစီး စာသားမှာရေးသားထားသလို ဗွီဒီယိုထဲမှာလည်း အလားတူ ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အလားတူ တူညီတဲ့ရေးသားမျှဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် တနှစ် ၂ ကြိမ် အာဆီယံနိုင်ငံ တွေအကြား အလှည့်ကျစနစ်နဲ့ ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံမှာ မေ ၉ ရက်က ၁၁ ရက်အထိ ကျင်းပခဲ့ပြီး ဒီအစည်းအဝေးတွေမှာ မြန်မာနိုင်ငံကိုယ်စား ပြုနေရာနဲ့ ပတ်သက်ပြီး ချန်လှပ်ခဲ့တာ တွေ့ပါတယ်။  […]

Continue Reading

Fact Check: NUG ကို အာဆီယံက အစိုးရအဖြစ်သတ်မှတ်တဲ့ သတင်းမှား 

NUG ကို အာဆီယံက အစိုးရအဖြစ် သတ်မှတ်လိုက်တယ်ဆိုတဲ့ ဗွီဒီယိုတစ်ခု ပျံ့နှံ့မှုအားကောင်းနေပါတယ်။ သတင်းမှားသာဖြစ်ပါတယ်။ အာဆီယံအစည်းအဝေးမှာ မြန်မာထိုင်ခုံနေရာ လစ်လပ်နေခဲ့သလို NUG ကို အစိုးရအဖြစ်အသိအမှတ်ပြုလိုက်တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ “အာဆီယံဆွေးနွေးပွဲ NUG ကိုယ်စားလှယ်တက်ရောက်#အဖွဲ့ဝင် ၁၀နိုင်ငံ ဝမ်းပန်းသာ ကြိုဆို”လို့ ဗွီဒီယိုခေါင်းစီး စာသားမှာရေးသားထားသလို ဗွီဒီယိုထဲမှာလည်း အလားတူ ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အလားတူ တူညီတဲ့ရေးသားမျှဝေမှုကို ယူကျူ့ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ယခုနှစ် အာဆီယံအစည်းအဝေးနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်တွေကို ဒီမှာတွေ့နိုင်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ မေ ၉ ရက်က ၁၁ ရက်အထိ ကျင်းပခဲ့ပြီး အာဆီယံ အစည်းအဝေးတွေမှာ ၂၀၂၁ ခုနှစ် […]

Continue Reading

Fact Check: ၃ ရက်အတွင်း အာဏာလွှဲပေးဖို့ အာဆီယံအစည်းအဝေးကဆုံးဖြတ်တဲ့ သတင်းမှား

မြန်မာစစ်တပ်အနေနဲ့ ၃ ရက်အတွင်း အာဏာလွှဲပေးဖို့ အာဆီယံအစည်းအဝေးကဆုံးဖြတ်လိုက်တယ်ဆိုပြီး ဗွီဒီယိုတစ်ခု ပျံ့နှံ့မှုအားကောင်းနေပါတယ်။ သတင်းမှားသာဖြစ်ပါတယ်။ မြန်မာအရေးနဲ့ ပတ်သတ်ပြီး လက်ရှိ ကျင်းပနေတဲ့ အာဆီယံအစည်းအဝေးမှာ ဆုံးဖြတ်ချက်တစ်စုံတရာချမှတ်ခြင်းမရှိပါဘူး။  “မနေ့ကလုပ်တဲ့အာဆီယံအစည်းအဝေးဆုံးဖြတ်ချထွက်လာပြီ”လို့ ဗွီဒီယိုခေါင်းစီးစာသားမှာရေးသားထားပြီး “၃ ရက်အတွင်းအာဏာလွှဲဖို့ မအလကို အာဆီယံအမိန့်ချပြီ”လို့လည်း ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်မှာ ရေးသား ထားပါတယ်။ အောက်ပါစရင်ရှော့ခ်ကတော့ ဒီလိုဆိုလိုထားတဲ့ ယူကျူ့ဗွီဒီယိုတစ်ခုဖြစ်တယ်။  မူရင်းလင်ခ့် – Youtube link | Archive link အလားတူ တူညီတဲ့ရေးသားမျှဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် အာဆီယံနဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်တွေကို asean.org မှာတွေ့နိုင်ပါတယ်။ တနှစ် ၂ ကြိမ် အာဆီယံနိုင်ငံ တွေအကြား အလှည့်ကျစနစ်နဲ့ ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံမှာ မေ ၉ ရက်က […]

Continue Reading

Fact Check: NUG ကိုတရားဝင်အစိုးရဟု အာဆီယံ အလှည့်ကျ ဥက္ကဌ ထုတ်ပြောဆိုတဲ့သတင်းမှား

NUG ကိုတရားဝင်အစိုးရဟု အာဆီယံ အလှည့်ကျဥက္ကဌ ထုတ်ပြောလိုက်ပြီး စစ်ကောင်စီကို အကန့်သတ်မဲ့ ထုတ်ပယ်လိုက်ပြီလို့ဆိုတဲ့ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ နားလည်မှုလွဲ စေနိုင်တဲ့ သတင်းမှားဖြန့်ချိန်မှုဖြစ်ပါတယ်။ အောက်ပါစာသားကတော့ ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုက ဖြန့်ဝေနေတဲ့ စာသားဖြစ်ပါတယ်။ (မူရင်းအရေးအသား) “NUG ကိုတရားဝင်အစိုးရဟု အာဆီယံ အလှည့်ကျ ဥက္ကဌ ထုတ်ပြော အကန့်သတ်မဲ့ စစ်ကောင်စီကို ထုတ်ပယ်လိုက်ပြီ”စသည်ဖြင့်ရေးသားထားပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် “NUG ကိုတရားဝင်အစိုးရဟု အာဆီယံ အလှည့်ကျ ဥက္ကဌ ထုတ်ပြော အကန့်သတ်မဲ့ စစ်ကောင်စီကို ထုတ်ပယ်လိုက်ပြီ”စသည်ဖြင့် ရေးသားပြီး ဖေ့စ်ဘွတ်အသုံးပြုသူတွေကိုလှည့်စားပေမဲ့ ဗွီဒီယိုတစ်ခုလုံးမှာ ဒီအကြောင်းအရာပါဝင်ခြင်းမရှိပါဘူး။ ၁၂ မိနစ်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ တကယ်တော့ မြန်မာနောင်းသတင်းဌာနက ဇန်နဝါရိ […]

Continue Reading

Fact Check: အာဆီယံ အစည်းအဝေးတက်ခွင့်မရလို့ စစ်တပ်ထောက်ခံသူများ ဆန္ဒပြပုံ လား-မဟုတ်ပါ

အာဆီယံကို စစ်တပ်ထောက်ခံသူတွေ ဆန္ဒပြနေတယ်ဆိုပြီးတော့ လူအများအပြားစုဝေးနေပုံနဲ့ လမ်းလျှောက် နေပုံကို ရိုက်ကူးထားတဲ့ ဓာတ်ပုံ ၆ ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေ လျှက်ရှိပါတယ်။ စစ်တပ်ခေါင်း ဆောင်အပါအဝင် နိုင်ငံရေးရာထူးရှိသူ မည်သူကိုမဆို အာဆီယံအစည်း အဝေးတက်ရောက်ခွင့် မရဖြစ် ပြီးနောက်မှာ ဒီလိုမျှဝေလာတာဖြစ်ပါတယ်။ သို့သော်လည်း ဓာတ်ပုံတွေဟာ ဖေဖော်ဝါရီကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပြီး စစ်အာဏာ သိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုဓာတ်ပုံတွေဖြစ်ပါတယ်။ “ယနေ့ ရန်ကုန်တွင် တပ်မတော်ထောက်ခံသူများ စုပေါင်းပြီး အာဆီယံအဖွဲ့ကြီးအား ကန့်ကွက်ဆန့်ကျင်ခဲ့ကြ ပါတယ်”လို့ရေးသားပြီး “June June”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားတဲ့ ပျံ့နှံ့မှု အားကောင်းခဲ့တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် […]

Continue Reading