Fact Check: အာဆီယံအစည်းအဝေး NUG ကိုယ်စားလှယ်တက်ရောက်တဲ့ သတင်းမှား

False နိုင်ငံရေး

NUG ကိုယ်စားလှယ် အာဆီယံအစည်းအဝေးတက်ရောက်ခဲ့တယ်ဆိုပြီး ဗွီဒီယိုတစ်ခု ပျံ့နှံ့မှုအားကောင်းနေပါ တယ်။ သတင်းမှားသာဖြစ်ပါတယ်။ ကျင်းပပြီးစီးခဲ့တဲ့ အာဆီယံအစည်းအဝေးမှာ မြန်မာထိုင်ခုံနေရာ လစ်လပ်နေခဲ့ပါတယ်။ 

“အာဆီယံဆွေးနွေးပွဲ NUG ကိုယ်စားလှယ်တက်ရောက်#အဖွဲ့ဝင် ၁၀နိုင်ငံ ဝမ်းပန်းသာ ကြိုဆို”လို့ ဗွီဒီယိုခေါင်းစီး စာသားမှာရေးသားထားသလို ဗွီဒီယိုထဲမှာလည်း အလားတူ ရေးသားထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link

အလားတူ တူညီတဲ့ရေးသားမျှဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

တနှစ် ၂ ကြိမ် အာဆီယံနိုင်ငံ တွေအကြား အလှည့်ကျစနစ်နဲ့ ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံမှာ မေ ၉ ရက်က ၁၁ ရက်အထိ ကျင်းပခဲ့ပြီး ဒီအစည်းအဝေးတွေမှာ မြန်မာနိုင်ငံကိုယ်စား ပြုနေရာနဲ့ ပတ်သက်ပြီး ချန်လှပ်ခဲ့တာ တွေ့ပါတယ်။ 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းအပြီးကတည်းက အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ မြန်မာနိုင်ငံက နိုင်ငံရေးကိုယ်စားပြုသူတက်ရောက်ခွင့်မပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် လက်ရှိအာဆီယံဥက္ကဌ တာဝန်ယူထားတဲ့ အင်ဒိုနီးရှားက သက်ဆိုင်သူ အားလုံးနဲ့ ဆွေးနွေးနေပြီး ဒီလိုဆွေးနွေးတာဟာ အသိအမှတ်ပြုခြင်းမျိုး မဟုတ်ကြောင်း ပြောတယ်လို့လည်း ဘီဘီစီမြန်မာပိုင်းက ရေးသားပါတယ်။ 

မြန်မာစစ်တပ်ကို အရပ်သားအစိုးရဆီအာဏာပြန်လွှဲပေးဖို့ အာဆီယံအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်ဆိုပြီးတော့ လည်း သတင်းတု ဖြန့်ချိခဲ့တာမှာ Fact Crescendo Myanmar က အချက်အလက်စိစစ်ထားပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။

သုံးသပ်ချက်

NUG ကိုယ်စားလှယ် အာဆီယံအစည်းအဝေးတက်တယ်ဆိုတာ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းအပြီးကတည်းက အာဆီယံအစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ထိုင်ခုံမှာ လစ်လပ် နေခဲ့သလို မြန်မာနိုင်ငံကို ကိုယ်စားပြုမှုအတွက် NUG သို့မဟုတ် စစ်ကောင်စီကို အသိအမှတ်ပြုတာ မျိုးမရှိသေးပါဘူး။ပြောဆိုချက်- အာဆီယံအစည်းအဝေး NUG ကိုယ်စားလှယ်တက်ရောက်

Avatar

Title:Fact Check: အာဆီယံအစည်းအဝေး NUG ကိုယ်စားလှယ်တက်ရောက်တဲ့ သတင်းမှား

Fact Check By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *