မြွေပွေးကိုက်ခံရရင် ကျောက်ချဉ်ကြွေးရတယ်ဆိုတဲ့ အချက်အလက်မှား
မြွေပွေးကိုက်ခံရရင် ကျောက်ချဉ်ကြွေးရတယ်ဆိုတဲ့ပို့စ်တစ်ခု လူမှုကွန်ယက် သုံးစွဲသူတွေ အကြားမှာ ပျံ့နှံ့ လျက်ရှိပါတယ်။ ဖိတ်စာပုံစံကို ဓာတ်ပုံရိုက်ထားတဲ့ ဒီပို့စ်မှာ မြွေပွေးကိုက်ခံရလျှင် ကျောက်ချဉ်ကို ချိုချဉ်လုံး ၃ လုံးစာလောက် ရွေးဖို့၊ပြီးမှ ဆေးခန်းသွားဖို့ဆိုပြီးတော့ ပြောထားတွေ့ရပြီး ရေပြည့်ကျေးရွာမှာ ကျောက်ချဉ်စားကာကွယ်လို့ မြွေကိုက်ခံရပေမဲ့ တစ်ယောက်မှ အသက်မဆုံးရှုံးခဲ့ကြောင်း ရေးသားမျှဝေထားတာဖြစ်ပါတယ်။ ဒီပို့စ်မှာ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေလည်းပါထားတာတွေ့ရပါတယ်။ Fb link Archive link ၂၀၁၈ ခုနှစ် ြသဂုတ် ၂၁ ရက်က “Han Win Naing”အမည်နဲ့ အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားတဲ့ပို့စ်ကို ပြန်လည်မျှဝေခြင်းဖြစ်ပြီး ပြီးခဲ့တဲ့တစ်နှစ်ကျော်ကြာလအတွင်းမှာ လူမှုကွန်ယက်သုံးစွဲသူ ၁ သိန်း ၆ သောင်းကျော်က ဒီအချက်အလက်ကို ပြန်လည်မျှဝေခဲ့ကြပြီးဖြစ်ပါတယ်။ အချက်အလက်စိစစ်ချက် မြွေပွေးကိုက်ခံရရင် ကျောက်ချဉ်ကြွေးရတယ်ဆိုတဲ့အချက်အလက်နဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ဒုတိယတိုင်းကျန်းမာရေးဉီးစီးဌာနမှူး […]
Continue Reading