၂၀၁၅ ခုနှစ် လောက်ကိုင်တိုက်ပွဲက ပုံတွေကို AA အဖွဲ့ရဲ့ လက်ချက်နဲ့ တပ်မေတာ်သား တွေကျဆုံးပုံအဖြစ် သတင်းမှားဖြန့်
ပုဏ္ဏားကျွန်းမှာ မြန်မာ့တပ်မတော်သား ငါးဦးအား အသေပစ်ခတ်ဖမ်းဆီးရမိတယ်ဆိုတဲ့ စစ်သားတွေ မြေပြင်မှာ လဲကျနေပုံနဲ့ ပို့စ်တစ်ခုကို လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ “ရခိုင်ပြည်နယ်ပုဏ္ဏားကျွန်း ကွန်းတောင်ရွာအနီးတဝိုက် အများပြည်သူရပ်ရွာများအား ခိုးဆိုးလုနှိုက်နေသော တပ်မတော်စစ်ကြောင်းတခုသည် ၂၀၂၀ စက်တင်ဘာလ(၁)ရက်နေ့က ရခိုင်အမျိုးသား အဖွဲ့ချုပ်ထိမ်းချုပ်ရာ နယ်မြေအတွင်းသို့ မတရားကျူးကျော် ဝင်ရောက်လာသဖြင့် သက်ဆိုင်ရာ နယ်မြေတာ ဝန်ခံစစ်ဒေသကင်းအဖွဲ့မှ ရပ်တန့်စစ်ဆေးရန်အကြောင်းကြားရာ လက်မခံပဲ ထွက်ပြေးကြသဖြင့် ရခိုင့် တပ်တော်မှ မလွှဲသာမရှောင်သာ၍ ခြောက်လှန့်ပစ်ခတ်စဉ် မြန်မာတပ်မတော်သားငါးဦးကျဆုံးသွားခဲ့ပြီး ၎င်းတို့နှင့်အတူပါလာသော လက်နက်ခဲ ယမ်း ကျည်ဆံများပါထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း FDM သတင်းဌာန၏ ထုတ်ပြန်ကြေငြာချက် အရသိရပါ သည်”စသည်ဖြင့် ရေးသားထားပြီး “တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားတာပါတယ်။ Link Archive link အလားတူပို့စ်ကို “စော ဒေဝီ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက စက်တင်ဘာ […]
Continue Reading