Fact Check: ၂၀၀၂ ခုနှစ်က မြန်မာနယ်စပ်မှာ ဘင်္ဂလားဒေ့ရှ်ရဟတ်ယာဉ် ပျက်ကျ သတင်းကို လက်ရှိအဖြစ်အပျက်သဖွယ်ပြန်လည်မျှဝေနေ

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မြန်မာပိုင်နက်အတွင်းဝင်လာတဲ့ ဘင်္ဂလားဒေ့ရှ်လေတပ်ကရဟတ်ယာဉ်တစ်စီး ပျက်ကျပြီး ဘင်္ဂလားဒေ့ရှ်တပ်သား ၄ဦးသေဆုံးတယ်တဲ့ပို့စ်က ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်အသုံးပြုတွေကြား ပျံ့နှံ့နေတာတွေရပါတယ်။ ဒီလိုရေးသာနေတဲ့ပို့စ်မှာ ပျက်ဆီးနေတဲ့ရဟတ်ယာဉ်ကိုယ်ထည်အပိုင်းအစတွေအနီးမှာ စစ်သည်တချို့ လုံခြုံရေးယူနေပုံ ကြည်ရှု့စစ်ဆေးနေပုံနဲ့အတူ ပုံအညွှန်းကို “ဒီနေ့ ဘကုန်းတပ်က ရဟတ်ယာဉ်တစ်စီး မြန်မာပိုင်နယ်စပ်အနား ခိုးကြောင်ခိုးဝှက်ကပ်လာတာ မြန်မာဘက်ကသိတော့ အတင်းပြန်မောင်းပြေးတာ TV tower နဲ့ငြိမိပြီးပျက်ကျပါလေရော… (၄)ကောင် မိုးမျှော်သွား သတဲ့…..”လို့ ရေးသားထားတာကိုတွေ့ရပါတယ်။ ဒီပို့စ်ကို ဒီနေရာ ဒီနေရာနဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ မူရင်းပို့စ်ကိုတော့ အောက်ကပါလင့်ခ်မှာလေ့လာကြည့်ရှု့နိုင်ပါတယ်။ မူရင်းလင့်ခ် – FB Link  |   Archive Link အချက်အလက်စိစစ်ချက် ဒီလိုရေးမျှဝေနေကြတဲ့ပို့စ်နဲ့ပတ်သက်ပြီး ပြည်တွင်းမီဒီယာတွေ၊ ဘင်္ဂလားဒေ့ရှ်အခြေစိုက်မီဒီယာတွေအပြင် နိုင်ငံတကာမီဒီယာတွေမှာပါ ဒီသတင်းနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာသတင်းဖော်ပြတာမျိုး မတွေ့ရပါဘူး။ ဒါ့ကြောင့်ဒီပို့စ်မှာအသုံပြုထားတဲ့ပုံတွေကို Google ပုံရှာနည်းနဲ့ရှာဖွေရာမှာတော့ ဒီပုံတွေဟာ […]

Continue Reading

ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထည့်သွင်းဖို့ ကြံနေတယ်ဆိုတဲ့ လှည့်စားထားတဲ့ သတင်း

ဘင်္ဂလားဒေ့ရှ်ဟာ ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့နိုင်ငံအတွင်း ထည့်သွင်းဖို့ ကြံနေတယ်ဆိုတဲ့ပို့စ်တွေ လူမှုကွန် ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့နေပါတယ်။ “Bangladesh Military Affairs”စာမျက်နှာက ရေးသားဖော်ပြချက်တွေကို ကိုးကားပြီး ပြန်လည်မျှဝေနေကြရာမှာ “Win Htein Oo” ၊ “Nay Zin Latt” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူတွေက အောက်ပါအတိုင်း အသီးသီးဖော်ပြထား တာတွေ့ရပါတယ်။  Fb link Fb link Archive link Archive link အချက်အလက်စိစစ်ချက် “Win Htein Oo” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူ ဒီပို့စ်မှာပါတဲ့ပုံတွေထဲက AA တပ်ဖွဲ့ဝင်များအား ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် သင်တန်းပေးနေပုံဆိုတဲ့ ပုံကို Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။  ၂၀၁၄ ခုနှစ်က ဖေဖော်ဝါရီလထဲမှာ တောင်အာဖရိကဖောင်ဒေးရှင်းဟာ တရားမဝင်တောလိုက်တာတွေကို စောင့်ကြည့်မယ့်လုပ်ငန်းအတွက် ဒေါ်လာသန်းပေါင်းများစွာရရှိဆိုတဲ့ […]

Continue Reading

လက်ရှိမြန်မာ့ဈေးကွက်မှ လုပ်ငန်း ၁၀၀ ကျော်ဘင်္ဂလားဒေ့ရှ်သို့ ရွှေ့တယ်ဆိုတဲ့ သတင်းမှား

အနည်းဆုံး လုပ်ငန်း ၃ ခုလောက်က ကုမ္ပဏီဖျက်သိမ်းကြောင်း နိုင်ငံပိုင် သတင်းစာတွေမှာကြေညာပြီးတဲ့နောက် “လက်ရှိမြန်မာ့ဈေးကွက်မှ လုပ်ငန်း ၁၀၀ ကျော်ဘင်္ဂလားဒေ့ရှ်သို့ ရွှေ့ကြောင်း ကြားလိုက်ရသည်”ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တာအောက်ပါအတိုင်းတွေ့ရပါတယ်။ ပို့စ်ရဲ့အောက်ခြေမှာ ကိုရီယားနိုင်ငံက လုပ်ငန်း ၁၀၀ ဟာ မြန်မာနိုင်ငံကနေဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြောင်းရွှေ့လိုကြောင်းပြောကြား တယ်ဆိုတဲ့ ဘင်္ဂလားဒေ့ရှ်သတင်းဌာနတစ်ခုက သတင်းကိုလည်းဖော်ပြထားတွေ့ရပါတယ်။ Fb link Fb link Fb link Archive link Archive link Archive link အချက်အလက်စိစစ်ချက် ဒီလို ဖေ့စ်ဘွတ်မှာ သတင်းပျံ့နှံ့ပြီး သိပ်မကြာခင်မှာပဲ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဉီးအောင်နိုင်ဉီးက “ဘာ​ကြောင့်မှန်းမသိ လုံဝဥသုံမမှန်တဲ့ သတင်း​ဟောင်းတစ်ပုဒ် ဒီ​နေ့ပြန်​ပေါ်လာ​တော့ ကိုရီးယားစက်ရုံ ၁၀၀ မြန်မာပြည်က​နေ ဘင်္ဂလား​​ဒေ့ကို ​ရွှေ့မယ်ဆိုတာမှန်သလားလို့ […]

Continue Reading

ဘင်္ဂလာဒေ့ရှ်မှာ မြန်မာပြည်က ခိုးဝင်လာသူ ဘင်္ဂလီတွေနဲ့ဒေသခံ တွေ ဆော်ကုန်ကြပြီး ဆိုတဲ့ သတင်းမှား

COVID-19 ဟာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ နယ်မြေဒေသအသီးသီးကို ပျံ့နှံ့လျက်ရှိပါတယ်။ လူဉီးရေထူထပ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်လည်း စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဧပြီ ၁၉ ရက်နေ့အထိ ထုတ်ပြန်ချက်အရ ဘင်္ဂလားဒေ့ရှ်မှာ ရောဂါပိုးတွေ့ရှိသူ အတည်ပြုလူနာ ၂၁၄၄ ဉီးနဲ့ သေဆုံး ၈၄ ဉီးရှိပြီဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ “ဘင်္ဂလာဒေ့ရှ် မွာ မြန်မာပြည်က ခိုးဝင်လာသူ ဘင်္ဂလီတွေ နဲ့ဒေသခံ တွေ ဆော်ကုန်ကြပြီ၊ အဝင်မခံဘူး ၊   Covid 19 ဟာဘာသာတူခြင်းတောင် ကြောက်ရွံ့စေတယ်၊ ဆလမ်မာလေကွမ်း ”ဆိုပြီးတော့ Myo Min အမည်နဲ့ဖေ့စ်ဘွတ် သုံးစွဲသူက အောက်ပါအတိုင်းမျှဝေလာပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ပထမဆုံး ဗွီဒီယိုကို InVID ဗွီဒီယိုဆန်းစစ်ရေးဆော့ဖ်ဝဲလ်ကို အသုံးပြုပြီး […]

Continue Reading

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Bhasan Char ကျွန်းက အဆောက်အဉီးပုံတွေကို ရခိုင်မှာဆောက် ထားတဲ့ အိမ်တွေအဖြစ်ဖော်ပြနေကြတဲ့ သတင်းမှား

မြန်မာနိုင်ငံမှာ ပြည်ပက ပြန်လာတဲ့သူတွေ အများအပြားရှိခဲ့တာကြောင့် ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်မှု လုပ်ငန်းစဉ်မှာ စောင့်ကြည့်နေရာအဖြစ်လက်ခံနိုင်ဖို့ အစိုးရအနေနဲ့ ယာယီအားဖြင့် အခက်အခဲ တစ်ချို့ရှိခဲ့ပါတယ်။  ဒီလိုအခြေအနေမှာ “နိုင်ငံခြားကပြန်လာတဲ့ ကိုဗစ်၁၉ သံသယစောင့်ကြည့်လူတွေကို ဘုန်းကြီးကျောင်းမှာနေရာပေးမယ့်အစား လောလောဆယ်ရခိုင်မှာဆောက်ထားတဲ့ အိမ်မှာနေရာပေးလိုက်ရင် ပိုအဆင်ပြေမယ်။” ဆိုပြီးတော့ “Wnow White” အမည်နဲ့အကောင့်က အဆောက်အဉီးပုံအချို့ကို မျှဝေလာပါတယ်။  Fb link Archive link မျှဝေလာတဲ့ အဆောက်အဉီးရဲ့ အပေါ်မှာ ဘင်္ဂလီတွေအတွက် အထူးရှယ်ဆောက်လုပ်ပေးထားတဲ့ အိမ်တွေအဖြစ်လည်း ဖော်ပြကြပါတယ်။ အချက်အလက်စိစစ်ချက် Google မှာ ပုံကိုပြောင်းပြန်ရှာနည်းအသုံးပြုရှာကြည့်တဲ့အခါမှာအောက်ပါအတိုင်းတွေ့ရပါတယ်။  Google မှာ “Bhasan Char”ဆိုတဲ့ စကားလုံးကို ရိုက်ရှာရင်လည်း ဒီပုံတွေကို အောက်ပါအတိုင်းတွေ့ရှိရပါတယ်။ ဘင်္ဂလားဒေ့ရှ်သတင်းဌာနတွေ ဒီပုံကို ဖော်ပြထားတွေ ၂၀၁၇ ခုနှစ်ကတည်းကဖော်ပြထားတာတွေ့ရပါတယ်။ Dhakatribune သတင်းဌာနက […]

Continue Reading