Fact Check: ဗိုလ်မှူးကြီးအဆင့်ရှိ PDF တစ်ဦးဖမ်းမိပုံလား-မဟုတ်ပါ

ဗိုလ်မှူးကြီးအဆင့်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တစ်ယောက်ဖမ်းဆီးရမိပုံအဖြစ် ပခုံးထက်မှာ စစ်ဘက် ဆိုင်ရာ အပွင့်အခက်ပုံစံ တက်တူးထိုးထားတဲ့လူတစ်ယောက်ပုံကို ဖေ့စ်ဘွတ်မှာ မျှဝေလျှက်ရှိပါတယ်။ သို့သော် ဓာတ်ပုံဟာ ထိုင်းနိုင်ငံက ဗိုလ်ပု(Bophut)ရဲစခန်းက ၂၀၂၀ ခုနှစ်အတွင်းက မျှဝေထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။  “U Zaw Min Naing”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “PDF အကြမ်းဖက်အဖွဲ့မှ  မှူးကြီး အဆင့်နဲ့ တစ်ယောက်ဖမ်းဆီးရမိ”လို့ရေးသားထားပြီး အောက်ပါအတိုင်းမျှဝေထားပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဓာတ်ပုံဟာ ၂၀၂၀ ခုနှစ်ကတည်းက အများအပြား ပျံ့နှံ့လျက်ရှိ တာတွေ့ရပါတယ်။ အစောဆုံးဓာတ်ပုံကို ထိုင်းနိုင်ငံ ဗိုလ်ပု(Bophut)ရဲစခန်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ မြန်မာနိုင်ငံမှာ PDF ဖွဲ့စည်းခြင်း မတိုင်မီ […]

Continue Reading