Fact Check: ဒီဗွီဒီယိုက ၂၀၁၉ ခုနှစ်အတွင်းက ပေါင်မြို့နယ်မှာ BGF ၂ဦးဝိုင်းဖမ်းခံရမှု ဖြစ်စဉ်သာဖြစ်တယ်

လက်နက်နဲ့ PDF ၂ ဦးကို ပြည်သူတွေကို ဝိုင်းဖမ်းပေးတဲ့ ရုပ်သံဖိုင်ဆိုပြီးတော့ ဗွီဒီယိုဖိုင်တစ်ခု ဖေ့စ်ဘွတ်အသုံးပြု သူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ တကယ်တော့၂၀၁၉ ခုနှစ်က ပေါင်မြို့နယ်မှာ BGF နှစ်ယောက်ကို ဝိုင်းဖမ်း ဆီးမှုဖြစ်စဉ်ဖြစ်ပါတယ်။ နယ်ခြားစောင့်တပ်လို့ မြန်မာလို့ခေါ်တဲ့ BGF ဟာ တိုင်းရင်းသားအချို့ဦးစီးတဲ့ မြန်မာစစ်တပ်လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေဖြစ်ပါတယ်။  ၁၉ မိနစ်ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်မှာ သေနတ်တစ်လက်နဲ့ပြေးလားတဲ့ အမျိုးသားတစ်ဦး၊ လူတစ်ယောက်ကို ဝိုင်းဝန်းဖမ်းဆီးနေတဲ့မြင်ကွင်းတွေနဲ့ ဆိုင်ကယ်နဲ့လိုက်ဖမ်းနေတဲ့ မြင်ကွင်းတွေပါဝင်ပါတယ်။ “သေနတ်ပါသည့် PDF ၂ဦးကို ပြည်သူများက ဝိုင်းဖမ်းပေးသည့် ရုပ်သံဖိုင်”လို့ ရေးသားပြီး ဒီဗွီဒီယိုကို “San Thit Myanmar” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားရာမှာ ၄ နာရီအတွင်း ပြန်လည်မျှဝေမှုပေါင်း ၁၁၀၀ ရှိပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ […]

Continue Reading

Fact Check: သိန်းတစ်သောင်းလိမ်သွားတဲ့အဖွဲ့ဝင်ကိစ္စ Project k ရှင်းတဲ့ဗွီဒီယိုလား-မဟုတ်ပါ

ပရိတ်သတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ လူကြိုက်များ ရေပန်းစားနေတဲ့  အမျိုးသားလူငယ် ၇ ‌ယောက်နဲ့ ဖွဲ့စည်းထားတဲ့ Project K အဖွဲ့ရဲ့  ငွေသိန်းတစ်သောင်းလိမ်သွားတဲ့အဖွဲ့ဝင်ကိစ္စ ရှင်းပြီဆိုတဲ့ ဗွီဒီယိုဖိုင်တခုဟာ ဖေ့စ်ဘွတ် အသုံးပြုသူတွေရဲ့အကြား ပျံ့နှံ့မှု့ အားကောင်းခဲ့ပါတယ်။ တကယ်တော့ ဒီဗွီဒီယိုဟာ ၂၀၁၇ ခုနှစ် မတ်လ ၅ ရက်နေ့က တင်ထားခဲ့တဲ့ ဗွီဒီယို အဟောင်းကို လတ်တလော မှာ ဖြစ်နေတဲ့အကြောင်းအရာအဖြစ် ပြန်လည်ဖော်ပြခြင်းခံနေရတဲ့ သတင်းအမှား တခုသာဖြစ်ပါတယ်။ဒီဗွီဒီယိုကို လိုက်ခ်ပြုလုပ်သူဟာ ထောင်ကျော်ရှိပြီး၊ ကြည့်ရှုသူပေါင်း ၅ သိန်းကျော် ရှိခဲ့ပါတယ်။ “သိန်း၁သောင်းလိမ်သွားတဲ့အဖွဲဝင်ကိစ္စ”လို့ရေးသားပြီး“App 5”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထား ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  […]

Continue Reading

Fact Check: ကရင်နီမှာပေါက်တဲ့ မသာလက်ချောင်းမှိုတွေလား-မဟုတ်ပါ

ကရင်နီပြည်နယ်မှာ မြန်မာစစ်သားတွေ သေခဲ့တဲ့နေရာက မသာလက်ချောင်းမှိုတွေပေါက်နေတယ်ဆိုပြီး ဓာတ်ပုံ ၃ ပုံနဲ့ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ တကယ်တော့ ၂၀၁၉ ခုနှစ်ကတည်းက အင်တာနက်မှာပျံ့နှံ့လျက်ရှိတဲ့ နိုင်ငံခြားက ဓာတ်ပုံတွေဖြစ်ပါတယ်။ “မသာလက်‌ချောင်းမှို။ ဒါမျိုး စခတွေသေခဲ့တဲ့နေရာမှာပေါက်တာတဲ့။ ကရင်နီပြည်တနေရာမှာ။”လို့ ရေးသားပြီး “Pascal Khoo”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   ဒီပို့စ်ကို “ကရင်နီပြည် တစ်နေရာမှာ ပေါက်နေတဲ့ မှိုတဲ့ 😱 စခတွေ မကျွတ်လွတ်ကြဘူးထင်တယ် Credit~Pascal Khoo”လို့ရေးသားပြီး “Kanpetlet Time News”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာကလည်း မျှဝေခဲ့ရာမှာ နောက်ထပ်မျှဝေမှုပေါင်း ၂၀၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် အိမ်ပြန်ရောက်ပြီဆိုတဲ့ သတင်းမှား

နိုင်ငံတကာက ဖမ်းဆီးထားသူတွေကို လွှတ်ပေးရေးတောင်းဆိုနေတဲ့ကြားထဲက စစ်တပ်က စွပ်စွဲမှုအများနဲ့  ဇွန်လထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပုံစံချထားရာကနေ နေပြည်တော်အချုပ်ထောင်ကို ပို့ဆောင်ခဲ့ပါတယ်။ ထောင်ကိုပို့အပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ကို မူလနေရာပြန်ထားဖို့ အာဆီယံ အထူး ကိုယ်စားလှယ်က စာထုတ်တောင်းဆိုခဲ့ပါသေးတယ်။ ဒီလိုအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်လွတ်မြောက်လာပြီ ရန်ကုန်အိမ်ပြန်ရောက်ပြီဆို တဲ့ပို့စ်တွေ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းမှားတစ်ခုသာဖြစ်တာတွေ့ရပါတယ်။ “အမေပြန်လွတ်လာပြီဟေ့#သိပြီးကျပြီလား”လို့ ရေးသားပြီး လင့်ခ်တစ်ခုကို “whjkyu” အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ လူထုတွေကြားက ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ မြဝတီသတင်းဌာနကသတင်းကြေညာသူပုံ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်တို့ရဲ့ ဓာတ်ပုံတွေပေါ်မှာ “၁၂ ရက် ကွင်းလုံးကျွတ်လွတ်ပြီ အမှုအားလုံး ရုတ်သိမ်းကြောင်း ယနေ့ ကြေညာလိုက်ပြီ”လို့ရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ […]

Continue Reading

Fact Check: ရွှေတိဂုံဘုရားဗုံးပေါက်၊ပြည်သူ ၆၈ ဦးသေဆုံးမှုဆိုတဲ့ သတင်းတု သတင်းမှား

ဒီကနေ့ ဇူလိုင် ၁၂ နေ့ဟာ ဝါဆိုလပြည့်နေ့မှာ ရွှေတိဂုံဘုရားပေါ်မှာ ဗုံးပေါက်လို့  ပြည်သူ ၆၈ ဦးသေဆုံးခဲ့ပြီး ကား ၈ စီးပြာကျသွားတယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းမှား တစ်ခု ဖြစ်ပါတယ်။ “လပြည့်နေ့ရွှေတိဂုံဘုရားဗုံးပေါက်လို့ အကုန်မသာပေါ်”လို့ ရေးသားပြီး “A161” အမည်နဲ့ ဖေ့စ်ဘွတ်အသုံး ပြုသူက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဘုးရားဖူးတွေ၊ဗုံးပေါက်ကွဲမှု၊လူနာတင်ယာဉ်တွေနဲ့ စစ်ကားတွေပါဝင်တဲ့ ဓာတ်ပုံ ၄ ပုံကိုပေါင်းစပ်ထားတဲ့ မြင်ကွင်းဓာတ်ပုံပေါ်မှာ“လပြည့်နေ့သေကုန်ပြီ ရွှေတိဂုံ ဘုရားဗုံးပေါက် ပြည်သူ ၆၈ ဦးနဲ့ ကား ၈ စီးပြာကျ”လို့ရေးသားထားပြီး ဝင်ကြည့်ရမယ့်လင်ခ့်လည်းပါ ဝင်ပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် အွန်လိုင်းအသုံးများပြီး […]

Continue Reading

Fact Check: Cardiovax နှလုံးဆေးသောက်တဲ့ ၁၀၉ နှစ်ရှိ မြန်မာနှလုံးပညာရှင် ဦးကျော်သူမောင်လား-မဟုတ်ပါ

အသက် ၇၀ မှာ အငြိမ်းစားယူခဲ့ပြီး ထင်ရှားကျော်ကြားတဲ့ မြန်မာနှလုံးပညာရှင် ဦးကျော်သူမောင်ဟာ အခု အသက် ၁၀၉ နှစ်အရွယ်အထိနုပျိုနေဆဲဖြစ်ပြီး သူ့ရဲ့လျို့ဝှက်ချက်ကတော့ Cardiovax နှလုံးဆေးကြောင့် ဖြစ်တယ်လို့ဆိုထားတဲ့ပို့စ်တစ်ခု ဘလောဂ့်စာမျက်နှာတွေမှာပျံ့နှံ့လျှက်ရှိတာတွေ့ရပါတယ်။ တကယ်တော့ သတင်းတု သတင်းမှားတစ်ခုဖြစ်တာတွေ့ရပါတယ်။ အောက်ပါစာသားတွေကတော့ ဘလော့ဂ်တစ်ခုမှာဖော်ပြထားတဲ့ စားသားအချို့ဖြစ်ပါတယ်။ သွေးသန့်စင်မှာသာ နှလုံးအတွက် သွေးအတွက်ကောင်းမွန်ကြောင်း ဦးကျော်သူမောင်ကပြောတယ်ဆိုတဲ့ အင်တာဗျူးကိုဖော်ပြ ထားပြီး စာပိုဒ်အဆုံးနားမှာတော့ သွေးကိုသန့်စင်စေနိုင်တဲ့ Cardiovax ဆေးရဲ့အစွမ်းကို ညွှန်းထားပြီး မှာယူဖို့ စာရင်းသွင်းရန်နေရာကို ဖော်ပြထားပါတယ်။အခြားသော ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ ဒီလင့်ခ်မှာလည်း တူညီတဲ့ အင်တာဗျူးဆောင်းပါးကို ရပါတယ်။ “အသက် ၇၀ မှာ အငြိမ်းစားယူခဲ့ပြီး ထင်ရှားကျော်ကြားတဲ့ မြန်မာ နှလုံးပညာရှင် ဦးကျော်သူမောင်ဟာ နှလုံးနဲ့ ကိုယ်ခန္ဓာဟာ ငယ်ရွယ်နုပျိုနေဆဲ ကျန်ရှိခဲ့ပါတယ်။ သူ အငြိမ်းစားယူခဲ့တာ […]

Continue Reading

Fact Check: ဆေးကုသမရနိုင်တော့တဲ့အဆုံး ကင်ဆာလူနာက ပိုက်ဆံတွေ လွှင့်ပစ်လိုက်တာလား-မဟုတ်ပါ

ပိုက်ဆံချမ်းသာမှုထက် ကျန်းမာရေးက အရေးကြီးပုံအဖြစ် တရုတ်နိုင်ငံက ပိုက်ဆံချမ်းသာသူတစ်ဦးရဲ့ ဝမ်းနည်းဖွယ်ရာနိဂုံးလို့ဆိုထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားကြိမ်ဖန်များစွာ ပျံ့နှံ့ခဲ့ တာတွေ့ရပါတယ်။ ကြမ်းပြင်တစ်ခုပေါ်မှာ ပိုက်ဆံတွေပျံ့ကြဲနေတဲ့ ဓာတ်ပုံ ၂ ပုံနှင့်အတူ ကင်ဆာလူနာဟာ သူ့ရောဂါဟာ ကုသမရနိုင်တော့ဘူးလို့ ဆရာဝန် ဆီက သိလိုက်ရပြီးနောက်မှာ ပိုက်ဆံတွေဟာ အလကားပဲဆိုပြီတော့ ဆေးရုံကြမ်းပြင်ပေါ်မှာ လွှင့်ပစ်လိုက်တာလို့လည်း ဒီပို့စ်မှာရေးသားထားပါတယ်။  “ကျန်းမာရေးဂရုစိုက်ကြပါ 👌👌👌👌 တရုတ်နိုင်ငံကလူနာတယောက် နေမကောင်းလို့ ဆေးရုံလာတယ် ဆရာဝန်ကကင်ဆာဖြစ်နေပါတယ်တဲ့ နောက်ပြီး ကုလို့မရနိုင်တဲ့ ကင်ဆာပါလို့ လူနာကိုပြောလိုက်တယ်  လူနာက အခန်းထဲစိတ်တိုဒေါသ ဖြစ်ခြင်းများနဲ့ ထွက်သွားတယ် ပြီးတော့ ဆေးရုံရဲ့အလယ်မှာ ငွေတွေဖြန့်ကျဲပြီး အကျယ်ကြီးအော်ပစ်လိုက်တယ် “ငွေကအရာတိုင်းကို မလုပ်ပေးနိုင်ဘူး  ငါ့ဘဝကိုတောင်မကယ်နိုင်ဘူး ငါ့ကျန်းမာရေးကိုတောင် အထောက်ကူမပြုနိုင်ဘူး ငွေက်ိုဘာလို့ အများကြီးရှိနေစရာလိုလဲ ငွေရှိတော့ကော ပြီးပြည့်စုံနေမှာမှမဟုတ်တာတဲ့ “ […]

Continue Reading

Fact Check: ပက်စ်ပို့သက်တမ်းတိုးဖို့ မြန်မာနိုင်ငံကို ပြန်လာဖို့လိုတယ်ဆိုတာ မဟုတ်ပါ

 ပြည်ပရောက်မြန်မာတွေ ပက်စ်ပို့သက်တမ်းတိုးမယ်ဆိုရင် ပြည်တွင်းကို ပြန်လာပြီးတော့မှ တိုးလို့ရမယ်ဆိုတဲ့ သတင်းတစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ ဒီသတင်းဟာ သတင်းမှားသာ ဖြစ်တယ်လို့ စစ်တပ်ကိုသစ္စာခံတဲ့ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့က မြန်မာနိုင်ငံသံရုံးက ၂၀၂၂ ခုနှစ် ဇူလိုင် ၇ ရက်မှာ အသိပေးထားပါတယ်။ “#ဒီသတင်းဟာအမှန်အကန်လား သတင်းအမှန်ပါ အမေရိကန် မြန်မာသံရုံးကို အခုပဲ  ဖုန်းဆက်မေးပြီးပါပြီ စစ်ကောင်စီမှ ပြည်ပရောက်မြန်မာများအား Passport သက်တမ်းတိုးပေးခြင်းကို ပိတ်ပင် ————- ပြည်သူများအား မျိုးစုံဖိနှိပ်နေသော စစ်ကောင်စီသည် ပြည်ပရောက်မြန်မာများအား နိုင်ငံကူးလက်မှတ် ပတ်စပို့သက်တမ်းတိုးပေးခြင်းအား ပိတ်ပင်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ခြွင်းချက်အနေဖြင့် PD ဟုခေါ်သော Diplomatic Passport နှင့် PO ဟုခေါ်သော Official Passport  နှစ်မျိုးမှ အပ ကျန် နိုင်ငံကူးလက်မှတ်များအားလုံး […]

Continue Reading

Fact Check: မင်းကင်းမှာ PDF ၅၇ ယောက်ဖမ်းမိတဲ့ သတင်းဟောင်းကို လက်ရှိအဖြစ်အပျက်သဖွယ်မျှဝေ

လူရွယ်ယောကျ်ားအများအပြား လက်ပြန်ကြိုးတုပ်အဖမ်းဆီးခံထားရတဲ့ ဓာတ်ပုံ ၁ ပုံနဲ့အတူ PDF ၅၇ ယောက် တောင်ဖြူရွာဖမ်းမိတယ်ဆိုတဲ့ ပို့စ် ၁ ပို့စ်ဟာ ဖေ့စ်ဘွတ်အသုံးပြုသူအချို့ကမျှဝေလျှက်ရှိရာမှာ နားလည်မှု လွဲစေနိုင်တာတွေ့ရပါတယ်။ ဒီဓာတ်ပုံဟာ ၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်းက ဖြစ်စဉ်တစ်ခုသာဖြစ်ပါတယ်။ “၅၇ ယောက် ဖမ်းမိ / ၁၆ ယောက်သေ ဖမ်မိတာက #တောင်ဖြူရွာ မှာပါ ပန်းဆက်ရွာ နဲ့ တောင်ဖြူရွာ က မီတာ ၆၀၀၀ ထောင် လောက် ဝေးတယ် ၄ မိုင်ခန့် လောက်ပေါ့ PDF ခေါင်းဆောင် ဗိုလ်သော်ဦး လဲအဖမ်းခံလိုက်ရတယ် ရွာခံတွေ ညီညွတ်မှု ရှိတာရယ် တပ်က ထွက်ပေါက်တွေ ပိတ်ပေးထားလေတော့ ထွက်ပေါက်မဲ့ပြီး လက်နက်ချ အကုန် အဖမ်းခံရရော […]

Continue Reading

Fact Check: ဗိုလ်နဂါးကိုအသေဖမ်းလိုက်ကြောင်း MRTV ကြေညာဆိုတဲ့ သတင်းတု သတင်းမှား

 ဗိုလ်နဂါးကိုအသေဖမ်းလိုက်ကြောင်း MRTV ကြေညာတယ်လို့ရေးသားထာတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြု သူတွေအကြား ကြိမ်ဖန်များစွာပျံ့နှံ့လျှက်ရှိပါတယ်။ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ “ဗိုလ်နဂါးကိုအသေဖမ်းလိုက်ကြောင်း MRTV (ရုပ် / သံ) နှင့်တကွ ကြေညာ”စသည်ဖြင့် ရေးသားပြီး “Derbone” အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် “ဗိုလ်နဂါးကိုအသေဖမ်းလိုက်ကြောင်း MRTV (ရုပ် / သံ) နှင့်တကွ ကြေညာ”စသည်ဖြင့် ရေးသားပေမဲ့ ဓာတ်ပုံထဲမှာပါတဲ့ အမျိုးသမီးသတင်းတင်ဆက်သူဟာ စစ်တပ်ပိုင်မြဝတီသတင်းဌာနရဲ့ MWD Variety ရုပ်သံလိုင်းဖြစ်နေတာတွေ့ရပါတယ်။  ထို့အပြင် ဒီသတင်းမှားဟာ လူတွေစိတ်ဝင်စားဖွယ် သတင်းခေါင်းစဉ်တွေနဲ့ သတင်းတုသတင်းမှာဖြန့်ချိပြီး ဝင်ငွေရှာနေတဲ့ဝက်ဘ်ဆိုဒ်တွေကမျှဝေတဲ့အကြောင်းအရာဖြစ်တာတွေ့ရပါတယ်။  မျှဝေထားတဲ့ လင့်ခ်တွေကိုဖွင့်ကြည့်မယ်ဆိုရင် ယူကျူ့(youtube)ဗွီဒီယိုတစ်ခုစီဦးတည်သွားတာ […]

Continue Reading