Fact Check: ဒီဗွီဒီယိုက အိန္ဒိယမှာ အစားအစာအတွက် လုယက်နေပုံမဟုတ်ပါ

ကိုဗစ်နိုင်တင်း(COVID-19)ကာလအတွင်း စားဝတ်နေရေးအဆင်မပြေလို့ အိန္ဒိယမှာ အစားအစာအတွက် လုယက်နေပုံအဖြစ် ဗွီဒီယိုပို့စ်တစ်ခုကို လူထောင်ပေါင်းများစွာက မျှဝေလျက် ရှိပါတယ်။ သို့သော် ဒီဗွီဒီယိုဟာ ၂၀၁၉ ခုနှစ်အတွင်းအိန္ဒိယဘာသာရေးပွဲတော်တစ်ခုက ဗွီဒီယိုဖြစ်ပါတယ်။  “လက်ရှိ အန္တိယမှာ ရောဂါပြသနာကြောင့် စားဝတ်နေရေးအဆင်မပြေသောကြောင့် ကူညီမူလည်းမလုံလောက် ကာ အစားတစ်လုအတွက် အသက်ပါပေးပြီး လုယူမူကြိုးပမ်း”(မူရင်းအရေးအသား)လို့ရေးသားပြီး “သိပ္ပံကျကျသမ္မာကျမ်းစာ” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်က မျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၂ သောင်း ၂ ထောင်ရှိပြီး ဒီဗွီဒီယိုကို ကြည့်ရှူ့မှုအကြိမ်ရေ ၉ သိန်းကျော်ရှိပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် အဓိကကျတဲ့စကားလုံးအချို့အသုံးပြုပြီး ရှာဖွေကြည့်ရာမှာ ဒီဗွီဒီယိုကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၃ ရက်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရပါတယ်။  Google Translate […]

Continue Reading

Fact Check: အိန္ဒိယမှာ ကိုဗစ်ကြောင့်လဲကျနေတဲ့မြင်ကွင်းမဟုတ်ပါ။ Vizag ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် လူတွေမူးလဲကျတဲ့မြင်ကွင်းဖြစ်ပါတယ်

Covid 19 ရိုက်ခတ်မှုကို အလူးလဲခံစားနေရတဲ့အိန္ဒိယနိုင်ငံရဲ့ လက်ရှိအခြေအနေအဖြစ် လမ်းတွေပေါ်မှာ လူအတော်များများလဲကျခဲ့တဲ့အခြေအနေ၊ ကူညီကယ်ဆယ်ရေးကားသံတွေပါဝင်တဲ့ ဗွီဒီယိုဖိုင်နဲ့ အတူ ရေးသားမျှဝေလျက်ရှိတဲ့ ဖေ့စ်ဘွတ်ပို့စ်ကို လူထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။ ၂ မိနစ်နဲ့ ၈ စက္ကန့်ဝန်းကျင်ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်မှာ သွားရင်းလာရင်းနဲ့ လူတွေလမ်းမပေါ်မှာ လဲကျနေပုံကို ရိုက်ပြထားပြီး ကူညီကယ်ဆယ်ရေးကားြသဆွဲသံတွေ လူအများအပြားမြေပြင်မှာလဲကျနေတဲ့ အချို့ပါဝင်ပါတယ်။ သို့သော်လည်း ဒီဖြစ်စဉ်ဟာ ကိုဗစ်ကပ်ရောဂါပိုးနဲ့သက်ဆိုင်ခြင်းမရှိဘဲ အိန္ဒိယမှာ ပလက်စတစ်စက်ရုံက ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် လူအများအပြား မူးဝေလဲကျခဲ့ခြင်းဖြစ်စဉ်ကို ရိုက်ပြထားတဲ့ ဗွီဒီယိုဖိုင် ဖြစ်ပါတယ်။  â€œCovid 19 ဒုတိယလှိုင်း ရိုက်ခတ်မှုကို အလူးလဲခံစားနေရတဲ့ ယခုလက်ရှိအိန္ဒိယနိုင်ငံရဲ့ အခြေအနေ။ (မူရင်းအရေးအသား)”လို့ “T Media”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၁ ထောင် ၃ ရာ ဝန်းကျင်ရှိပါတယ်။ […]

Continue Reading

Fact Check: ဧရာဝတီတိုင်းမှာ ကိုဗစ်မျိုးစိပ်အသစ်တွေ့ရှိတယ်ဆိုတာ မဟုတ်ပါ

ဧရာဝတီတိုင်းမှာ ကိုဗစ်မျိုးစိပ်အသစ်တွေ့ရှိရတယ်လို့ ဇန်နဝါရီ ၁၀ ရက်မွန်းလွဲပိုင်းမှာ လူမှုကွန်အသုံးပြု သူများအကြား စတင်ပျံ့နှံ့လာခဲ့တဲ့ ဒီသတင်းဟာ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ ဧရာဝတီစင်တာ(မန္တလေး)မှာ ကိုဗစ်မျိုးစိပ်အသစ်တွေ့ရှိတယ်လို့ ဇန်နဝါရီ ၁၀ ရက် မနက်ပိုင်းမှာ ရွှေမဟာနွယ် သွေးနှင့်ပရဟိတအသင်း ဥက္ကဌ မရွှေမဟာနွယ်အကောင့်ကနေ အတည်မပြုနိုင်တဲ့ သတင်းစတင်ဖြန့်ဝေပြီး နောက်မှာ အခုလို ဧရာဝတီတိုင်းမှာ ကိုဗစ်မျိုးစိတ်အသစ်တွေ့တယ်ဆိုပြီးတော့ ထပ်မံပြန့်နှံ့လျက်ရှိတာ တွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူများအကြားပျံ့နှံ့ခဲ့သောပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ဒီနေရာ၊ ဒီနေရာ ၊ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားပါတယ်။ “ကိုဗစ်မျိုးစိတ်ကွဲ ဧရာဝတီတိုင်းတွင် စတင်တွေ့ရှိပါပြီလို့သိရပါတယ်.. အလွန်ကူးစက်မြန်ပါတယ်.. သတိထားကြပါ GSL ”လို့ရေးသားပြီး “Aung Naing Htwe” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ဇန်နဝါရီ ၁၀ ရက်နေ့လည်ပိုင်းမှာ ထပ်မံ မျှဝေခဲ့ပါတယ်။ မူရင်းလင်ခ့် –  Fb link […]

Continue Reading

Fact Check: ဗြိတိန်မှာတွေ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ်အသစ်က အဆ ၇၀ ပိုမိုပြင်းထန်တယ်ဆိုတာ မဟုတ်ပါ

ဗြိတိန်နိုင်ငံမှာတွေ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ်ဗီဇမျိုးကွဲအသစ်ဟာ လက်ရှိ ဗိုင်းရပ်စ်ထက် အဆ ၇၀ ပိုမိုမြန်ဆန်စွာ ကူးစက်နိုင်တယ်၊ အဆ ၇၀ ပိုမိုပြင်းထန်တယ်ဆိုပြီးတော့ လူမှုကွန်ယက်မှာ မျှဝေနေတာတွေ့ရပါတယ်။ ဒီဇင်ဘာ ၂၀ ရက်ဝန်းကျင်မှာ စတင်ပျံနှံ့ခဲ့တဲ့ ပို့စ်တွေမှာ အင်္ဂလန်မှာ ကိုရိုနာဗီဇပြောင်းဗိုင်းရပ်စ်ဟာ ကူးစက်နှုန်း အဆ(၇၀)အထိ မြန်နေတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဒီဇင်ဘာလ(၁၉)ရက်က သတင်းစာရှင်း လင်းပွဲမှာ ထုတ်ဖော်ပြောဆို သွားခဲ့တယ်လို့ ရေးသားခဲ့ကြသလို ဇန်နဝါရီ  ၂ ရက်ဝန်းကျင်မှစပြီး ဗိုင်းရပ်စ် အသစ်ကို မကြောက်ကြောင်း တရုတ်ဘက်က တာဝန်ရှိသူပြောကြားဆိုတဲ့ သတင်းတွေမှာ “အဆ ၇၀ ပိုမိုပြင်းထန်”ဆိုပြီး ထပ်မံသုံးစွဲမျှဝေနေကြတာတွေ့ရပါတယ်။ သို့သော်လည်း ဗြိတိန်မှာ ဗိုင်းရပ်စ်မျိုးကွဲအသစ်တွေ့ရှိရကြောင်း ကြေညာခဲ့တဲ့ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် မျိုးစိပ်အသစ်မှာ  အဆ ၇၀ ပိုမိုမြန်ဆန်စွာကူးစက်မှု သို့မဟုတ် […]

Continue Reading

Fact Check: မွတ်ဆလင်နဲ့ ခရစ်ယာန်ဘာသာရေးထုံးတမ်း စဉ်လာကို ဆန့်ကျင်တဲ့ အမိန့်ချလိုက်တဲ့အတွက် သီရိလင်္ကာတရားရုံးချုပ် မီးလောင်ဆိုတဲ့ သတင်းမှားဖြန့်ဝေ

မွတ်ဆလင်နဲ့ ခရစ်ယာန်ဘာသာရေးထုံးတမ်းစဉ်လာကို ဆန့်ကျင်တဲ့ အမိန့်ချပြီးနောက် သီရိလင်္ကာနိုင်ငံက တရားရုံးချုပ် အဆောက်အဦးဟာ မီးလောင်ကျွမ်းခံရတယ်လို့ ရေးသားမျှဝေထားတဲ့ ပို့စ်တစ်ခုကို လူမှုကွန်ယက်မှာ မျှဝေထားတာတွေ့ရပါတယ်။ ကိုဗစ်နဲ့ ကွယ်လွန်သူ မွတ်စလင်မ်တွေနဲ့ ခရစ်ယာန်တွေကို ဘာသာရေးထုံးတမ်းစဉ်လာအား ဆန့်ကျင်ပြီး မီးရှို့ခွင့် အမိန့်ချမှတ်ပြီးသည့် နောက်နေ့ညမှာပဲ တရားရုံးချုပ် မီးအကြီးအကျယ်လောင်ကျွမ်းခဲ့တာဖြစ်တယ် ဆိုပြီးတော့ သီရိလင်္ကာနိုင်ငံ တရားရုံးချုပ်မီးလောင်နေပုံကို ဖြန့်ဝေထားတာဖြစ်ပါတယ်။ ဒီလိုရေးသားမျှဝေထားတာဟာ မှားယွင်းတာတွေ့ရပါတယ်။ သီရိလင်္ကာတရားရုံးချုပ်မီးလောင်တာဟာ ဒီဇင်ဘာ ၁၅ ရက်ဖြစ်ပြီး ကိုဗစ်နဲ့ ကွယ်လွန်သူတွေကို မီးရှို့ဖို့ဆုံးဖြတ်ချက်ဟာ သီရိလင်္ကာမှာ မတ်လအစောပိုင်းကတည်း ချမှတ်ခဲ့တာတွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။  “သီရိလင်္ကာတရားရုံးချုပ် အဇားဗ်ကျပါပြီ ကိုဗစ်နဲ့ ကွယ်လွန်သူ မွတ်စလင်မ်တွေနဲ့ ခရစ်ယာန်တွေကို ဘာသာရေးထုံးတမ်းစဉ်လာအား ဆန့်ကျင်ပြီး မီးရှို့ခွင့် အမိန့်ချမှတ်ပြီးသည့် နောက်နေ့ညမှာပဲ တရားရုံးချုပ် […]

Continue Reading

Fact Check: ညနေပိုင်းရေချိုးရင် ကိုဗစ်နိုင်တင်းဖြစ်တယ်ဆိုပြီး သတင်းမှား မျှဝေနေ

ကိုဗစ်နိုင်တင်းရောဂေါဖြစ်သူတိုင်းဟာ ညနေပိုင်းမှာ ရေချိုးတာကနေဖြစ်တယ်လို့ ရေးသားလျက်မျှဝေထားတဲ့ ပို့စ်တစ်ခုကို လူမှုကွန်ယက်အသုံးပြုသူ ထောင်ပေါင်းများစွာက ပြန်လည်မျှဝေခဲ့ကြာပါတယ်။ ဖျားပြီး ကိုဗစ်နိုင်တင်းဖြစ်သူတိုင်းဟာ ညနေဘက်ရေချိုးရာကဖြစ်တာကို လေ့လာတွေ့ရှိရပြီး ညနေ နေဝင်ပြီးနောက်ပိုင်း ရေမချိုးကြဖို့တိုက်တွန်းတယ်လို့ ပျံ့နှံ့ခဲ့တဲ့ ပို့စ်မှာရေးသားထားပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ ပို့စ်ကို “တီ တီ”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ဒီဇင်ဘာ ၁၄ ရက်က အောက်ပါအတိုင်းမျှဝေထားရာမှာ လူမှုကွန်ယက်အသုံးပြုသူ ၇ ထောင်ကျော်က ဒီပို့စ်ကို ပြန်လည်မျှဝေခဲ့ကြပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာနစတဲ့ အဖွဲ့အစည်းတွေက ထုတ်ပြန်တဲ့ အချက်အလက်တွေမှာလည်း ကိုဗစ်နိုင်တင်းဖြစ်တဲ့သူတွေဟာ ညနေပိုင်းရေချိုးလို့ဖြစ်တယ်လို့ ဖော်ပြချက် မရှိပါဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ ကိုဗစ်နိုင်တင်းကူးစက်ခံမှုနည်းလမ်းများကို ဒီနေရာမှာလေ့လာနိုင်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ […]

Continue Reading

Fact Check: နားလည်မှုလွှဲမှားစေနိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကုသနည်း ၇ မျိုးနဲ့ ကာကွယ်နည်း ၈ ချက်ပျံ့နှံ့နေ

ကိုရိုနာဗိုင်းရပ်စ်ရှိမရှိ အလွယ်တကူ စစ်ဆေးနည်း၊ ကာကွယ်နည်းနဲ့ ကုသနည်းအဖြစ် မျှဝေလျက်ရှိတဲ့ ပို့စ်တစ်ခုဟာ လူမှုကွန်ယက်အသုံးပြုသူ ထောင်ပေါင်းများစွာက မျှဝေလျက်ရှိပြီး လူမှုကွန်ယက်အသုံးပြုသူတွေ ကို လူပေါင်းများစွာကိုနားလည်မှုလွဲမှားစေနိုင်တာ တွေ့ရပါတယ်။ ပျံ့နှံ့ အသက်ပြင်းပြင်းရှူပြီး ၁၀ စက္ကန့် ​အောင့်ထားနိုင်ရင် ကိုရိုနာဗိုင်းရပ်စ်ရှိမရှိ သိနိုင်ပြီး အလွယ်ဆုံးကာကွယ်မှု အဖြစ် အိပ်ရေးဝဝအိပ်၊ မနက်စာပုံမှန်စား၊ ဒိန်ချဉ်သောက်၊ ကြက်သွန်ဖြူ များများစား၊ ပျားရည် ဂျင်းပြုတ်ရည် သံပုရာရည်​သောက်၊ ​နေ့လည်မှာ လက်ဖက်ရည်သောက် စသည်ဖြင့် အချက် ၈ ချက်အကြံပြုထားပါတယ်။ ကုသနည်းအဖြစ် ခရမ်းလွန်​ရောင်ခြည် ၊အပူချိန် ၅၆ ဒီဂရီစတီဂရိတ်ပူချိန်မြင့်တာ၊ ​လေဝင်​လေထွက်ရှိတဲ့ ​​နေရာ၊ ကလိုရင်း ပိုးသတ်​ဆေး ၊အရက် ၇၅ ရာခိုင်နှုန်းပါဝင်တာ၊လက်​တွေကို မကြာခန ဆေး​ကြောတာနဲ့ ကိုယ်ခံအား ကောင်းခြင်းပဲဖြစ်တယ်လို့လည်းရေးသားထားပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ […]

Continue Reading

Fact Check: မြန်မာနိုင်ငံမှာ Covid-19 ကာကွယ်ဆေးကို ၂၀၂၀ နှစ်ကုန်ရမယ်လို့ ကြေညာခဲ့တယ်ဆိုတာမဟုတ်ပါ

မြန်မာနိုင်ငံမှာ Covid-19 ကာကွယ်ဆေးကို ၂၀၂၀ နှစ်ကုန်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ကြေညာခဲ့ တယ်ဆိုပြီး မျှဝေနေတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ စံတော်ချိန်သတင်းစာနဲ့ TV မှာ ၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်းမှာ covid 19 ရောဂါကာကွယ်ဆေး တရားဝင်ရရှိပြီလို့ ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင်ကြေညာခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ကလည်း နှစ်ကုန်ပိုင်းမှာ ဆေးရမယ်လို့ တရားဝင်ပြောကြားထားပါတယ်ဆိုပြီးတော့ရေးသားထားပါတယ်။ ဒီလိုမျှဝေနေတဲ့ အချက်အလက်တွေဟာ သတင်းမှားဖြစ်တာ Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ COVID-19 ဆေးကို နှစ်ကုန်ပိုင်းမှာ ရမယ်လို့ ပြောကြားခဲ့ခြင်းမရှိသလို WHO ကလည်းပြောကြားခဲ့ခြင်းမရှိပါဘူး။ အလားတူပြောဆိုမျှဝေနေတဲ့ ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေ မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link […]

Continue Reading

Fact Check: သီတဂူရေအလှူတော် ပဒေသာပင် ကျပ်ငွေ ၁၀၀ ကုဋေ့ကို COVID-19 အတွက်လှူဒါန်းမှုအဖြစ် သတင်းမှားဖြန့်

ကိုဗစ် ၁၉ ကာကွယ်ဖို့ သီတဂူဆရာတော်ကြီး ကုဋေတစ်ရာ လှူလိုက်ပါပြီလို့ ရေးသားမျှဝေနေတဲ့ပို့စ်တစ်ခု လူမှုကွန်ယက်မှာပျံ့နှံ့လျက်ရှိပါတယ်။  á€žá€Žá€á€‚á€°á€†á€›á€Źá€á€ąá€Źá€şá€˜á€Żá€›á€Źá€¸á€€á€źá€Žá€¸á€€ ကိုဗစ် ကာကွယ်ရေးအတွက် လိုအပ်တာတွေ လှူသလိုမရှိတဲ့သူတွေကိုလည်း စားနပ်ရိက္ခာတွေ မကြာခဏလှူဒါန်းနေပြီး ကိုဗစ် ၁၉ ကာကွယ်ဖို့ သီတဂူဆရာတော်ကြီး ကုဋေတစ်ရာ လှူလိုက်ပါပြီ လို့ရေးသားပြီး “ကုဋေ တစ်ရာ”လို့ရေးသားထားတဲ့ မှတ်တမ်းဓာတ်ပုံနှင့်အတူ မျှဝေထားပါတယ်။ သို့သော်လည်း ဒီဓာတ်ပုံဟာ သီတဂူရေအလှူတော်ပဒေသာပင်အတွက် ငွေကျပ် ကုဋေ ၁၀၀ မတည်လှူဒါန်းပေးမှု အခမ်းအနားမှ မှတ်တမ်းဓာတ်ပုံဖြစ်ပြီး COVID-19 အတွက်လှူဒါန်းမှုနှင့်သက်ဆိုင်ခြင်းမရှိတာကို Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ သီတဂူဆရာတော်ကြီးက ကိုဗစ်ကာကွယ်ရေးအတွက်အလှူအဖြစ်ဖော်ပြနေတဲ့ ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ နဲ့ ဒီနေရာမှာ မျှဝေထားပါတယ်။ ဝက်ဘ်ဆိုဒ်နဲ့ဘလော့စာမျက်နှာတွေဖြစ်တဲ့ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာ နဲ့ဒီနေရာတွေမှာမျှ ဝေထားတာတွေ့ရပါတယ်။ […]

Continue Reading

Fact Check: COVID-19 ကူးစက်ခံပြီး မြေပြင်မှာလဲကျနေပုံတွေလား -မဟုတ်ပါ

ယခုရက်ပိုင်းများအတွင်း နေ့စဉ်နီးပါးအတည်ပြုလူနာ ထောင်ဂဏန်းတွေ့ရှိမှုနဲ့အတူ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအတည်ပြုလူနာ ၂၂၀၀၀ ကျော်နဲ့ ဒီရောဂါနဲ့သေဆုံးသူ ၅၃၅ ဦးထက်မနည်းရှိပြီဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ COVID-19 ကူးစက်ခံလို့လဲကျနေသူတွေအဖြစ် ပို့စ်လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်မှာ မြေပြင်မှာလဲနေတဲ့သူတွေပုံတွေပါဝင်ပြီး ဓာတ်ပုံထဲက ကူညီကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ သူအချို့မှာ PPE ဝတ်စုံဝတ်ဆင်ထားတာလည်းတွေ့ရပါတယ်။ သို့သော်လည်း ဓာတ်ပုံထဲက နေရာသီးသီးမှာလဲကျနေတဲ့သူတွေဟာ COVID-19 ကူးစက်ခံရပြီး လဲကျခဲ့တယ်ဆိုတဲ့ အထောက်အထားမျိုးမရှိတာကို Fact Crescendo Myanmar ကတွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ နားလည်မှုလွဲစေနိုင်တဲ့ ပို့စ်ကိုအောက်ပါအတိုင်းမျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် ဒီဓာတ်ပုံတွေထဲက မီးခိုးရောင်အင်္ကျီ၊ ပုဆိုးဝတ်၊နှာခေါင်းစီးနဲ့လဲကျနေတဲ့ အမျိုးသားဟာ အောက်တိုဘာ ၄ ရက်နေ့က “မဟာလူမှုကယ်ဆယ်ရေးအဖွဲ့ -Mahar Rescue”ဖေ့စ်ဘွတ်စာမျက်နှာမှာတွေ့ရပြီး “၄.၁၀.၂၀၂၀  […]

Continue Reading