Fact Check: ဒီဗွီဒီယိုက ကြက်ဥအတု ထုတ်လုပ်နေတာလား- မဟုတ်ပါ

နေ့တိုင်းစားနေတဲ့ ကြက်ဥတွေထဲမှာ အတုတွေ ပါဝင်နေနိုင်ပြီး မသိဘဲစားမိရင် ကျန်းမာရေးအတွက် အရမ်းအန္တရာယ်ရှိတယ်လို့ဆိုပြီးတော့ ကြက်ဥနဲ့သဏ္ဌာန်တူတဲ့ အရာတွေထုတ်လုပ်နေတဲ့ ဗွီဒီယိုတခုကို ကိုးကား ပြောဆိုထားတဲ့ ဗွီဒီယိုတခုဟာ ပျံ့နှံ့မှုအားကောင်းနေတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဗွီဒီယိုထဲမှာ ကြက်ဥအတုထုတ်လုပ်နေတဲ့မြင်ကွင်းတွေလို့ဆိုနိုင်တဲ့ မြင်ကွင်းတွေလည်း ပါဝင်ပြီး ကြက်ဥအတု အစစ်ခွဲခြားနည်းတွေလည်း ဖော်ပြထားတာတွေ့ရပါတယ်။  “သင် နေ့တိုင်းစားနေတဲ့ ကြက်ဥတွေထဲမှာ အတုတွေ ပါနေနိုင်တာကို သိပါသလား? မသိဘဲစားမိရင် ကျန်းမာရေးအတွက် အရမ်းအန္တရာယ်များပါတယ်။” Original link | Archive link အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုတွေက တကယ်ပဲ ကြက်ဥအတုပြုလုပ်နေတာလားဆိုတာ ဆန်းစစ်ကြည့်ရာမှာ ပြောဆိုချက်ဟာ မှန်ကန်မှုမရှိတာတွေ့ရပါတယ်။ တကယ်တော့ ဒီလို ကြက်ဥအတုဆိုတာ လူတွေစားသုံးနေတဲ့ ကြက်ဥနဲ့ […]

Continue Reading