လွန်ခဲ့တဲ့ ၄ နှစ်က သရက်သီးကောက်ရင်း ဓာတ်လိုက်သေဆုံးခဲ့သည့် မောင်နှမ၄ဦး၏ ကြေကွဲဖွယ်အဖြစ်အပျက်ကို လက်ရှိဖြစ်ပျက်သဖွယ်မျှဝေနေခြင်း

“သရက်သီး ကောက်ရင်း ဓာတ်လိုက် သေဆုံးခဲ့သည့် မောင်နှမ ၄ဦး၏ ကြေကွဲဖွယ် နောက်ဆုံးမြင်ကွင်း” ဆိုပြီး WT Kaung အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားပါတယ်။ Fb link Archive link သရက်သီးကောက်ရင်းကလေးငယ် ၄ ဉီးဓာတ်လိုက်သေဆုံးခဲ့ရသည့် ဒီသတင်းကို အွန်လိုင်းသုံးစွဲသူ အသီးသီး ကလည်း အောက်ပါအတိုင်းမျှဝေထားပါတယ်။ အချက်အလက်စိစစ်ကြည့်တဲ့အခါမှာ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့ ၄ နှစ်ကတကယ့် ကြေကွဲဖွယ်အဖြစ် အပျက်တစ်ခုဖြစ်တာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် Google မှာ “သရက်သီးကောက်ရင်း ဓာတ်လိုက်သေဆုံးခဲ့သည့် မောင်နှမ၄ဦး”လို့ အဓိကကျတဲ့စကားလုံးတွေကို အသုံးပြုရှာဖွေရှာမှာအောက်ပါအတိုင်းတွေ့ရပါတယ်။ ၂၀၁၆ ခုနှစ် မေ၂၀ ရက်က မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့ မြို့ကွက်သစ် ၁ မှာ ဒီကနေ့ နေ့လယ်ပိုင်းက ကလေးငယ် ၄ ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ပွားခဲ့တဲ့သတင်းကို […]

Continue Reading