ဒေါ်အောင်ဆန်းစုကြည်ကို ပြည်ထဲရေး ဒုဝန်ကြီးက အမေစုလို့ခေါ်ခဲ့သလား

စက်တင်ဘာ ၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ COVID-19 ဓာတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများအား စုံစမ်းရှာဖွေဖော်ထုတ်ခြင်း၊ ကာကွယ်၊ ထိန်းချုပ်ရေးစီမံဆောင်ရွက်ခြင်းတို့နဲ့ပတ်သက်ပြီး ဆွေးနွေးပွဲမှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်စိုးတင့်နိုင်က ဒေါ်အောင်ဆန်းစုကြည်ကို အမေစုလို့ လွှတ်ကနဲ ခေါ်လိုက်သံကြားရတယ်ဆိုတဲ့ ပို့စ်တစ်ခုပျံ့နှံ့ခဲ့ပါတယ်။ “ဒီနေ့လွှင့်တဲ့ Liveမှာပြည်ထဲရေး ဒုဝန်ကြီးဗိုလ်ချုပ်ဟာ အပြန်အလှန်ဆွေးနွေးနေရင်းနဲ့ ‘အမေစု’လို့ လွှတ်ကနဲခေါ်လိုက်မိတာ ကြားလိုက်ရတယ်~အဲဒီအသံဟာ~”ရင်ထဲကလာတဲ့အသံ”ဘဲဖြစ်ပါလိမ့်မယ်။”လို့ ပို့စ်တင်ထားတာတွေ့ရပါတယ်။ FB Link Archive Link အချက်အလက်စိစစ်ချက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ စက်တင်ဘာ ၂ ရက်နေ့၊ မနက်ပိုင်းမှာ ကိုဗစ်နိုင်တင်ရောဂါနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုကို တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး ၁ နာရီနဲ့ ၅ မိနစ်ဝန်းကျင် ကြာပါတယ်။အဲဒီတိုက်ရိုက်ထုတ်လွှင်မှုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်စိုးတင့်နိုင်(ပြည်ထဲရေး-ဒုတိယဝန်ကြီး)၊ ဦးနေဝင်းအောင်(ရန်ကုန်တောင်ပိုင်းခရိုင်အုပ်ချုပ်ရေးမှုး)နဲ့ ဒေါက်တာသက်စုမွန် (ပြည်သူ့ကျန်းမာရေးဦးစီးဌာန- လက်ထောက်ညွှန်ကြားရေးမှူး)တို့ဆွေးနွေးခဲ့ပါတယ်။  ဗိုလ်ချုပ်စိုးတင့်နိုင်က တိုက်ရိုက်ထုတ်လွှင်မှုရဲ့ ၂၁ […]

Continue Reading