Fact Check: လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ICJ က မြန်မာဗိုလ်ချုပ်တွေကို အပြစ်ပေး အမိန့်ချတဲ့ သတင်းတု

နိုင်ငံတကာ တရားရုံး(International Corut of Justice-ICJ)မှာ တရားစွဲခံရမှုမှာ နောက်ဆုံး အမိန့်ချလိုက်ပြီ လို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ဖြန့်ဝေနေပြီး ပျံ့နှံ့မှုအား‌ကောင်းနေတာလည်း တွေ့ရတယ်။ သတင်းတုတွေသာဖြစ်တယ်။  ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပြောဆိုချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။  “ICJ ဆုံးဖြတ်ချက် ထွက်လာပြီ  မြန်မာစစ်တပ်ရဲ့ လူမျိုးတို့သတ်ဖြတ်မှု အမိန့်ချမှတ်၊ စစ်ဗိုလ်ချုပ် (၁၂) ဦး သေဒဏ်အမိန့်ပေးလိုက်ပြီ” Original link | Archive link အလားတူရေးသားဖြန့်ဝေမှုကို ဒီလင့်ခ်မှာလည်း တွေ့ရတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့အမည်နာမကို တုပထားတဲ့ ချန်နယ်တခုဖြစ်တယ်။ ဒီချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ […]

Continue Reading

Fact Check: ICJ အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ဦးသိန်းစိန်၊ စစ်ခေါင်းဆောင်တို့ သွားရောက်တွေ့ဆုံမှု သတင်းတု

နိုင်ငံတကာတရားရုံး(ICJ)မှာ အခြေအနေမကောင်းတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဟောင်း ဦးသိန်းစိန်၊ စစ်ခေါင်းဆောင်တို့က သွားရောက်တွေ့ဆုံတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြန့်ချိမှုဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့  စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။   “ဒေါ်အောင်ဆန်းစုကြည် ကို –ွှေ ဖမ်းခံရ”  Original link | Archive link တခြား ဗွီဒီယိုတခုမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သွားရောက် တွေ့ဆုံတယ်လို့ ဆိုထားတယ်။ Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Yangon Khit Thit”နဲ့ “Khit Thit […]

Continue Reading

Fact Check: သီတဂူဘုန်းကြီးကို ICJ ဖမ်းဆီးတဲ့ သတင်းတု

နိုင်ငံတကာ တရားရုံး(International Corut of Justice-ICJ)က စစ်တပ်ထောက်ခံသူ သီတဂူဆရာတော်ကို ဖမ်းဆီးလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အား‌ကောင်းနေတာ တွေ့ရတယ်။ သတင်းတုတွေသာဖြစ်တယ်။ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပြောဆိုချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။ အလားတူပြောဆို မျှဝေထားတာကို ဒီနေရာမှာလည်း တွေ့ရတယ်။ “သီတဂူ ဘုန်းကြီး ကို ICJ ဖမ်းပြီ ပြည်ပမှာဆေးသွားကုတဲ့ သီတဂူ ဆရာတော် လေယာဉ်  ပေါ်က အဆင်း ICJ တရားရုံး ဒဲ့ဝင်ဖမ်းလို့  လန့်ကုန်ပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဒီလိုပြောဆိုချက်ပါ ဗွီဒီယိုကို သတင်းခေါင်းစဉ်တပ် ဗွီဒီယိုနဲ့ လုပ်ကြံရေးသားပြောဆိုမှုတွေ ဖြန့်ဝေတဲ့ “The Daily Lens” […]

Continue Reading

Fact Check: ICJ မှာ အမှုရှုံးလို့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီ လွှတ်ပေးတဲ့ သတင်းတု

နိုင်ငံတကာ တရားရုံး(International Corut of Justice-ICJ)မှာ တရားစွဲခံရမှုမှာ အမှုရှုံးနိမ့်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက လွှတ်ပေးလိုက်တယ်၊ ‌ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်မှုရင်ဆိုင်ခိုင်းမယ်လို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အား‌ကောင်းနေတာ တွေ့ရတယ်။ သတင်းတုတွေသာဖြစ်တယ်။  ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပြောဆိုချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။  “ICJ မှာ စစ်ကောင်စီ ပထမရက် အမှုရှုံးလို့ ဒေါ်အောင်ဆန်းစုကြည် ကို ထပ်လွှတ်ပြီ”  Original link | Archive link အလားတူရေးသားဖြန့်ဝေမှုကို ဒီလင့်ခ်မှာ ကြည့်ပါ။  အချက်အလက်စိစစ်ချက် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးတဲ့အကြောင်း ယုံကြည်တဲ့ သတင်းအရင်းအမြစ်တွေမှာဖော်ပြချက် မရှိပါဘူး။ ဒီလိုပြောဆိုထားတဲ့ ဗွီဒီယိုဖြန့်ဝေနေတဲ့  ယူကျူ့ချန်နယ်တွေဟာ လုပ်ကြံရေးသားပြောဆိုချက်တွေနဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ဝေတဲ့နေရာတွေဖြစ်တာတွေ့ရတယ်။ “The Daily […]

Continue Reading

Fact Check: မြန်မာစစ်ကောင်စီကို ဖမ်းဝရမ်းမထုတ်လို့ ICC နဲ့ ICJ ကို ထရမ့် ဖျက်သိမ်းတဲ့ သတင်းတု 

မြန်မာစစ်ကောင်စီကို ဖမ်းဝရမ်းမထုတ်လို့ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) နဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) ကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဖျက်သိမ်းလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ လုပ်ကြံရေးသားပြောဆိုချက်သာ ဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ကြည့်ရှု့မှုများပြားနေတဲ့ ယူကျူ့ ဗွီဒီယိုနဲ့ ဒီဗွီဒီယို ပါစာသားကောက်နုတ်ချက်ဖြစ်ပါ တယ်။  “ICC နဲ့ ထရမ့် မြန်မာအ‌ရေး ပြသာနာတက် အကြမ်းဖက်မှု သက်သေ ပြည့်စုံနေပြီး စစ်ကောင်စီကို ဖမ်းဝရမ်းမထုတ်လို့  ICC နဲ့ ICJ ကို သုံးစားမရဟုဆိုကာ အကုန်ဖျက်သိမ်းပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay khithit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ […]

Continue Reading

Fact Check: မြန်မာစစ်ခေါင်းဆောင်ကို ICJ က သေဒဏ်ချမှတ်ဆိုတဲ့ သတင်းတု

မြန်မာစစ်ခေါင်းဆောင်ကို အပြည်ပြည်ဆိုင်ရာတရားရုံး(International Court of Justice-ICJ) က သေဒဏ် ချမှတ်လိုက်တယ်၊ ကုလသမဂ္ဂက ဖမ်းဖို့ အမိန့်ပေးလိုက်တယ်စသည့်ဖြင့် ပြောဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းတု သတင်းမှားသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုကရယူထားခြင်းဖြစ်တယ်။  “(၅)ရက်နေ့ အရေးပေါ်သတင်း အကြမ်းဖက် မင်းအောင်လှိုင်ကို ICJ မှ သေဒဏ်ချမှတ်လိုက်ပြီဟေ့  တနိုင်ငံလုံး ကခုန်ကြ/ခေတ်သစ် အတည်ပြုကြေညာပြီ” မူရင်းလင်ခ့် – Youtube link | Archive link နောက်ထပ်အလားတူတဲ့ ဗွီဒီယိုတခုမှာတော့ “မင်းအောင်လှိုင်ကို ဖမ်းမိန့်ထုတ်လိုက်ပြီ တပတ်အတွင်းဖမ်းပေးဖို့ R2P ကို ကုလအမိန့်ပေး  ရန်ကုန်ခေတ်သစ် ကြေညာပြီ/ ထူးပြီဟေ့”စသည်ဖြင့် ပြောဆိုထားပါတယ်။ ဒီနေရာမှာ ကြည့်ပါတယ်။ အချက်အလက်စိစစ်ချက် မြန်မာစစ်ခေါင်းဆောင်ကို ICJ က […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် ၇ ဦး ICJ ဖမ်းဝရမ်းထုတ်တဲ့ သတင်းတု

မြန်မာစစ်ခေါင်းဆောင် ၇ ဦးကို အပြည်ပြည်ဆိုင်ရာတရားရုံး(International Court of Justice-ICJ)က ဖမ်းဝရမ်းထုတ်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု အွန်လိုင်းအသုံးပြုသူတွေကြား ဖြန့်ဝေနေတာဟာ သတင်းမှား သာဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “စစ်ခေါင်းဆောင်(၇)ဦး ICJ ဝရမ်းထုတ်/ စစ်အုပ်စုနိဂုံးချုပ်ပြီ” မူရင်းလင်ခ့် – Fb link | Archive link တူညီတဲ့ရေးသားမျှဝေမှုကို ယူကျူ့ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ ထို့အပြင် ဗွီဒီယိုထဲမှာ “July 21 ICJ တရားရုံး အထူးအမိန့် စစ်‌ခေါင်းဆောင်(၇)ဦး ICJ ဖမ်းဝရမ်းထုတ် စစ်အုပ်စု နိဂုံးချုပ်ပြီ” စသည်ဖြင့်လည်း ရေးသားထားပါတယ်။ အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ အခု ဗွီဒီယိုဖြန့်ဝေနေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာနဲ့ ယူကျူ့ချန်နယ်ကို […]

Continue Reading

Fact Check: ICJ က မြန်မာစစ်တပ်ခေါင်းဆောင် ၂ ဦးကို ဖမ်းဝရမ်းထုတ်တဲ့ သတင်းတု

ICJ က မြန်မာစစ်တပ်ထိန်တန်းခေါင်းဆောင် ၂ ဦးဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒုတိယဗိုလ် ချုပ်မှူးကြီး စိုးဝင်းကို ဖမ်းဝရမ်းထုတ်လိုက်တယ်ဆိုတဲ့ သတင်းတု ဗွီဒီယိုပို့စ်တစ်ခု ယူကျူ့မှာ ကြည့်ရှု့မှု များပြားလျက်ရှိပါတယ်။  ဗွီဒီယိုခေါင်းစီးစာသားနေရာမှာ “စစ်ခေါာင်းဆောင်နှစ်ဦး ICJ ဖမ်းဝရမ်းထုတ်ပြီ”(မူရင်းအရေးသား)လို့ရေးထား သလို ဗွီဒီယိုထဲမှာတော့ “မအလနဲ့ စိုးဝင်းတို့နှစ်ဦးအား နိုင်ငံတကာရာဇဝတ်ခုံရုံးမှ ဖမ်းဝရမ်းထုတ်လိုက်ပြီ”လို့ လည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် အပြည်ပြည်ဆိုင်ရာ တရားရုံး(International Court of Justice- ICJ)မှာ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှုတားဆီးကာကွယ်ရန်ပျက်ကွက်မှုနဲ့ ၂၀၁၉ ခုနှစ်က တရားစွဲဆိုခဲ့ပါတယ်။ အဓိကအားဖြင့် ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ […]

Continue Reading

Fact Check: မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ICJ က သေဒဏ်ချမှတ်ဆိုတဲ့ သတင်းတု

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ICJ က သေဒဏ်ချမှတ်လိုက်တယ်ဆိုတဲ့ သတင်းတု ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားဖြန့်ဝေနေတာဟာ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ “M N”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားကို အောက်ပါအတိုင်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)က မြန်မာနိုင်ငံကို အပြီးသတ် အမိန့်ချတဲ့အကြောင်းဟာ  မီဒီယာတွေက သတင်းကို ကူးယူပြီး ပြန်လည်ဖြန့်ဝေလေ့ရှိတဲ့ စာမျက်နှာတွေကအသုံးပြုလေ့ရှိတဲ့ သတင်း‌ခေါင်းစဉ်တု တစ်ခု ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလထဲမှာလည်း ဒီလိုသတင်းမှားဖြန့်ဝေခဲ့တာကို Fact Crescendo Myanmar က အချက်အလက်စိစစ်ထားတာ ဒီလင့်ခ်မှာကြည့်ပါ။ ICJ တရားရုံးမှာရိုဟင်ဂျာတွေအ‌‌ပေါ် လူမျိုးတုန်းသတ်ဖြတ်မှုမှာ တားဆီးရန် ပျက်ကွက်မှုအတွက် ၂၀၁၉ ခုနှစ် ထဲမှာ […]

Continue Reading

Fact Check: ICJ တရားရုံးက မြန်မာနိုင်ငံအပေါ် အပြီးသတ်အမိန့်ချ နစက ဉက္ကဌကိုဖမ်းဆီးဆိုတဲ့ သတင်းတု

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)က မြန်မာနိုင်ငံကို အပြီးသတ် အမိန့်ချလိုက်ပြီလို့ဆိုထားတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတု ဖြစ်ပါတယ်။ “TepPon News”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ဒီဇင်ဘာ ၁၃ ရက်မှာ အောက်ပါအတိုင်းမျှဝေထား တာတွေ့ရပါတယ်။ “ICJ အပြီးသတ် အမိန့်ချလိုက်ပြီ”လို့ရေးသားထားသလို ဖြန့်ဝေနေတဲ့ ဗွီဒီယိုမှာလည်း “ (၁၃) ရက်နေ့ ICJ အပြီးသတ် အမိန့်ချပြီ နစက ဉက္ကဌပါသွားပြီ”လို့လည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာတွေဟာ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ ရိုဟင်ဂျာတွေ အပေါ် မြန်မာစစ်တပ်က ကျူးလွန်ခဲ့မှုတွေအတွက် အာဂျင်တီးနားမှာ တရားစွဲဆိုမှုကို အာဂျင်တီးနားတရားရုံး က ၂၀၂၁ […]

Continue Reading