ကောင်းကင်ကို မော့ကြည့်ပြီး မေမေလို့ခေါ်နေတဲ့ ကလေးရဲ့ မိခင်ဟာ အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ခြင်းမဟုတ်ပါ

ကောင်းကင်ကို မော့ကြည့်ပြီး တစ်စုံတစ်ခုကို လက်ညှိုးပြပြီး မေမေလို့ တစာစာခေါ်နေတဲ့ ကလေးလေးနဲ့ အကိုဖြစ်သူလို့ ထင်ရတဲ့ လူငယ်လေးတစ်ယောက်က မခံစားနိုင်တော့ပဲ ကလေးကို ဖက်ပြီး ဗီဒီယိုဟာကမ္ဘာတစ်လွှားပျံ့နှံ့ခဲ့ပါတယ်။  မြန်မာနိုင်ငံမှာလည်း “အီတလီနိုင်ငံက ဖစ်သွားတဲ့ ကိုဗစ် 19ရောဂါကြောင့် သူ့မိဘနှစ်ရောက်စလုံး ဆုံးသွားပီး ကောင်းကင်ပေါ်မှာ သူ့အမေ သူတွေ့တယ်တဲ့”ဆိုပြီးတော့ “Narr” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားတာတွေ့ရပါတယ်။ Fb link Archive link ကလေးငယ်ရဲ့ မိခင်ဟာ အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ သေဆုံးခဲ့ရတာလား။ ကလေးတွေကရော အီတလီကလားဆိုတာ အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ အမှန်မှာ ကလေးငယ်များရဲ့ မိခင်ဟာ သေဆုံးခဲ့ပြီးဖြစ်သည်။ သို့သော်လည်း ကိုရိုနာဗိုင်းရပ်စ် ကြောင့် မဟုတ်သလို အဖြစ်အပျက်ကလည်း အီတလီက အဖြစ်အပျက် မဟုတ်ပါ။ အချက်အလက်စိစစ်ချက်  ဗွီဒီယိုကို InVID ဆိုတဲ့ ဗွီဒီယိုဆန်းစစ်တဲ့ […]

Continue Reading

အီတလီမှာ ကိုရိုနာဗိုင်းရပ်စစ်လူနာတွေ လမ်းပေါ်ထားရဆိုတဲ့ သတင်းမှား

အီတလီဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုမှာ အဆိုးရွားဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံတစ်ခုပါ။ မတ် ၂၉ ရက်အထိ အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၉၀၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၁၀၀၀၀ ကျော်ရှိပြီဖြစ် တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ချက်အရ သိရပါတယ်။ စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံထက် ကူးစက်မှုနဲ့ သေဆုံးမှုပိုမိုများပြားခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အီတလီနဲ့ပတ်သက်တဲ့ သတင်းတွေဟာ ရေပန်းစားခဲ့ပါတယ်။“ဆင်ဆင်ခြင်ခြင်နေကြဘို့ သတိထားဘို့ပါ..အီတလီ နိုင်ငံရဲ့ အခြေအနေ..ဆေးရုံတွေပေါ် ထားစရာ နေရာ မရှိတော့လို့ လမ်းတွေပေါ် ထားထားရတယ်..”ဆိုပြီး “Aung Hein Htet” အမည်နဲ့အကောင့်က “သီတဂူဆရာတော်ကြီးကို ကြည်ညိုကြသူများ”၊ “မူခင်းသတင်းစုံ”၊ “ဗဟုသုတ ၊ ပုံပြင် ၊ ဝတ္ထုများ ၊ မျှဝေကြမယ်” စတဲ့ဖေ့စ်ဘွတ်အုပ်စုတွေမှာ မျှဝေထားပါတယ်။  Fb link Fb link […]

Continue Reading

အီတလီမှာ ဖုန်းကာဗာကြောင့် လူ ၅၀၀၀ ကိုရိုနာဗိုင်းရပ်စစ်ကူးစက်ခံရသလား

မတ် ၂၇ ရက် ဥရောပစံတော်ချိန် ည ၁၀ နာရီအထိ ထုတ်ပြန်တဲ့ စာရင်းအရ အီတလီနိုင်ငံမှာ လူပေါင်း ၈၀၀၀၀ ကျော် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုရှိခဲ့ပြီး လူပေါင်း ၆၀၀၀ ကျော်ထပ်မံကူးစက်ခံခဲ့ရပြီး လူနာ ၈၁၀၀ ကျော် ဒီကူးစက်ရောဂါကြောင့် သေဆုံးခဲ့ပြီဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဒီလိုအခြေအနေကြောင့် အီတလီနိုင်ငံ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုသတင်း ရေပန်းစားတဲ့ ခေါင်းစဉ်တစ်ခုဖြစ်နေပါတယ်။ “အီတလီနိုင်ငံတွင် သုတေသနပြုချက်အရ လက်ကိုင်ဖုန်း ကာဗာထဲတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးများ ခိုအောင်နေခြင်းကြောင့် ကူးစက်ခံရသူ ၅၀၀၀ ကျော်ရှိခဲ့ကြောင်းတွေ့ရပြီး.. လက်ကိုင်ဖုန်း ကာဗာများ ကို ဖြုတ်ခွာ သုံးစွဲလျင် ပို၍ ဘေးအန္တရာယ်ကင်းပါတယ်” ဆိုပြီး Aung Naing Htwe အမည်နဲ့အကောင့်က ရေးသားထားပါတယ်။ Fb link Archive link […]

Continue Reading

ရင်ထဲထိစေတဲ့ သားမိပုံက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတာလား

တကိုယ်လုံးနီးပါ ပလက်စတစ်အိတ်စွပ်တဲ့အမျိုးသမီးတစ်ဉီးက ကလေးငယ်လေးကိုပွေ့ချည်ထားတဲ့ ဓာတ်ပုံတစ်ပုံ လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ “ရင်ထဲထိစေတဲ့ အီတလီက သားမိပုံ၊ ကိုရိုနာကူးစပ်ခံထားရတဲ့အမေနဲ့ ၊အမေမှအမေဆိုပြီး ပူးကပ်နေတဲ့ သားငယ်”ဆိုပြီးတော့ “နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ”၊ “search Myanmar” နဲ့ “မြန်မာတိုင်းရင်းဆေးများ” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာတွေ အောက်ပါအတိုင်းမျှဝေထားပြီး ဖေ့စ်ဘွတ်သုံးစွဲသူတွေက ပြန်လည်မျှဝေတာများပြားခဲ့ပါတယ်။ Fb link Fb link Fb link Archive link Archive link Archive link အမျိုးသမီးငယ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတာတကယ်လား။ အချက်အလက်စိစစ်ချက် Google မှာပုံပြောင်းပြန်ရှာနည်းအသုံးပြုပြီး ရှာဖွေကြည့်ရမှာအောက်ပါအတိုင်းတွေ့ရပါတယ်။ လင့်တွေကိုထောက်ကြည့်လိုက်တဲ့အခါမှာ ဒီပုံဟာ ၂၀၁၉ ခုနှစ် ဇူလိုင်လကတည်း အွန်လိုင်းမှာ ပျံ့နှံ့နေခဲ့ပြီးဖြစ်ပါတယ်။ အစောဆုံး အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တဲ့ လင့်တွေကို ကြည့်ရင် တူရကီဘာသာနဲ့ ပျံ့နှံခဲ့တာတွေ့ရပါတယ်။အောက်ပါ လင့်တွေမှာ […]

Continue Reading

ဆီနီဂေါနိုင်ငံမှာ ကူညီကယ်ဆယ်ရေးဇာတ်တိုက်လေ့ကျင့်မှုကို အီတလီနိုင်ငံအခြေ အနေအဖြစ်ဖော်ပြနေတဲ့ ဗွီဒီယိုသတင်းမှား

အီတလီဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုမှာ အဆိုးရွားဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံတစ်ခုပါ။ ၂၄ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်တဲ့ မတ် ၂၄ ရက်အခြေအနေအရ အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၀၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၆၀၀၀ ကျော်ရှိပြီဖြစ်ပါတယ်။ စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံထက် သေဆုံးမှုများပြားခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ “Ye Htet”အမည်နဲ့အကောင့်လည်း အီတလီအခြေအနေဆိုပြီးတော့ မတ် ၂၂ ရက်က အခုလိုမျှဝေထားရာမှာ လူမှုကွန်ယက်သုံးစွဲသူ ၆၀၀၀၀ ကျော်က ပြန်လည်မျှဝေခဲ့တာတွေ့ရပါတယ်။ “ခြောက်ခြားစရာကောင်းလိုက်တာဗျာ၊လတ်တစ်လော အီတလီရှိ COVID-19 ရဲ့ ရက်စက်မှု”ဆိုပြီးတော့ “လောကချမ်းသာ”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ မတ် ၂၃ ရက်က မျှဝေထားတာတွေ့ရပါတယ်။ Fb link Fb link Archive link Archive link ဒီဗွီယိုဟာ တကယ်ပဲ အီတလီမှာဖြစ်ပျက်ခဲ့တာလား။ […]

Continue Reading