ကျေးရွာမီးလင်းရေးနဲ့ပတ်သက်ပြီး ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားတွေ စကားများပြီး ကိုယ်စားလှယ်တွေ အရိုက်ခံရကာ ထွက်ပြေးခဲ့ရတယ်ဆိုတဲ့ ဗွီဒီယိုဖိုင်အမှား

စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် သရက်ပင်စုကျေးရွာမီးလင်းရေးနဲ့ပတ်သက်ပြီး ဒေသခံရွာသားတွေနဲ့ လွှတ်တော်ကိုယ်စားတွေ အပြန်အလှန်စကားများရာကနေ ရွာသားတွေက လွှတ်တော်ကိုယ်စားလှယ်တွေကို လိုက်ရိုက်ကြတာကြောင့် ကိုယ်စားလှယ်တွေ ထွက်ပြေးခဲ့ရတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့ဘွတ်စာမျက်နှာမှာ ပြန်နှံ့ခဲ့ပါတယ်။ “အဲ့မှာဂွမ်းပြီပေါ့ မဲလိုချင်လို့ အနားနီးမှ အပေါ်ယံတွေနှမ်းဖြူးတော့”ဆိုတဲ့ ခေါင်းစဥ◌်နဲ့ “မီးလင်းရေးအတွက် လွှတ်တော်ကိုယ်စားလှယ်ကြီးက အချွေအရန်တွေနဲ့လာတယ်လို့ဆိုပါတယ်၊ ပြည်သူတွေက ရွေးကောက်ပွဲနီးမှ ဘာမီးလင်းရေးလဲ၊ ကျန်တဲ့အချိန်တွေက ဘယ်ရောက်နေလဲ လို့မေးခွန်းတွေမေးရာကနေ ကိုယ်စား လှယ်တော်ကြီးရဲ့ ဒေသခံကိုယ်စာလှယ်နဲ့ စပြီးပြသနာတတ်တယ်လို့ဆိုပါတယ်၊ အဲ့ဒီမှာရွာသားတွေက ပိုက်ဆံပေးဖို့ဆိုမလာဘူး ၊ ပိုက်ဆံယူဖို့ဆိုလာတယ် ၊ ငါတို့မှာ ပြဲနေအောင်လုပ်ရတယ်ဆိုပြီး အနားရှိတဲ့ ထန်းတုန်းနဲ့ လိုက်ထုကြတာ ကိုယ်စားလှယ်တော်ကြီးရော ကိုယ်စားလှယ်ရဲ့ ကိုယ်စားလှယ်ပါ ပြေးပေါက်တွေ မှားကုန်တယ်လို့သိရပါတယ်”ဆိုပြီး “Nay Thway” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထား အောက်ပါအတိုင်းတွေ့ရပါတယ်။ FB Link Archive […]

Continue Reading

ခင်ဦးမြို့မ‌ေစျးက ငါးခြောက်တုလို့ ပြန်လည်မျှဝေနေတဲ့ သတင်း

ခင်ဦးမြို့မဈေးထဲက ငါးခြောက်တုလို့ သံသယရှိမှုကြောင့် တာဝန်ရှိသူတွေက ဝင်ရောက်စစ်ဆေးတဲ့ ဓာတ်ပုံကို ငါးခြောက် အတုများဆိုပြီး CeleClub ကရေးသားထားပါတယ်။ သတင်းစာကိုယ်ထဲမှာတော့ တိုင်တန်းချ က်ကြောင့် ဝင်ရောက်စစ်ဆေးပြီး အတုလိုထင်ရဲ့ ငါးခြောက်တွေကို ဓာတ်ခွဲစမ်းသပ်ဖို့ ယူသွားတယ်လို့ ရေးထားပေမဲ့ ခေါင်းစဥ◌်မှာ ငါးခြောက်တုတွေတဲ့ဆိုပြီး ဓာတ်ပုံမှာရေးသားထားပါတယ်။  အချက်အလက်စိစစ်ချက် ၁။ဒီသတင်းကို စိစစ်တဲ့အခါမှာ အစိုးရတာဝန်ရှိသူတွေဟာ ခင်ဦးမြို့မ‌စျေးကို ၂၀၂၀ ဖေဖော်ဝါရီ ၂၄ ရက်က ဝင်ရောက်စစ်ဆေးခဲ့တာမှန်ပေမဲ့ ငါးခြောက်တုလို့ အတည်ပြုတာမျိုးတော့ မတွေ့ရပါဘူးလို့ Eleven Media Group ရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။ ၂။ မတ် ၂ ရက်နေ့ရက်စွဲနဲ့ The Voice က ဖော်ပြတဲ့သတင်းမှာလည်း ဝင်ရောက်စစ်ဆေးတာမှန်ပေမဲ့ သံသယရှိတဲ့ ငါးခြောက်နာမူနာတစ်ချို့ကို ဓာတ်ခွဲခန်းပို့ထားဆဲဖြစ်ပြီး အဖြေမထွက်သေးဘူးလို့ စစ်ဆေးရာမှာပါဝင်တဲ့ […]

Continue Reading