Fact Check: KNDF ကိုလေယာဉ်ပစ်လက်နက် အမေရိကန်ပေးမယ်ဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား
ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) ကိုလေယာဉ်ပစ်လက်နက်ပေးဖို့ အမေရိကန် အတည်ပြု ကြေညာလိုက်တယ်လို့ဆိုထားတဲ့ သတင်းမှားပို့စ်တစ်ခု ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဖေဖော်ဝါရီ ၂၄ ရက်ကစတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှူ့မှုပေါင်း ၂ သိန်းကျော်ရရှိ ထားတယ်။ “အမေရိကန်ကတော့ အလုပ်နဲ့ သက်သေပြလိုက်ပြီ KNDF ကို လေယာဉ်ပစ်လက်နက်ပေးဖို့ အမေရိကန် အတည်ပြုကြေညာ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖော်ပြထားတဲ့ Mandalay Khit Thit အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာ သို့မဟုတ် ဖေ့စ်ဘွတ်အသုံးပြုတွေက မူလက ဖော်ပြခဲ့ပြီးဖြစ်တဲ့ အကြောင်းအရာတွေကို နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တွေ သို့မဟုတ် […]
Continue Reading