Fact Check: အမေရိကန်စက်လက်နက်တွေ KNU စတင်အသုံးပြုနေပြီဆိုတဲ့သတင်းမှား

အမေရိကန်ပေးတဲ့ စက်သေနတ်တွေ ကရင်အမျိုးသားအစည်းအရုံး (KNU)က စတင်အသုံးပြုနေပြီဆိုတဲ့ ပို့စ် တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိပါတယ်။ KNU ပြော‌ရေးဆိုခွင့်ရပုဂ္ဂိုလ်နဲ့ အင်တာဗျူးကို ခေါင်းစဉ်တုနဲ့ ဖြန့်ချိနေခြင်း ဖြစ်ပါတယ်။  “The Friday News” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါ အတိုင်းမျှဝေထားတာ တွေ့ရပါတယ်။ “KNU ထံ အမေရိကန် ထောက်ပံ့မှု ရောက်ပြီဗျို့”လို့ ပို့စ်မှာရေးသားထားပြီး ဗွီဒီယိုအစမှာပြသတဲ့ ဓာတ်ပုံစာသားထဲမှာ တော့ “အမေရိကန် စက်လက်နက်တွေ ၂၄ ရက်က KNU စတင်အသုံးနေပြီ KNU ကြေညာ”လို့လည်း‌ရေးသား ထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာဟာ […]

Continue Reading

Fact Check: ရဟတ်ယာဉ် ၃ စီးကို KNU နဲ့ KIO ကပစ်ချလိုက်ပြီဆိုတဲ့ သတင်းမှား

ရဟတ်ယာဉ် ၃ စီးကို KNU နဲ့ KIA ကပစ်ချလိုက်ပြီလို့ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ လျက်ရှိပါတယ်။ သတင်းတုဖြစ်ပါတယ်။ “Ly La” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက နိုဝင်ဘာ ၁၆ ရက်မှာ “ပစ်ချခံရ။မသာပေါ်ကုန်ပီ”လို့ ရေးသားပြီး ဗွီဒီယိုတစ်ခုကို အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုအစမှာပြသတဲ့ thumbnail စာသား မှာလည်း“၁၆ ရက်နေ့ ရဟတ်ယာဉ် (၃) စီး KNU နဲ့ KIO ပစ်ချလိုက်ပြီ”လို့ရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ယနေ့ လေယာဉ်နဲ့ KNU ထိန်းချုပ်နယ်မြေမှာတိုက်ခိုက်ခံရပြီး လူတွေထိခိုက်သေဆုံးခဲ့တဲ့သတင်းဟာ လူမှုကွန်ယက်မှာစိတ်ဝင်စားမှုရရှိနေတဲ့သတင်းဖြစ်ပါတယ်။ တကယ်တော့ ဗွီဒီယိုထဲကအသံဖိုင်ပါအကြောင်း အရာ ယနေ့ရေပန်းစားခဲ့တဲ့ […]

Continue Reading

Fact Check: KNU က ထိုင်းရဲကို ဗုံးခွဲတိုက်ခိုက်လို့ ဒုက္ခသည်စခန်းများ မထားရန် ထိုင်းပြည်သူတွေတောင်းဆိုတဲ့သတင်းမှား

ထိုင်းနိုင်ငံမှာ  လမ်းဘေးဗုံးပေါက်ကွဲပြီး ရဲအရာရှိတစ်ဦးသေဆုံးမှုကြောင့် ကရင် အမျိုးသားအစည်းအရုံး (KNU)နဲ့ဆက်နွယ်နေသည့် ဒုက္ခသည်စခန်းများမထားရန် ထိုင်းပြည်သူများက တောင်းဆိုနေတယ်ဆိုပြီး  ရေးသားဖြန့်ဝေနေတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့ပါတယ်။  တကယ်တော့ ဓာတ်ပုံဟာ ထိုင်းနိုင်ငံတောင်ပိုင်းက ခွဲထွက်အဖွဲ့က  ၂၀၁၉ ခုနှစ်အတွင်းမှာ ဗုံးခွဲတိုက်ခိုက်မှုက ဓာတ်ပုံကဖြစ်ပါတယ်။  “ထိုင်းဝန်ကြီးချုပ်ပရာယွတ်အာဏာပြန်ရ လျင်ရခြင်း အရေးပေါ်ညွှန်ကြားချက် ထုတ်ပြန် ************************************** 30-9-2022 ထိုင်းနိုင်ငံ လမ်းဘေးဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ရဲအရာရှိတဦးသေဆုံးခဲ့မှု အပေါ်  ဆက်စပ်မှု အဖြစ်  ပြဿနာဖြစ်ပွားရာ    KNU ဆက်နွယ် သော     ဒုက္ခသည်စခန်းများ မထားရန် ထိုင်း ပြည်သူများတောင်းဆိုချက်အရ.  KNU ဒုက္ခ သည်စခန်းတွေကို ထိုင်းစစ်တပ်မှဝင်ရောက် စီးနင်းရှာဖွေနေသည် ၊ လတ်တလောပိတ်ဆို့မှုအရ ထိုင်း/မြန်မာနယ်စပ်   တလျောက်  ထိုင်းစစ်တပ် […]

Continue Reading

Fact Check: CDM စစ်သား ၅ ဦး KNU ကသတ်ပစ်လိုက်ပြီဆိုတဲ့သတင်းမှား

အာဏာဖီဆန်ပြီး CDM ပြုလုပ်ထားတဲ့ စစ်ကောင်စီတပ်သား ၅ ဦးကို ကရင်အမျိုးသားအစည်းအရုံး (KNU )က သတ်ပစ်လိုက်ပြီဆိုပြီး ဖေ့စ်ဘွတ် အသုံးပြုသူတွေရဲ့ ကြားမှာပျံ့နှံ့ခဲ့ပါတယ်။ ဝါးထရံကိုကျောပေးရပ်နေတဲ့ အမျိုးသား ၅ ဦးရဲ့ ရိုက်ထားတဲ့ ဓာတ်ပုံဟာ ပစ်သတ်ခံရတဲ့ ခမရ ၁၀၂ က စစ်သား ၅ ဦးရဲ့ ဓာတ်ပုံဖြစ်တယ် လို့လည်း ဒီပို့စ်မှာပါဝင်ပါတယ်။  တကယ်တော့ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ “ခမရ ၁၀၂ က စစ်သည် ၅ ဉီး လက်နက်နဲ့  တောခိုသွားတော့ နီပိတ်တွေက warmly  welcome people’s soldier ဆိုပြီး ပျော် ပြနေတာ အမြင်ကပ်လောက်အောင်ပဲ။ KNU ကလည်း ကောင်းမွန်စွာ လက်ခံ၊ကျွေးမွေး ထားပါတယ်ဆိုပြီး ထမင်းကျွေး၊ကော်ဖီတိုက်တဲ့  ဓာတ်ပုံတွေရိုက် […]

Continue Reading

Fact Check: PDF တွေ အိမ်မပြန်ရင် နစကထံအပ်နှံမယ်လို့ KNU တာဝန်ရှိသူက ပြောနေတာလား-မဟုတ်ပါ

PDF တွေ အိမ်မပြန်ရင် နစကထံအပ်နှံသွားမယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောကြားချက် ဗွီဒီယိုလို့ ဆိုထားတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ ၂၈ စက္ကန့်ရှည်လျားတဲ့ ဗွီဒီယိုထဲမှာ ဗိုလ်စလုံးက PDF တွေကို အိမ်ပြန်ဖို့နဲ့ မပြန်ရင် နစကလက်အပ်မယ်လို့ ပြောနေတာပါ။ တကယ်တော့ အသံပိုင်းဆိုင်ရာ ပြုပြင်ပြောင်း လဲထားတဲ့ ဗွီဒီယိုဖြစ်တာတွေ့ရပါတယ်။ “KNU များအနေဖြင့် PDF များကို NUG ထံမှ မျောက်ပြ ဆန်တောင်းသဘောမျိုးဖြင့် လက်ခံထားရာမှ KNU တပ်မဟာ ၅ နှင့် ၆တို့ကို …တပ်မတော်မှ ဖွတ်ဖွတ်ကြေအောင် ထိုးစစ်ဆင်လိုက်ရာမှစ၍ စစ်ပွဲကိုဆက်တိုက် နေခြင်းသည် ၎င်းတို့အတွက် အကျိုးအမြတ်မရှိ  ငြိမ်းချမ်းရေးရယူခြင်းဖြင့်သာ  အကျိုးရှိနိုင်မည်ကို သိမြင်လာ သဖြင့် လက်ရှိ မိမိတို့ထံတွင် ခိုလှုံနေသည် PDF များကို ၎င်းတို့၏ […]

Continue Reading

Fact Check: KNU ကအလင်းဝင်လာတဲ့ဗိုလ်မှူးနဲ့ပတ်သက်ပြီး ထုတ်ပြန်ချက်ဆိုပြီးတော့ သတင်းတုဖြန့်

အလင်းဝင်လာတဲ့ ဗိုလ်မှူးတင်လင်းအောင်၊တပ်သားဟိန်းမင်းထွေးတို့မှာစစ်တပ်က သူရဲကောင်းမှတ်တမ်း ရရှိထားသူတွေဖြစ်လို့ သတိထားဖို့နဲ့ စစ်တပ်က လာရောက်ပူးပေါင်းတဲ့သူတွေကို သတိထားစောင့်ကြည့်ဖို့ ကရင်အမျိုးသားအစည်းအရုံး(KNU)ကထုတ်ပြန်ချက်ဆိုပြီးတော့ထုတ်ပြန်ချက်အတုတစ်ခုပျံ့နှံ့ခဲ့ပါတယ်။ “May La Minn”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက“အလင်းဝင်ရောက်လာသူ  ဗိုလ်မှူးတင်လင်းအောင် နဲ့ ပတ်သတ်ပြီး  ကရင်အမျိုးသားအစည်းအရုံး(KNU) ၏အသိပေးထုတ်ပြန် ကြေညာချက်,,, #crdphoto  (3•4•2022)mlm” စသည်ဖြင့် ရေးသားပြီးအောက်ပါအတိုင်းမျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် KNU ဒူးပလာယာခရိုင်က အလုပ်အမှုဆောင်ကော်မတီက ဒီထုတ်ပြန်ချက်ဟာ အတုဖြစ်တယ်လို့ ၎င်းတို့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာက တစ်ဆင့်ရှင်းလင်းထားတာတွေ့ရပါတယ်။  “ယခု ထုတ်ပြန်ချက်သည် စာအတုဖြစ်ပြီး KNU ကော့ကရိတ် မြို့နယ်၏ ထုတ်ပြန်ချက် မဟုတ်ကြောင်း အသိပေးအပ်ပါသည်” မူရင်းလင်ခ့် – ဒူးပလာယာခရိုင် |  Archive link   KNU […]

Continue Reading

Fact Check: အာဖဂနစ္စတန်မှာ ရဟတ်ယာဉ်ပျက်ကျမှုကို KNU က ပစ်ချလိုက်တဲ့ ရဟတ်ယာဉ်ပုံဆိုတဲ့ သတင်းမှား

စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ်ပျက်ကျမှု ဓာတ်ပုံ ၂ ပုံနှင့်တကွ ကရင်အမျိုးသားအစည်းအရုံး(KNU)က ရဟတ် ယာဉ်တစ်စီးကိုပစ်ချလိုက်တယ်လို့ ရေးသားမျှဝေထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ် အသုံးပြုသူထောင်ဂဏန်းက ပြန်လည်မျှဝေနေပါတယ်။ ရဟတ်ယာဉ်ပျက်ကျမှုမှာ လေယာဉ်မှူးအပါအဝင် ၉ ဦးဖမ်းဆီးရခဲ့တယ်လို့လည်း ရေးသားထားပါတယ်။ သို့သော်လည်း သတင်းဟာ မှားယွင်းပြီး ဓာတ်ပုံတွေဟာ ၂၀၂၀ ခုနှစ် နိုဝင်ဘာက အာဖဂနစ္စတန်မှာ ရဟတ် ယာဉ်တစ်စီးပျက်ကျစဉ်က ဓာတ်ပုံတွေဖြစ်ပါတယ်။ “သတင်းမှန်👏👏 KNU တပ်မဟာ ၅ နယ်မြေအားစစ်ကောင်စီ အကြမ်ဖက်သူပုန်မှ ရဟတ်ယာဉ် ဖြင့်တိုက်ခိုက်ရာKNU မှ ပြန်လည်ပစ်ခတ်ရာမှလေယာဉ် ပျက်ကျ ထပ်မံ၍  လေယာဉ်မှူးအပါဝင် ၉ ဦးဖမ်းဆီးရမိ”လို့ရေးသားပြီး “Khin Hnin Se Nyo”အမည်နဲ့ဖေစ့်ဘွတ် အသုံးပြု သူက မျှဝေထားရာမှာ ၁၂ နာရီအတွင်း ပြန်လည်မျှဝေမှု ၂ ထောင် […]

Continue Reading

Fact Check: ဆီရီးယားမှာရဟတ်ယာဉ် ပြစ်ချခံရမှုကို မြန်မာနိုင်ငံက အဖြစ်အပျက်အဖြစ်ဖော်ပြ

ကရင်အမျိုးသားအစည်းအရုံး(KNU)က ရဟတ်ယာဉ်တစ်စီးပစ်ချခဲ့တယ်လို့ ရေးသားမျှဝေထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ပေါင်းများစွာ ပြန်လည်မျှဝေနေပါတယ်။ “#ယနေ့ KNU မှ ပုဇင်းတကောင် ဖမ်းမိသွားကြောင်း”လို့ရေးသားပြီး “Bay Gyi”အမည်နဲ့ဖေစ့်ဘွတ် အသုံးပြု သူက မျှဝေထားရာမှာ ၁၂ နာရီအတွင်း ပြန်လည်မျှဝေမှု ၅ ထောင်ကျော်ရှိပါတယ်။ တူညီစွာ ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  သို့သော်လည်း ဒီသတင်းဟာ မှားယွင်းပြီး KNU ဘက်က ရဟတ်ယာဉ်ပစ်ချခဲ့တဲ့ အထောက်အထား မတွေ့ရပါဘူး။ အချက်အလက်စိစစ်ချက် ကရင်အမျိုးသား အစည်းအရုံး(KNU)ရဲ့ သတင်းနှင့်ပြန်ကြားရေးဌာနဖြစ်တဲ့ KIC သတင်းစဉ်မှာ သတင်း ဖော်ပြချက်မတွေ့ရပါဘူး။ အခြားသောသတင်းဌာနတွေမှာလည်း ဒီလိုရဟတ်ယာဉ်ပျက်ကျတဲ့ ဖြစ်စဉ် သတင်းဖော်ပြချက် […]

Continue Reading