၂၉ ရက်နေ့ညသန်းခေါင်ယံအချိန်မှာမုန်တိုင်း ဖြတ်သွားမည့်ဒေသများဆိုတဲ့ လှည့်စားထားတဲ့သတင်းမှား
မြန်မာနိုင်ငံကို မုန်တိုင်းဝင်ရောက်နိုင်တယ်ဆိုပြီးတော့ နိုင်ငံကတာသတင်းဌာနတွေမှာ ဖော်ပြလာချိန်မှာပဲ ဧပြီ ၂၆ ရက်က aungthapyay.xyz အမည်နဲ့ဝက်ဘ်ဆိုဒ်ကရေးသားတဲ့ မုန်တိုင်းသတင်းတစ်ခုကို “အားလုံးသိအောင် Share ပေးပါ လာမည့် ၂၉ ရက်နေ့ည သန်းခေါင်ယံအချိန်မှာ ဝင်မည့် မုန်တိုင်းနဲ့ ဖြတ်သွားမည့် ဒေသများ” ဆိုပြီးတော့ “Hein Zaw” အမည်နဲ့ဖေ့စ်ဘွတ်အကောင့်ကမျှဝေလာပါတယ်။ Fb link Archive link မျှဝေထားတဲ့ လင့်ခ်ကို ဝင်ရောက်ရောက်ကြည့်ရှု့မယ်ဆိုရင် aungthapyay.xyz အမည်နဲ့ ဝက်ဘ်ဆိုဒ်က အောက်ပါတိုင်းရေးသားထားတာတွေ့ရပါတယ်။ “လာမည့် ဧပြီ ၂၉ ရက်မှာ မုန်တိုင်းဖြတ်သန်းမယ့် ဒေသများစာရင်းပါတဲ့…အားလုံး သတိထားနိုင်အောင်ဖတ်ပြီး မှတ်ထားကြပါနော်…..ဧပြီ ၂၉..ညသ န်းခေါင်ယံအချိန်တွင် စစ်တွေမြို့အောက်ဘက် မြေပုံမြို့ နှင့် ကျောက်ဖြူမြို့ ကြားလောက်မှနေ၍ကုန်းပေါ်သို့ ဝင်ရောက်နိုင်ပြီး …– မကွေးတိုင်းဒေသကြီး ကမ္မမြို့ကို […]
Continue Reading