COVID-19 လူနာအမှတ် ၃၁၁ ဟာ လာအိုက ခိုးပြန်လာသူဖြစ်ပြီး YBS-90 စီးနင်းခဲ့တယ်ဆိုတဲ့ သတင်းမှား

မြန်မာနိုင်ငံမှာ ဇူလိုင် ၆ ရက်နေ့အထိ COVID-19 အတည်ပြုလူနာ ၃၁၃ အထိရှိလာပြီဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒီအရေအတွက်ထဲမှာ ပြည်တွင်းကူးစက်မှုနည်း ပါးပြီး များစုဟာ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူတွေဖြစ်တာတွေ့ရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ပြည်ပကပြန်လာသူတွေနဲ့ ပတ်သက်တဲ့ COVID-19 သတင်းတွေဟာ လူမှုကွန်ယက်မှာ ရေးပန်းစားလေ့ရှိပါတယ်။ အခုတစ်ခါမှာလည်း လူနာအမှတ် ၃၁၁ ဟာ လာအိုကနေ တရားမဝင်ဝင် ရောက်လာပြီး၊ ရန်ကုန်မှာ အများပိုင်သယ်ယူပို့ဆောင်ရေးယာဉ်ကို အသုံးပြုခဲ့ကြောင်း မျှဝေခဲ့တာတွေ့ရှိပါတယ်။ “Wai Yan Aung”၊ “Zaw Zaw Oo”စတဲ့ဖေ့စ်ဘွတ်သုံးစွဲသူတွေက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ Fb link Fb link Archive link Archive link အချက်အလက်စိစစ်ချက် လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့နေတဲ့ COVID-19 လူနာအမှတ် C-311 […]

Continue Reading

ညကအုပ်စုဖွဲ့ရမ်းကားသူများအားထိန်းသိမ်းဆိုတဲ့ သတင်းတု

COVID-19 ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့အတွက် မြန်မာနိုင်ငံတစ်ဝှမ်းမှာ လူ ၅ ဉီးထပ်ပိုစုဝေးခြင်းမပြုရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာထားပြီး ရောဂါကူးစက်မှုများပြားတဲ့ မြို့နယ်တွေမှာ အိမ်အတွင်းပဲနေထိုင်ဖို့ ညွှန်ကြားထားပါတယ်။ ဒီလိုပဲ ညမ ထွက်ရအမိန့်တွေကို သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်အလိုက် အစိုးရက ကောင်ထည်ဖော်နေချိန်မှာ “Kozawgyimps Kozawgyimps” အမည်နဲ့ဖေ့စ်ဘွတ်သုံး စွဲသူက “ညကအုပ်စုဖွဲ့ရမ်းကားသူများအားထိန်းသိမ်း”ဆိုပြီး ပို့စ်တစ်ခုကို မျှဝေလာပါတယ်။ Link Archive link ဘယ်နေရာ ဘယ်အချိန်မှာဖြစ်ပျက်ခဲ့သလိုဆိုတာကို ဖော်ပြထားခြင်းမရှိပေမဲ့ ဒီသတင်းကို ဖေ့စ်ဘွတ်သုံးစွဲသူ ၂ ထောင်ကျော်က ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ပထမဆုံးဉီးစွာ Google မှာပုံပြောင်းပြန်ရှာနည်းနဲ့ ဓာတ်ပုံကို ရှာဖွေကြည့်ရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ ဒေသတွင်းမူးယစ်ဆေးဝါးနှင့်ဆက်နွယ်သောအကြမ်းဖက်မှုများတွင်ပါဝင်ပတ်သက်မှုရှိသည်ဟုသံသယရှိသူ ၈ ဦး အားဖမ်းဆီးခဲ့တဲ့သတင်းကို Cambodia News English အမည်နဲ့သတင်းဝက်ဘ်ဆိုက်က […]

Continue Reading