Fact Check: Glory of The Special Forces ဇာတ်လမ်းတွဲက မြင်ကွင်းဗွီဒီယိုကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအဖြစ်မျှဝေ

စက်တင်ဘာ ၁၀ ရက်နေ့က စစ်ကောင်စီရဲ့ လူမဆန်တဲ့ ပစ်ခတ်မှုလို့ရေးသားပြီး ဗွီဒီယိုဖိုင်တစ်ဖိုင်ကို ဖေ့စ်ဘွတ် အသုံးပြုသူအများအပြားက မျှဝေလျက်ရှိပါတယ်။ ၁၅ စက္ကန့်ရှည်လျားတဲ့ ဒီဗွီဒီယိုမှာ လူနေအိမ်တွေ‌ ပေါ်မှာ ကောင်းကင်ကလာတဲ့ လက်နက်ကြီးထိမှန်ပေါက်ကွဲနေတဲ့မြင်ကွင်းတွေပါဝင်ပါတယ်။ ဒီဗွီဒီယိုပျံ့နှံ့လာချိန်ဟာ မြန်မာ-အိန္ဒိယနယ်စပ်၊ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ထဲက လုံလဲရ်(Lungler) ကျေးရွာကို စက်တင်ဘာလ ၁၀ ရက် နေ့လယ်ပိုင်းက စစ်တပ်က တိုက်လေယာဉ်အသုံးပြု ပစ်ခတ်တိုက်ခိုက်မှု နဲ့လည်း တိုက်ဆိုင်နေပါတယ်။  သို့သော်လည်း ဒီဗွီဒီယိုဟာ ပြီးခဲ့တဲ့နှစ်များအတွင်းကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတဲ့ ဗွီယိုဖိုင်ဖြစ်ပြီး မြန်မာနိုင်ငံက မဟုတ်တာတွေ့ရပါတယ်။   “စက်တင်ဘာ ၁၀ ရက်နေ့ မနက်ပိုင်းကပြစ်ခတ်မှု စစ်ကောင်စီရဲ့လူမဆန်စွာပြည်သူတေနှိပ်စက်တဲ့ ဗီဒီယိုဖိုင်”လို့ရေးသားပြီး “Tin Myint Aung”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြု သူက မျှဝေထားတာ အောက်ပါ အတိုင်း […]

Continue Reading