Fact Check: မန္တလေးမှာ မိန်းကလေးတစ်ယောက်ကို ဖမ်းဆီးမှုဓာတ်ပုံ ဟောင်းကို ယနေ့အဖြစ်အပျက်အဖြစ်မျှဝေ
ဓာတ်ပုံ ၂ ပုံနှင့်အတူ ဧပြီ ၂ ရက်နေ့က မန္တလေးမှာ မိန်းကလေးတစ်ယောက်ကို လည်ပင်းကြိုးကွင်းစွပ်ပြီး ဖမ်းဆီး ခေါ်ဆောင် သွားတယ်လို့ ရေးသားထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ပေါင်းများစွာ ပြန်လည်မျှဝေနေပါတယ်။ ရဲဝတ်စုံနဲ့အမျိုးသားများက မိန်းကလေးတစ်ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ယူဆရတဲ့ ဓာတ်ပုံ ၂ ပုံနှင့် အတူမျှဝေထားတာဖြစ်ပါတယ်။ သို့သော်လည်း ဓာတ်ပုံမှတ်တမ်းတွေကို ပြန်လည်ရှာဖွေကြည့်ရာမှာ ရဲတပ်ဖွဲ့ဝင်အမျိုးသားတွေက အမျိုးသမီး တစ်ယောက်ကို မန္တလေးမှာဖမ်းဆီးခဲ့တဲ့ အဖြစ်အပျက်ဟာ ဖေဖော်ဝါရီ ၉ ရက် ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရပါတယ်။ “မန်းလေးမှာ ယနေ့ မိန်းကလေးတစ်ယောက်ကိုကြိုးကွင်းစွပ်ပီးခေါ်သွားတာ 2.04.2021 crd 😭😭😭😭😭 ကူရှယ်ပေးကြပါအုံး”လို့ရေးသားပြီး “K Khing”အမည်နဲ့ဖေစ့်ဘွတ် အသုံးပြုသူက မျှဝေထားရာမှာ ၄ နာရီအတွင်း ပြန်လည်မျှဝေမှု ၈ ထောင်ကျော်ရှိပါတယ်။ […]
Continue Reading