Fact Check: သတိ- Facebook အမည်နှင့် Messenger အမည်အသုံးပြုပြီး ကိုယ်ပိုင်အချက်အလက်များကို တောင်းယူနေပါသည်
(Facebook )ဖေ့စ်ဘွတ် စာမျက်နှာအများအပြားကို မူဝါဒနှင့်မညီညွှတ်မှုကြောင့် အတည်ပြုတာ လုပ်ခိုင်းတဲ့ ဖေ့စ်ဘွတ်စာ မျက်နှာတစ်ခုကို Fact Crescendo Myanmar က သတိပြုမိပါတယ်။ အလားတူ Messenger (မက်ဆေ့ဂျာ) နောက်ဆုံးထွက်ဗားရှင်း ရရှိဖို့အတွက် အတည်ပြုချက်ရယူပါလို့ ဖော်ပြနေတဲ့ ပို့စ်တွေကိုလည်း ဒီရက်ပိုင်းအတွင်းမှာတွေ့ရပါတယ်။ ဖေ့စ်ဘွတ်အမှတ်တံဆိပ်နဲ့ “Blue Vèrification Badge Page Security”ဆိုတဲ့ စာမျက်နှာဟာ Fact Crescendo Myanmar အပါအဝင် စာမျက်နှာပေါင်းများစွာကို ဖေ့စ်ဘွတ်ရဲ့ အတုအပပြုလုပ်မှုဆိုင်ရာ မူဝါဒနဲ့ ညှိစွန်းနေတဲ့ အတွက် အောက်ပါလင့်ခ်ကို နှိပ်ပြီး အတည်ပြုချက်ရယူဖို့နဲ့ မလုပ်ရင် အကောင့်ကို ဖျက်သိမ်းမယ်ဆို ပြီးတော့ ရေးသားထားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံက အဖွဲ့အစည်းများနဲ့ သတင်းဌာနအများစုကို အခုလို ဖော်ပြခဲ့တဲ့ ဒီနာမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာဟာ အခုချိန်မှာတော့ ဖေ့စ်ဘွတ်မှာတွေ့ရှိရခြင်း […]
Continue Reading