Fact Check: ၂၄ နာရီ လျှပ်စစ်မီးပေးမယ်လို့ စစ်တပ်ထိန်းချုပ်ထားတဲ့ ရုပ်သံက ကြေညာခဲ့သလား- မဟုတ်ပါ

၂၄ နာရီ လျှပ်စစ်မီးပေးမယ်လို့ စစ်တပ်က သူတို့ထိန်းချုပ်ထားတဲ့ MRTV ရုပ်သံသတင်းက တဆင့် ကြေညာခဲ့တယ်လို့ ဆိုထား ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ ဒီပို့စ်တွေမှာ လူမှုကွန်ယက်အသုံးပြုသူတွေရဲ့ တုန့်ပြန်မှုကို လေ့လာရာမှာ အများစုက သရော်စာ တခုအဖြစ်သာ နားလည်ပေမဲ့ တချို့ကတော့ လျှပ်စစ်မီး ၂၄ နာရီ ပေးမယ်လို့ အမှန်တကယ်ကြေညာခဲ့သလားဆိုတာကို ဝေခွဲမရဖြစ်နေတာတွေ့ရပါတယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “(၂၄)နာရီ လျှပ်စစ်မီး အပြည့်အဝ ပေး​တော့မည်ဖြစ်၍ မီတာခကိုပါ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ကြေညာသွားသည်။😳😳” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဒီလိုမျှဝေထားတဲ့ အကြောင်းအရာဟာ သရော်ထားခြင်းသာဖြစ်ပါတယ်။ ဒီလို ရေးသားမျှဝေထားတဲ့ ဖေ့စ်ဘွတ်အကောင့်ကိုလေ့လာကြည့်မယ်ဆိုရင်လည်း […]

Continue Reading

“တပ်မတော်အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့်”လို့ MRTV ကြေညာခဲ့ခြင်းမရှိပါ

“ဖေမြင့်တို့ ကတော့ လုပ်ချလိုက်ပြီ တပ်မတော် အကြမ်းဖက် သောင်းကျန်းသူများတဲ့ သေပြီဆရာ”ဆိုပြီးတော့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက သတင်းတင်ဆက်မှု ဗွီဒီယိုတစ်ခုကို “Aung Naing Htwe”အမည်နဲ့ဖေ့စ်ဘွတ် သုံးစွဲသူက မျှဝေထားတာတွေ့ရပါတယ်။ ၂၄ စက္ကန့်ကြာမြင့်တဲ့ ဒီဗွီဒီယိုကို နားထောင်ကြည့်မယ်ဆိုရင် အစီအစဉ်ကြေညာသူက“ခွာထွက်ပြေးခဲ့ရကြောင်း တပ်မတော်အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် စစ်တွေ-ရန်ကုန်ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မင်းပြားရာမောင်တံတားအနီးတဝိုက်ရှိ ပွိုင့် ၁၁၄ တောင်ကုန်း တွင်နေရာယူကာ လမ်းပန်းဆက်သွယ်မှုအား ပြတ်တောက်စေရန် နှောင့်ယှက်တိုက်ခိုက်မှုများ စသည့် အကြမ်းဖက်လုပ်ရပ်များကို ဆက်လက်ဆောင်ရွက်ခဲ့ရာ COVID-19 ရောဂါ”ဆိုပြီးတော့ ကြေညာခဲ့ တာတွေ့ရပါတယ်။ Fb link Archive link “တပ်မတော်အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့်”ဆိုတဲ့စကားလုံးကို MRTV ကဖတ်ကြားခဲ့တာ အမှန်ပဲ လား။ ဒါမှမဟုတ် အစီအစဉ်ကြေညာသူက မှားယွင်းဖတ်ကြားခဲ့သလားဆိုတာ ဆန်းစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် ပထမဆုံး Google မှာ […]

Continue Reading