လူသတ်မှုနဲ့စွဲချက်တင်ခံရတဲ့ ကလေးပုံကို နာမကျန်း မိခင်အတွက် ပေါင်မုန့်နဲ့ ဒိန်ခဲခိုးခဲ့ရသူအဖြစ်ဖော်ပြနေတဲ့သတင်းမှား

အချုပ်သားဝတ်စုံနဲ့ကလေးငယ်တစ်ဦး တရားရုံးမှာ တရားရင်ဆိုင်နေရတဲ့ပုံကို ငွေကြေးကြပ်တည်းတဲ့ မိသားစုက မိဘကို သိတတ်တဲ့ ကလေး၊ နာမကျန်း မိခင်အတွက် ပေါင်မုန့်နဲ့ ဒိန်ခဲခိုးခဲ့ရသူ အဖြစ်ဖော်ပြ နေတဲ့သတင်းမှားတစ်ခု ပျံ့နှံ့ခဲ့ပါတယ်။ ပို့စ်မှာ “၁၅) နှစ်အရွယ်ကလေးဟာ စတိုးဆိုင်တစ်ခုမှ ပေါင်မုန်နှင့် ဒိန်ခဲခိုးယူမှုကြောင့် ဖမ်းခံခဲ့ရခဲ့သူပေါ့။ အစောင့်လက်က လွတ်အောင် ထွက်ပြေးဖို့ ကြိုးစားခဲ့သူလည်း ဖြစ်တယ်။ ရုန်းရင်းဆန်ခက်ဖြစ်နေချိန်မှာ စတိုးဆိုင်က စာရေးကလည်း ကောင်လေးကို ဖမ်းဖို့ ကူညီခဲ့တယ်။ ဒီလိုနဲ့ တရားရုံးရောက်တဲ့အခါ တရားခံကလေးကို တရားသူကြီးက မေးတော့တယ်”စသည်ဖြင့်အစပျိုးထားပြီး တရားသူကြီးနဲ့ ကလေးကြားအမေးအဖြေပုံစံနဲ့ ရေးသားထားတာဖြစ်ပါတယ်။ ကလေးဟာ နေမကောင်းတဲ့ အမေကိုပြုစု နေသူဖြစ်ပြီး ပိုက်ဆံအတွက် အလုပ်လုပ်တော့ အလုပ်ကထုတ်ခံလိုက်ရ ပိုက်ဆံလိုက် ချေးတော့လည်း ချေးမရတဲ့နောက် ကြံရာမရအဆုံး စတိုးဆိုင်ကနေ ပေါင်မုန့်နဲ့ ဒိန်ခဲကို […]

Continue Reading

မြန်မာစာ အက္ခရာ ၈ လုံးကိုဖျက်ပစ်လိုက်ပြီးဆိုတဲ့ လှည့်စားထားတဲ့သတင်းမှား

ဃ၊ဋ၊ဈ၊ဏ၊ဠ၊ဌ  စတဲ့အက္ခရာ ၈ လုံးကို ဖျက်လိုက်ပြီးဆိုတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်သုံးစွဲသူတွေအကြားမှာ ပို့စ်တစ်ခု ပျံ့နှံ့ခဲ့ပါတယ်။ အခုပယ်ဖျက်လိုက်တဲ့ အက္ခရာတွေဟာ သာသနာနဲ့သက်ဆိုင်တဲ့ ပါဋိနဲ့ သက်ဆိုင်တဲ့အတွက်  ပယ်ဖျက်လိုက် တယ်ဆိုပြီးတော့လည်း ရေးသားမျှဝေနေတာတွေရပါတယ်။ “U Thura Zaw”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူတွေက အောက်ပါအတိုင်းမျှ ဝေထားပါတယ်။  Fb link Archive link အချက်အလက်စိစစ်ချက် ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ပြန်ထားတဲ့ ပထမတန်းသင်ရိုးသစ်မှာ ဃ၊ ဈ၊ ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ နှင့် ဠ စတဲ့စကားလုံးတွေ ဖြုတ်ထားတာမရှိပါဘူး။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ myanmarexam.org သူငယ်တန်း မြန်မာစာ သင်ရိုးမှာ ဗျည်းအက္ခရာ ၃၃ လုံးကနေ ၈ လုံးဖြုတ်ပြီး သင်ကြားမှုကို ၂၀၁၆-၂၀၁၇ […]

Continue Reading

NLD က မွတ်ဆလင်ရေးရာဝန်ကြီးဌာန ဖွဲ့စည်းပေးမယ်ဆိုတဲ့ သတင်းတု သတင်းမှား

၂၀၂၀ NLD ပါတီအနိုင်ရပါက မွတ်ဆလင်ရေးရာဝန်ကြီးခန့်ပေးမယ်ဆိုတဲ့ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။ “Thein Naing Win”၊ “ေအ တီ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူတွေက အောက်ပါအတိုင်း မျှဝေထားပါတယ်။ Fb link Fb link Archive link Archive link အလားတူ “နေလ New media”အမည်နဲ့စာမျက်နှာလည်း မျှဝေထားတာတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဒီလိုပျံ့နှံ့လျက်ရှိတဲ့ ပို့စ်နဲ့ ပတ်သက်ပြီး NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးကော်မတီ  အတွင်းရေးမှူး မုံရွာအောင်ရှင် ကို Fact Crescendo Myanmar က တယ်လီဖုန်းက တစ်ဆင့်ဆက်သွယ်အတည်ပြုခဲ့ ရာမှာ အောက်ပါအတိုင်း ပြောပါတယ်။ “မဟုတ်ပါဘူး ခင်ဗျ။လုံးဝကိုမဟုတ်ပါဘူး။ဒါတွေက ပြောရရင် အခြေအမြစ်ကို မရှိတာ။  ကျွန်တော်တို့ သိရသလောက်တော့ မန္တလေးက ဒေါ်ဝင်းမြမြတို့ ရန်ကုန်က […]

Continue Reading

တပ်ပြင်မထုတ်တဲ့ တပ်တွင်းမဲရုံမှ မဲများကို ပယ်မဲအဖြစ်သတ်မှတ်မယ်လို့ သတင်းမှားဖြန့်ဝေ

တပ်ပြင်မထုတ်တဲ့ တပ်တွင်းမဲရုံမှ မဲများကို ပယ်မဲအဖြစ်သတ်မှတ်မယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက် သုံး စွဲသူတွေ အကြားမှာ ပျံ့နှံခဲ့ပါတယ်။   “ခိုင်ယဉ် မွန်”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူတွေက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။“Pann Ei Kyaw”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “Aung San Suu Kyi (Myanmar State Counsellor 🇲🇲)”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ အလားတူမျှဝေထားပါတယ်။ ဒီပို့စ်ကို  “ရဲ ဇော်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြု သူက စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး “Bunki Latt” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူလည်းမျှဝေခဲ့ပါသေးတယ်။ အခုချိန်မှာတော့ “Bunki Latt”၊ “ရဲ ဇော်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့ စာမျက်နှာ ဒီပို့စ်ရှိမနေတော့ပါဘူး။ Fb link Archive link အချက်အလက်စိစစ်ချက် ဇူလိုင် ၂၇ ရက်နေ့မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကအခုလိုပျံ့နှံ့လျက်ရှိတဲ့ သတင်းဟာ သတင်းတု၊ သတင်းမှားဖြစ်ကြောင်းအောက်ပါအတိုင်း ထုတ်ပြန်ကြေညာခဲ့တာတွေ့ရပါတယ်။ “လူမှုကွန်ရက်စာမျက်နှာ ( […]

Continue Reading

ပျော်ဘွယ်မှာ NLD ကဝင်ပြိုင်ဖို့ရွေးချယ်ထားတဲ့ အမတ်အဖြစ် မျှဝေနေတဲ့ သတင်းမှား

ဗစ်တိုးရီးယားသက်ငယ်မုဒိန်းမှုနဲ့ အမရပူရက ဘုန်းကြီးဉီးသောဘိတကို စစ်တပ်က တရားစွဲတဲ့အမှုတွေမှာ ရှေ့နေလိုက်ရင်း ပိုမိုနာမည်ကြီးလာတဲ့ ရှေ့နေဒေါ်ရွက်နုအောင်ဟာ လာမယ့်အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီကိုယ်စားပြု ပျော်ဘွယ်မဲ ဆန္ဒနယ်မြေကနေ ယှဉ်ပြိုင်မယ့်လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဖော်ပြနေတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက် သုံး စွဲသူတွေ အကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။  “May Myat Noe Khin”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက “ပျော်ဘွယ်မဲဆန္ဒနယ်မြေကနေ သောင်းအေးကို မြောင်းဘေးဆွဲချဖို့ NLD ပါတီမှ ယှဉ်ပြိုင်မယ့်သူက ပြည်သူ့အချစ်တော် ရှေ့နေဒေါ်ရွက်နုအောင်ပါတဲ့ဗျာ အောင်ပွဲတွေ ဆက်တိုက်ဆွတ်ခူးရယူနိုင်ပါစေ ဝန်းရံပေးသွားပါ့မယ် အမရွက်နုရေ …..”ဆိုပြီးတော့ “Aung San Suu Kyi☑”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ မျှဝေထားတာတွေ့ရပါတယ်။ Fb link Archive link ဒီပို့စ်ဟာ အမျိုးသားဒီမိုရေစီအဖွဲ့ချုပ်(NLD)ပါတီက ၂၀၂၀ အထွေထွေရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းအမည်စာရင်း ထုတ်ပြန်ခြင်းမပြုမီ ရက်ပိုင်းအလိုက […]

Continue Reading

တစ်ကိုယ်လုံးနီးပါးအရေးအပြာမှာအဖုအပိန့်တွေနဲ့ ဖျားနေတဲ့သူက ဝက်သားစား လို့ဖြစ်တာလား

တစ်ကိုယ်လုံးနီးပါးအရေးအပြာမှာအဖုအပိန့်တွေနဲ့ အပြင်းအထန်ဖျားနေတဲ့သူတစ်ယောက်နဲ့ ဝက်သားတုံး ပုံတွေပါတဲ့ ပို့စ်တစ်ခု လူမှုကွန် ယက်မှာသုံးစွဲသူတွေအကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။  “ဝက်သားကြိုက်သူများ ခများ သတိထားကြပါ ဗျ” ဆိုပြီးတော့ “Aung Aung”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုက “တိုက်ကြီး သူ/သား များဆုံစည်းရာ”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ မျှဝေထားရာမှာ လူမှုကွန်ယက်အသုံးပြုသူ ပေါင်း ၁ သောင်း ၆ ထောင်ကျော်က ပြန်လည်မျှဝေခဲ့ကြပါတယ်။ ဒီပို့စ်မှာ ဓာတ်ပုံ ၄ ပုံပါဝင်တာတွေ့ရပြီး ဝက်သားတုံးပုံ ၂ ပုံနဲ့ အဖုအပိန့်တွေနဲ့ ဖျားနာနေသူတစ်ယောက်ရဲ့ အနီးကပ်မျက်နှာပုံ နှစ်ပုံပါဝင်တာတွေ့ရပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ဒီပုံတွေထဲက အဝတ်စိမ်းတစ်ခုခေါင်းပေါ်တင်ထားတဲ့ ပုံကို Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေမယ် ဆိုရင် ဒီပုံဟာ ၂၀၁၉ ခုနှစ် ဇူလိုင်လထဲမှာ အင်တာနက်မှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ […]

Continue Reading

မွတ်စလင် ပြည်လုံးကျွတ်ညီလာခံ ဖြစ်မြောက်ရေး NLD ပါတီကူညီမယ်လို့ ပြောကြား ဆိုပြီးသတင်းတုဖြန့်ဝေ

စက်တင်ဘာမှာ ကျင်းပမည့် မွတ်စလင် ပြည်လုံးကျွတ်ညီလာခံ ဖြစ်မြောက်ရေး NLD ပါတီ အားဖြည့်ကူညီမည်ဆို တဲ့ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။ ဒီလိုပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ အစ္စလာမ်ဘာသာ ကိုးကွယ်သည့် နိုင်ငံသားမွတ်စလင်များ၏ ပြည်လုံးကျွတ်ညီလာခံကို လာမည့် စက်တင်ဘာတွင် ကျင်းပမည် ဖြစ်ပြီး ညီလာခံ ကျင်းပရေးအတွက် နေရာထိုင်ခင်းကအစ လိုအပ် သည်များကို NLD ပါတီမှ ပံ့ပိုးကူညီသွားမယ်လို့  ညီလာခံ ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းကပြောတယ် လို့လည်းရေးသားထားပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ဒီလိုပျံ့နှံ့လျက်ရှိတဲ့ ပို့စ်နဲ့ ပတ်သက်ပြီး ပြည်လုံးကျွတ် ညီလာခံ ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာ မြင့်သိန်း ငြိမ်းချမ်း လုလင်)ကို Fact Crescendo Myanmar က တယ်လီဖုန်းက တစ်ဆင့်ဆက်သွယ်အတည်ပြုခဲ့ […]

Continue Reading

ပန်းဘဲတန်း NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ဖောက်ခွဲရေးသင်တန်းတက်ခဲ့စဉ် က ဓာတ်ပုံလား- မဟုတ်ပါ

ရွေးကောက်ပွဲနီးလာတာနဲ့အမျှ နိုင်ငံရေးအရတိုက်ခိုက်မှုတွေတွေ၊ စွပ်စွဲပစ်တင်မှုတွေ၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ သတင်းတု၊ သတင်းမှာတွေ ဖြန့်ဝေမှုများပြားလာနေပါတယ်။  ဒီအထဲမှာ ၂၀၂၀ မှာ NLD ကရွေးချယ်လိုက်တဲ့ ပန်းဘဲတန်းလွှတ်တော်ကိုယ်စားလှယ်လောင်း ကိုစည်သူမောင်နဲ့ ပတ်သက်တဲ့ ပို့စ်တစ်ခုလည်းပါဝင်ပါတယ်။  “မေပန်းချီ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရန်ကုန်တိုင်း ဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်က အရွေးခံလိုက်ရတဲ့ စည်သူမောင်ဆိုတာ တစ်ချိန်တုန်းက အစိုးရကို မြေအောက် တော်လှန်ရေးလုပ်ခဲ့တဲ့ ဖောက်ခွဲဖျက်ဆီးရေးသမားတစ်ဦးဖြစ်ပါတယ်…အခု NLD အစိုးရက သူ့လိုလူမျိုးကို နိုင်ငံ တော်ရဲ့ အာဏာကြီး(၃)ရပ်ထဲမှာ ထဲထဲဝင်ဝင်လုပ်နိုင်ဖို့ ရွေးချယ်လိုက်ပြီးဆိုတော့ နောင်တစ်ချိန်မှာ မြန်မာ နိုင်ငံ ဟာ တူရကီနိုင်ငံလိုမျိုး ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူအာမခံနိုင်လဲ”စသည်ဖြင့်ရေးသား မျှဝေထားတာ တွေ့ရပြီး အခြားသူတစ်ဉီးနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံလည်းပါဝင်ပါတယ်။ ဒီဓာတ်ပုံမှာ မဲဆောက်မှာ ဖောက်ခွဲရေး သင်တန်းတက်ခဲ့စဉ်ကလို့လည်း ရေးသားထားပါတယ်။ […]

Continue Reading

၂၀၁၅ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ရှင်းပြတဲ့ မဲပေးပုံ ဗွီဒီယိုကို ၂၀၂၀ ရွေးကောက်ပွဲ အတွက်ရှင်းပြတဲ့ဗွီဒီယိုအဖြစ်မျှဝေနေ

၂၀၁၅ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်မဲပေးဖို့ တိုက်တွန်းချက် ဗွီဒီယိုကို ၂၀၂၀ ရွေးကောက်ပွဲတိုက်တွန်းချက် အဖြစ်ပြန်လည်ဖော်ပြနေတဲ့ ဗွီဒီယိုပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။ ခုနစ်မိနစ်ကျော်ကြာမြင့်တဲ့ ဒီဗွီဒီယိုမှာ  ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ နိုင်ငံအပြောင်းအလဲအတွက် အရေးကြီးပြီး မဲပေးခွင့်ရှိသူ မဲပေးဖို့အရေးကြီးကြောင်း၊ မဲစာရင်းပါမပါစစ်ဆေးဖို့၊ ကိုယ်တိုင် မဲရုံကိုသွားမဲပေးဖို့နဲ့၊ မဲစာရွက်မှာ မှန်မှန်ကန်ကန်မဲပေးနည်းတွေကို ပြောကြားထားပြီး မဲပေးဖို့ တိုက်တွန်းထားတာ တွေ့ရပါတယ်။   “General Knowledge Channel”နဲ့ “The Knowledge YouTube’s Channel”တွေမှာလည်း ၂၀၂၀ ရွေးကောက်ပွဲတိုက်တွန်းချက်အဖြစ်ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။ ဒီဗွီဒီယိုကို “Yu Yu Lwin”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “အမေစု ပြောတဲ့ 8 . 11 .2020 နေ့မှာ မဲးပေးမယ် ဘယ်လို ပေးရမလဲ”ဆိုပြီး […]

Continue Reading

၂၀၁၈ ခုနှစ် အလက်စကာငလျင်တုန်းကပုံတွေကို လျက်ရှိငလျင်မြင်ကွင်းအဖြစ်မျှဝေနေ

ဇူလိုင် ၂၂ ရက်က ဒေသစံတော်ချိန် ည ၁၀ နာရီဝန်းကျင်မှာ အမေရိကန်ုနိုင်ငံ အလက်စကာပြည်နယ်မှာ ပြင်းအား ၇ ဒသမ ၈ ရှိငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီးနောက်မှာ ၂၀၁၈ ခုနှစ်တုန်းက ငလျင်ကြောင့် လမ်းများပျက်စီးခဲ့ တဲ့ပုံတွေ လက်ရှိငလျင်ကပုံတွေအဖြစ် ဖေ့စ်ဘွတ် သုံးစွဲသူတွေအကြားမှာ ပြန်လည်မျှဝေနေကြတာ တွေ့ရပါတယ်။ “မြင့် ခိုင်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “22.07.2020✔ Alaska ကမ်းလွန်ပင်လယ်ကြမ်းပြင်အောက်လှုပ်ရှား သွားခဲ့သည့် 7.8 ရစ်ခ်ျတာစကေးအဆင့် အားပြင်းငလျင်လှုပ်ရှာပြီးနောက် တွေ့ရသည့်ပျက်စီးမှုအချို့။ #Credit photo”ဆိုပြီးတော့ ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။ Fb link Archive link “Ko Sit”၊“Moe Chan”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူတွေက အလားတူ မျှဝေခဲ့တာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ပထမဆုံး Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုပြီးရှာဖွေမယ်ကြည့်မယ်ဆိုရင် ဒီဓာတ်ပုံတွေဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ […]

Continue Reading