ဒေါ်အောင်ဆန်းစုကြည်ကဟာ ဉတ္တရသီရိမဲဆန္ဒနယ်ကဝင်ပြိုင်မယ်ဆိုတာ မဟုတ်ပါ

ဒေါ်အောင်ဆန်းစုကြည်ကဟာ နေပြည်တော် ဉတ္တရသီရိမဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်သွားမယ်ဆိုတဲ့ သတင်းတွေ ပျံ့နှံ့လျက်ရှိပါတယ်။ “ဝန်ထမ်း အများဆုံးနေထိုင်သည့် နေပြည်တော် ဥတ္တရသီရိမြို့နယ်မှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစု​ကြည် ရွေးကောက်ပွဲဝင်မည်”စသည်ဖြင့် ရေးသားပြီး “မင်းသူ မင်းသူ”အမည်နဲ့ ဖေ့စ့်ဘွတ်သုံးစွဲသူက “Aung San Suu Kyi☑”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ မျှဝေထားပါတယ်။  Fb link Archive link “Yangon Nation”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာကလည်း အလားတူမျှဝေထားပြီး လွှတ်တော်ကိုယ်စားလှယ် “MP Maung Myint”ရဲ့အကောင့်မှာလည်း မျှဝေထားတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီအဖွဲ့ဝင် ဉီးကြည်တိုးကလည်း အောက်ပါအတိုင်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့်အသိပေးထားတာတွေ့ရပါတယ်။ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းစိစစ်ရွေးချယ်ခြင်းလုပ်ငန်းစဉ်ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပါသည်။မည်သူမည်သည့်မဲဆန္ဒနယ်မှဝင်ရောက်ယှဉ်ပြိုင်မည်ဆိုသည့်သတင်းများထွက်ပေါ်နေခြင်းမှာမဟုတ်မှန်ပါ။စိစစ်ရွေးချယ်ခြင်းပြီးဆုံးချိန်မှသာအဖွဲ့ချုပ်ကိုယ်စားပြုကိုယ်စားလှယ်လောင်းစာရင်းကိုတရားဝင်ထုတ်ပြန်သွားမည်ဖြစ်ပါသည်”လို့ ဉီးကြည်တိုးက ရေးသားထားပါတယ်။ ဒီလိုဒေါ်အောင်ဆန်းစုကြည် ဉတ္တရသီရီမဲဆန္ဒနယ်က ဝင်ပြိုင်မယ်လို့ ဒေါက်တာမျိုးညွှန့်ကပြောခဲ့တယ်လို့လည်း ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာပါဝင်ပါတယ်။ဒီအချက်နဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရဲ့ ဗဟိုပြန်ကြားရေးအဖွဲ အတွင်းရေးမှူး […]

Continue Reading

မန္တလေးတိုင်းဝန်ကြီးချုပ်ဖေ့စ်ဘွတ်မက်ဆေ့ဂျာကနေ ပြောဆိုမှုပေါက်ကြားဆိုတဲ့ သတင်းတု

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့ ဖေ့စ်ဘွတ်မက်ဆေ့ဂျာကနေ ပြောထားတဲ့ စကားတွေ ပေါက်ကြားလာတယ်ဆိုတဲ့ စကားပြောခန်းတွေကို screenshots ရိုက်ထားတဲ့ ပို့စ်တစ်ခု လူမှုကွန် ယက်အသုံးပြုသူတွေကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ နိုင်ငံတော်သမ္မတနဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့ စကားပြောခန်းလို့ ယူဆရ ဖွယ်ရှိပြီး “သမ္မတကြီး”လို့ယူဆရတဲ့စကားလုံးကိုတော့ ပျံ့နှံ့လျက်ရှိတဲ့ screenshot တွေမှာ ဖျက်ထားတာတွေ့ပြီး ဒေါ်အောင်ဆန်းစုကြည်က မွတ်ဆလင် အမတ် ၂၀ ရာခိုင်နှုန်းပါအောင်လုပ်ဖို့ စေခိုင်းထားတဲ့အကြောင်းတွေ လည်းပါဝင်ပါတယ်။ ဒီ screenshots ဓာတ်ပုံတွေကို “ရွှေခီး”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူနဲ့ “သူမသိစေချင်ဘူး”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ အောက်ပါအတိုင်း မျှဝေထားတာတွေ့ရပါတယ်။ Fb link Fb link Archive link Archive link “လူထုဟစ်တိုင်”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာကလည်း အထက်ပါ screenshots ကိုအလားတူမျှဝေထား တာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် […]

Continue Reading

ဒီအစားအသောက်နှစ်ခုအတူစားမိရင်သေတယ်ဆိုတာ မဟုတ်ပါ

အစားအသောက်နှစ်ခုအတူစားမိရင်သေစေတယ်ဆိုတဲ့ပို့စ်တစ်ခု လူမှုကွန်ယက်သုံးစွဲသူတွေ အကြားမှာ ပျံ့နှံ့မှု အားကောင်းခဲ့ပါတယ်။  “သတိ နဂါးမောက်သီး + ချဉ်စော်ခါးသီး = သေ shareထားလိုက်တန်ဖိုးရှိတယ် နဂါးမောက်သီး + ပိန်းနဲသီး = သေ နဂါးမောက်သီး + ကြက်ဥ = သေ နွားနို့ + မှို = သေ မင်းကွတ်သီး + သကြား = သေ ရေခဲမုန့် + ချင်းသုပ် = သေ လက်ဖက် + ကျွဲခေါင်းသီး = သေ အမဲသား + ခရု = သေ ဂွေးသီး + အာတာလွတ် = သေ နို့ဆီ + ကိုးပါးဆေး […]

Continue Reading

နေပြည်တော် ဒက္ခိဏသီရိက NLD ပါတီဝင်အကုန်လုံးနှုတ်ထွက်သွားတယ်ဆိုတဲ့ သတင်းတု သတင်းမှား

နေပြည်တော် ဒက္ခိဏသီရိမြို့နယ် အကုန် NLD ပါတီမှ နှုတ်ထွက်ပြီ USDP ပြည်ခိုင်ဖြိုးပါတီထဲဝင်ရောက်ကုန် တယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်သုံးစွဲသူတွေကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ “နေပြည်တော် ဒက္ခိဏသီရိမြို့နယ် အကုန် NLD ပါတီမှ နှုတ်ထွက်ပြီ USDP ပြည်ခိုင်ဖြိုး ပါတီထဲဝင်ရောက်ကုန်ပါပြီ မြေပြင်အခြေအနေမှန်”လို့ ရေးသားထားပြီး “Min Zaw”အမည် ဖေ့စ်ဘွတ်အသုံးပြုသူက “NLD မပါသောညွန့်ပေါင်းအစိုးရ လိုလားသူများ”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ အောက်ပါအတိုင်းမျှဝေထားပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဒက္ခိဏသီရိမြို့နယ်မြို့နယ်ဉက္ကဌလည်းဖြစ်ပြီး လက်ရှိ ဒက္ခိဏသီရိ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဉီးသန့်စင်ထွန်းကို Fact Crescendo Myanmar က ပါတီဝင်တွေနှုတ်ထွက်တယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး ဆက်သွယ်အတည်ပြုရာမှာ အောက်ပါအတိုင်းပြောပါတယ်။ “မဟုတ်ပါဘူး ခင်ဗျ။ အဲလိုမရှိပါဘူး။ […]

Continue Reading

ဆယ်တန်းအောင်စာရင်း ထွက်မယ်ရက်နဲ့ပတ်သက်တဲ့ သတင်းမှားများ

COVID-19 ကပ်ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အစီအမံတွေကြောင့် ရပ်နားခဲ့ရတဲ့ လုပ်ငန်း တွေထဲမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲအဖြေလွှာစစ်ဆေးမှုလည်းပါဝင်ပြီး အောင်စာရင်းထွက်မယ်ရက်မှာလည်း မရေရာမှုတွေ ရှိခဲ့ပါတယ်။ “ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ တက္ကသိုလ်ဝင်တန်း အောင်စာရင်းများသည် ဇူလိုင်လ(၁၈)ရက်နေ့ တွင် ထုတ်ပြန်ကြေငြာမည်ဖြစ်သည်”ဆိုပြီး “YG Burmese”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဇူလိုင် ၁၂ က မျှဝေ ထားပါတယ်။ ဒီ “YG Burmese”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဖော်ပြခဲ့တဲ့ ၂၀၂၀ ဆယ်တန်းအောင်စာရင်း ထွက်မယ့်ရက်ဖော်ပြခဲ့တဲ့ပို့စ်ဟာ ဇွန်လထဲမှာလည်း လူမှုကွန်ယက်အသုံးပြုသူတွေကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ဇွန် ၁၂ ရက်က ပညာရေးဝန်ကြီးဌာနရဲ့ ၄ နှစ်မြောက် ၁ နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့တဲ့လုပ်ငန်းစဉ်များ နဲ့ပတ်သက်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး […]

Continue Reading

NLD ကိုယ်စားလှယ်လောင်း ရွေးခြယ်ရာမှာ ခက်အခဲတွေဖြစ်နေတယ်ဆိုတဲ့ သတင်းတု

အုပ်စု ၄ စု ကွဲနေတဲ့ အတွက် NLD ကိုယ်စားလှယ်လောင်း ရွေးခြယ်ရာမှာ ခက်အခဲတွေဖြစ်နေတယ်လို့ ဒေါက်တာ အောင်မိုးညိုပြောတယ်ဆိုတဲ့ သတင်းမှားတစ်ခု လူမှုကွန်ယက်သုံးစွဲသူတွေကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ “အုပ်စု ၄ စု ကွဲနေတဲ့ အတွက် NLD ကိုယ်စားလှယ်လောင်း ရွေးခြယ်ရာမှာ ခက်အခဲတွေဖြစ် နေဟု ဒေါက်တာအောင်မိုးညိုပြော”လို့ ခေါင်းစဉ်တပ်ထားပြီး ဒေါက်တာအောင်မိုးညိုပြောကြားချက်အဖြစ် “ခက်နေတာက ဒါတော့ သူ့လူ မို့ထည့်ပေးပါ ဒါတော့ကျနော့လူမို့ချန်ထားမပေးပါနဲ့ဆိုတဲ့ ပါတီထဲကလူကြီးတွေ အုပ်စုကဲပြီး သူ့လူကိုယ့်လူ ပါဝင်ရေး တွေ ရှိနေ တော့ အောက်က တင်လာတဲ့ လူထက် လူကြီးတွေ ထည့်မယ့် လူကို ဦးစားပေးရ မ လိုဖြစ်နေတော့ အောက်ခြေမှာ ရပ်မိရပ်ဖ တွေနဲ့ ရွေးပြီးတင်ခဲ့တဲ့ လူတွေကို ဘယ်လိုရှင်း […]

Continue Reading

ဖြူဖြူထွေးကို NLD ပါတီရဲ့ လယ်သမားစည်းရုံးရေးမှူး အဖြစ် ခန့်အပ်လိုက်ပြီဆိုတဲ့ သတင်းမှား

လူမှုကွန်ယက်နာမည်ကြီး သရုပ်ဆောင်တစ်ဉီးဖြစ်တဲ့ ဖြူဖြူထွေးကို NLD ပါတီရဲ့ လယ်သမားစည်းရုံးရေးမှူး အဖြစ် ခန့်အပ်လိုက်ပြီဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။ ” Phyu phyu Htwe ကိုချစ်လား NLD ပါတီရဲ့ လယ်သမားစည်းရုံးရေးမှူးအဖြစ် ခန့်အပ်လိုက်ပြီတဲ့နော် ညီမလေးကို အားပေးပါ”စသည်ဖြင့် ရေးသားထားပြီး “ပန်း သစ္စာ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “အမေ့သားသမီးများသီးသန့်”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုမှာ မျှဝေထားတာတွေ့ရပါတယ်။  Fb link Archive link ဓာတ်ပုံဟာ မကြာသေးခင်က ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဉီးနိုင်ငံလင်းတင်ထားတဲ့  ရန်ကုန်အသက် မွေးနည်း ပညာကောလိပ်(သာကေတ)၏ Kindness Ambassador ခန့်အပ်ပွဲနဲ့သက်ဆိုင်နေတာကို သတိထားမိ ပါတယ်။ အချက်အလက်စိစစ်ကြည့်ရအောင်ပါ အချက်အလက်စိစစ်ချက် Yangon Vocational College of Technology ၏ Kindness Ambassador […]

Continue Reading

လူရာချီသေဆုံးခဲ့ရတဲ့နေရာက NLD ပါတီနဲ့ တရုတ်ကုမ္ပဏီ ၄ ခုပေါင်းထားတဲ့ လုပ်ကွက် နေရာဆိုတဲ့သတင်းမှား

ဖားကန့်မှာ ကျောက်မျက်လုပ်ကွက်တစ်ခုက မြေပြိုကျမှုကြောင့် လူရာချီသေဆုံးခဲ့ရတဲ့နေရာက NLD ပါတီနဲ့ တရုတ်ကုမ္ပဏီ ၄ ခုပေါင်းထားတဲ့ လုပ်ကွက် နေရာဆိုတဲ့ ဓာတ်ပုံစာသား ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့ လျက်ရှိပါတယ်။ “ရှေ့ကခိုး နောက်ကဖော် #အောင်ဆန်းသမီးပါးစပ်ပိုကြီး”ဆိုပြီးတော့ “Nay La Yaung”အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ Radio Free Myanmar လို့ အမည်ပေးထားတဲ့ သတင်းဌာနက ရေးသားဟန်နဲ့ မျှဝေထားတဲ့ ဓာတ်ပုံပို့စ်မှာ ဒီလို လူရာချီသေဆုံးခဲ့ရတဲ့ လုပ်ကွက်နေရာဟာ NLD ပါတီနဲ့ တရုတ်ကုမ္ပဏီ ၄ ခုတို့ အကျိုးတူပူးပေါင်းနေတဲ့နေရာဖြစ်တယ်လို့လည်း ရေးသားထားပြီး အဲဒီထဲက အကြီးဆုံး ကုမ္ပဏီဟာ ရတနာစန်းရွှင် ကုမ္ပဏီလို့လည်း ရေးသားထားပါတယ်။ Fb link Archive link ကချင်ပြည်နယ် ဖားကန့်ရတနာနယ်မြေ […]

Continue Reading

မင်းဝန်တောင်ဘုန်းကြီး ဒေါက်ဖိနပ်စီးပြီး ယတြာချေပေးတာဆိုတဲ့ သတင်းမှား

ဘုန်းကြီးတစ်ပါးဒေါက်ဖိနပ်စီးနေတဲ့ပုံကို မင်းဝန်တောင်ဘုန်းကြီး ဒေါက်ဖိနပ်စီးပြီး ယတြာချေပေးတာဆိုပြီး သတင်းမှားတစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။ “U Naing Win”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားရာမှာ ၂၃ နာရီအတွင်း လူမှု ကွန်ယက်အသုံးပြုသူ ၁ ထောင်ကျော်က ပြန်လည်မျှဝေခဲ့တာတွေ့ရပါတယ်။ Link Archive link မင်းဝန်တောင် စိန္တာမုနိကျောင်းက ကျမ်းဂန်တွေနဲ့ မညီတဲ့  ရုပ်တုတွေဖယ်ရှားခဲ့တဲ့သတင်းတွေနဲ့အတူ အခုလို အချိန်ကိုက် မျှဝေလာတာဖြစ်ပါတယ်။  ပို့အောက်မှာ မှတ်ချက်ရေးသားသူတစ်ချို့က ထိုင်းနိုင်ငံ ဖြစ်တယ်လို့လည်း မှတ်ချက်ပေးခဲ့တာတွေ့ရပါတယ်။ အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် Goolge မှာ မျှဝေထားတဲ့ပုံကို ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။  ၂၀၁၉ ခုနှစ် ဇူလိုင်မှာ  ထိုင်းဘာသာနဲ့ရေးသားထားတဲ့သတင်းအများအပြားမှာ  ဒီပုံကို တွေ့ရပါတယ်။ Google Translate  ကို အသုံးပြုပြီး ထိုင်းဘာသာကနေ မြန်မာဘာသာကို ပြန်ဆိုကြည့်ရာမှာ ဘုန်းကြီးတစ်ပါးရဲ့ […]

Continue Reading

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံကိုရောင်းစားခဲ့တာ အတည်ပြုသတင်းထွက်လာပြီးဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံကိုရောင်းစားခဲ့တာ အတည်ပြုသတင်းထွက်လာပြီဆိုတဲ့ ပို့စ်တစ်ခုကို “Too Mg” အမည်နဲ့ဖေ့စ်ဘွတ် သုံးစွဲသူက မျှဝေထားပါတယ်။ “မြန်မာကိုစုကြည်ရောင်းပြီးကြောင်းအတည်ပြုသတင်းထွက်လာပီ တိုင်းပြည်ကိုတိုင်းတပါးလက်သို့ထိုးအပ်ရာ ဝယ် 1/စုကြည်အစိုးရဟာ oicနဲ့ကိုနီအကြံအတိုင်း အခြေခံဉပဒေကို မွတ်ဆလင်အလိုကျအသစ်ဆွဲပီး တိုင်းပြည် ကိုoicလက်အပ်မလား2/ပြည်ပကျုးကျော်စစ်ဖြင့်ဝင်ရောက်သိမ်းပိုက်ခါတိုင်းပြည်ကိုoicလက်အပ်မလား ဒီနှစ်ချက်ကိုကြည့်ရင်ပထမအချက်ကတော့တပ်မတော်တောင့်ခံနေသည့်အတွက်ခြေဉကိုထိလို့မရမှန်းသဘော ပေါက်သွားပီ ဒုတိယအချက်ကျူးကျော်စစ်ခင်းဖို့ပြင်ဆင်လျှက်ရှိရာတွင်အတော်ခရီးပေါက်လျှက်ရှိလေပြီ အကြံပေးသူလျှို90အားခေါ်ယူခါဌါနပေါင်း42ဌါနမှထိပ်တန်းလျှို့ဝှက်များအား4နစ်ကျော်စုဆောင်းရယူပီနောက်ကိုဗစ်အကြောင်းပြ ဌါနပြန်ခါစစ်ပလင်ချလျှက်ရှိချေပီ အရံဆန် စက်သုံး ဆီအားလုံးပြောင်အောင်ကြို ကိုရှင်းထားပီး ဖြစ်သည် မကြာခင်က ယူကြုတွင်ထွက်ပေါ်လာသည့်သတင်းအရ အမေရိကန်သမ္မတ အပြောင်းအလဲတွင် မြန်မာ ကိုoic 42နိုင်ငံမှဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရန်nldနှင့်ချိတ်ဆက်ထားကြောင်းသိရ nldသည်ရွေးကော် အားနိုင်ကိုနိုင်ရမည်ဟုညွှန်ကြားထားကြောင်းသိရ ရွေးကောက်ပွဲရှုံးပါကစစ်ခင်းရန်အဆင်သင့်မို့ မြန်မာပြည်သူ များမွေပွေးခါးပိုက်ပိုက်မိလျှက်သားဖြင့် ကိုင်ထားသည့်ပဒိုင်းသီး စားလည်းရူးဆုတ်လဲဆူး နမ်းလည်းမူး အဖြစ်တော့ဆိုက်နေပါပီ ဘယ်သူတေဘယ်လိုဒုက္ခဝေပါစေ ပန်းပန်လျှက်ကစုကြည်သူ့သားသမီးမြေး မြစ်များ လုံခြုံသည့်နေရာမှာထားနိုင်ပီစစ်ပွဲစသည်နှင့်ပြေးရန်လေယာဉ်အဆင်သင့်စီစဉ်ထားသည် စုကြည်မြန်မာပြည် ကိုရောင်း သန်းကြွယ်သူဌေးဘွဲ့ခံယူသွားတာထမိန်ခြုံအနီလော်ဘီများသိပါလေစ မြန်မာကိုစုကြည်ရောင်းပြီး ကြောင်းအတည်ပြုသတင်းထွက်လာပီ အနီးကပ်ဆုံးရန်သူအားလက်ဉီးမှုရယူချေဖျက်ကြလော့”စသည်ဖြင့် ရေးသားထားပြီး […]

Continue Reading