တစ်လီမုန်တိုင်းတုန်းက ကုန်ကားကြီးတွေ လဲခဲ့အဖြစ်အပျက်ကို လက်ရှိအမ်ဖန်မုန်တိုင်း က အဖြစ်အပျက်လိုဖော်ပြနေတဲ့ သတင်းမှား

တစ်နာရီ ၁၀၅ မိုင်နှုန်းနဲ့တိုက်ခိုက်တဲ့ ဟာရီကိန်းအဆင့် ၃ ရှိတဲ့ အင်းအားပြင်း အမ်ဖန်မုန်တိုင်းဟာ ဗုဒ္ဓဟူးနေ့ (မေ ၂၁ ရက်)က အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းဒေသတွေကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး လူ ၁၄ ဉီးထက် မနည်းသေဆုံးခဲ့ရကာ နေအိမ်ထောင်ပေါင်းများစွာပျက်စီးခဲ့ရပြီး အိမ်ထောင်စုပေါင်းများစွာကို သက်ဆိုင်ရာ အာဏာပိုင်တွေက ကယ်ထုတ်ခဲ့ရပါတယ်။ အသေအပျောက်နဲ့ ကြီးကြီးမားမားပျက်ဆီးဆုံးရှုံးမှုမျိုး မတွေ့ရပေမဲ့ ဒီမုန်တိုင်းအရှိန်ဟာ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတမ်းမှာလည်း သက်ရောက်မှုရှိခဲ့ပြီး မိုးသက်လေ ပြင်းကျပြီး ပင်လယ်ပြင်မှာ လှိုင်းကြီးခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ “တန်ချိန် ၃၀ ကျော် ကားကြီးတွေတောင် ဆွဲလှဲပစ်တဲ့ အမ်ဖန်”ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ “မြန်မာပြည်အနှံအပြားကယဉ်တိုက် မှု ကားတိုက်မှု သတင်းစုံ”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ၁ မိနစ်နဲ့ ၁၈ ကြာတဲ့ ဒီဗီဒီယိုဖိုင်ထဲမှာ ကုန်တင်အဝေးပြေးလမ်းမကြီးလို့ […]

Continue Reading

Trump ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတယ်ဆိုတဲ့ သတင်းတု

ကမ္ဘာတစ်လွှားမှာ မေ ၂၀ ရက်နေ့အထိ COVID-19  ရောဂါဟာ လူ ၅ သန်းဝန်းကျင်ကူးစက်ခဲ့ပြီး ကူးစက်ခံရသူတွေထဲမှာ လူ ၃ သိန်း ၂ သောင်းထက်မနည်းသေဆုံးခဲ့ရပြီဖြစ်ပါတယ်။ COVID-19 ရောဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ကူးစက်မြန်ဗိုင်းရပ်စ်အမျိုးအစားတစ်ခုဖြစ်ပြီး ဆင်းရဲချမ်းသာ အဆင့်အတန်းမရွေးကူးစက်နိုင်တယ်ဆိုတဲ့ သာဓကအနေနဲ့  ဗြိတိန်ဝန်ကြီးချုပ်အပါအဝင် နိုင်ငံများရဲ့ အရေးပါအရာရောက်တဲ့ ပုဂ္ဂိုလ်တစ်ချို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတာတွေရှိပါတယ်။ ဒီလိုအခြေအနေမျိုးကြောင့်ပဲ “Trump တော့ posstive ဖြစ်သွားပြီ”ဆိုပြီးတော့ ဗွီဒီယိုတစ်ခုကို “Win Myat”အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူက ဖော်ပြထားတာတွေ့ရပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် Google မှာ “fox news trump tested with covid-19”လို့ရိုက်ရှာရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ အမေရိကန်သမ္မတထရမ့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတယ်ဆိုတဲ့ သတင်းတစ်စုံတစ်ရာမတွေ့ရဘဲ […]

Continue Reading

ပိုဗီဒုန်း အိုင်အိုဒင်း(Povidone-Iodine)ဟာ COVID-19 ကို ကုသနိုင်၊ ကာကွယ်နိုင်တယ် ဆိုတဲ့ အထောက်အထားခိုင်ခိုင်မာမာမရှိသေးပါ

“Corona virus ကို Betadine နဲ့ ကာကွယ်ပါ”ဆိုပြီးတော့ ကြော်ငြာတစ်ခုကို “Betadine Myanmar”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားတာတွေ့ရပါတယ်။ “လေ့လာတွေ့ရှိချက်များအရ Betadine တွင် ပါဝင်သော ပိုဗီဒုန်း အိုင်အိုဒင်း သည် SARS-CoV and MERS-CoV ကဲ့သို့ Corona virus ကို ပိုးသတ်အာနိသင် ထိရောက်မှုရှိကြောင်း တွေ့ရှိရပါသည်။ ယခုဖြစ်ပေါ်နေသော COVID-19 သည် SARS-CoV နှင့် ဇီဝအမျိုးအစား ၇၀% တူကြောင်း လေ့လာတွေ့ရှိချက်များအရ သိရှိရပါသည်”ဆိုပြီး လည်ချောင်းဖျန်းဆေးရည်၊အာလုပ်ကျင်းဆေးရည်နဲ့ လက်ဆေး ဆေးရည်တွေကိုကြော်ငြာထား တာတွေ့ ရပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လူတွေကြားမှာရေပန်းစားနေတဲ့ ကောလာဟလတွေကို ရှင်းလင်းထုတ်ပြန်ထား တဲ့အထဲမှာ ခံတွင်းသန့်ဆေးရည်တွေလည်း ပါဝင်တာတွေ့ရပါတယ်။ […]

Continue Reading

COVID-19 ရောဂါနဲ့ဗိုက်တာမင်ဒီအကြောင်းလေ့လာမှုတွေရှိပေမဲ့ ကုသနိုင် ကာကွယ်နိုင်တဲ့အထောက်အထားမရှိပါ

ကိုရိုနာဗိုင်းရပ်စ်ဟာ ပျောက်ကွယ်သွားမှာမဟုတ်သလို လူတိုင်းကူးစက်ခံရမှာသေချာကြောင်းနဲ့ ဗိုက်တာမင်ဒီနေ့စဉ်သောက်သုံးမှုအနည်းအများပေါ်မူတည်ပြီးတော့ သေလူ၊ရှင်လူခွဲလို့ရတယ်ဆိုပြီးတော့ “Kelvin Albert Power”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူကရေးသားထားပါတယ်။ COVID-19 ကာလမှ အနည်းဆုံးတစ်နေ့ (10,000 IU)နေ့စဉ်သောက်ဖို့နဲ့ ဗိုက်တာမင်ဒီကို အမြောက်အများလို့ အန္တရာယ်မရှိဘူးလို့ ရေးသားထားတာ တွေ့ရကို အောက်ပါအတိုင်းတွေ့ရပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် အောက်စဖို့ဒ်တက္ကသိုလ်က Joseph Lee၊ Oliver van Hecke၊ Nia Roberts တို့ပူးတွဲပြုလုပ်တဲ့ “Vitamin D: A rapid review of the evidence for treatment or prevention in COVID-19”ဆိုတဲ့ သုတေသနမှာ ဗိုက်တာမင်ဒီချို့တဲ့သူတွေအတွက် ဗိုက်တာမင်ဒီဖြည့်စွက်သောက်သုံးတာဟာ အခြားသော အသက်ရှုလမ်း ကြောင်းဆိုင်ရာ ပြဿနာတွေကို ကာကွယ်နိုင်တယ်ဆိုတဲ့အထောက်အထားရှိပေမဲ့ […]

Continue Reading

COVID-19 ရောဂါအမြစ်ပြတ်ကုသမယ့် တိုင်းရင်းဆေးဆိုတဲ့ သတင်းမှား

“ကိုရိုနာဗိုင်းရပ်စ်ပျောက်ဆေး ရွှေမြန်မာဖော်ထုတ်လိုက်နိုင်ပြီ….(ဂုဏ်ယူစရာပါပဲဗျာ)”ဆိုတဲ့ခေါင်းစဉ်နဲ့ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။  Fb link Fb link Archive link Archive link ဝက်ဘ်ဆိုဒ်လင့်ခ်ကိုဖွင့်ကြည့်မယ်ဆိုရင် ပို့စ်မှာ သမ္မတရုံးကခွင့်ပြုပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို သွားရောက်ဆွေးနွေးခဲ့ပြီးဖြစ်တယ်လို့လည်း ဖော်ပြထားပြီး ဆေးတံဆိပ်တစ်ခုကို မျှဝေထားတာတွေ့ရပြီး အောက်ပါအတိုင်း ပြောဆိုထားတာတွေ့ရပါတယ်။ “အရေးပေါ်အနေအထားအသက်ရှူစက်ကူနေရသူလူနာအား ၎င်းဆေးပေါင်းရည် .5 စီစီအားသွေးကြောတွင်း ထိုးသွင်းလိုက်ပါက ၅ မိနစ်အတွင်းအသက်ရှူကူစက်မလိုအောင်အသက်ရှူလာနိုင်မည် ပြီးလျှင်သိသိသာသာ သက်သာလာပါမည် မနက်နေ့လည်ည တစ်ရက်သုံးကြီမ်နှုန်းထိုးသွင်းကုသပါက သုံးရကမှငါးရက်အတွင်း ရောဂါ လုံးဝအလျှင်းပျောက်ကင်း နိုင်ပါသည်။ သာမန်ပိုးတွေ့လူနာများအားတစ်ကြိမ် လျှင်.5စီစီအား ပျားရည်စစ် လဘက်ရည်သောက်ဇွန်းတစ်ဇွန်းစာဖြင့်ရောစပ်၍ မနက်တစ်ကြိမ် ညတစ်ကြိမ် တစ်ရက် နှစ်ကြိမ်နှုန်းဖြင့် ၃ရက်မှ၅ရက်တိုက်ကျွေးယုံနှင့်ရောဂါပိုးအလျှင်းပျောက် ကင်းစေရုံသာမက နောက်ထပ်မည်သို့မျှရောဂါပိုး ထပ်မံမကူးစက်နိုင်တော့ပါ ရောဂပိုးကူးစက်ခံရခြင်းမရှိသေးသူများ.5စီစီကိူပျားရည် ဖြင့်တစ်ကြိမ်ကြိုတင် ကာကွယ်သောက်သုံးထားယုံဖြင့် ရောဂါပိုးကူးစက်နိုင်ခြင်းလုံးဝမရှိအောင်ကာကွယ်ထားနိုငိပါသည် ယခုပို့စ်တင် […]

Continue Reading

ဒူးရင်းသီးနဲ့ ကိုကာကိုလာအတူစားရင် အန္တရာယ်ရှိလား

ဒူးရင်းသီးစားပြီး ကိုကာကိုယ်လာသောက်မိပြီးတဲ့ အမျိုးသားတစစ်ဦးသေဆုံးဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းတစ်ပုဒ် လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။  “Di Đức Lợi(Tiêm Filler Mông Ngực)မှဖော်ပြခဲ့သည့် ကမ္ဘောဒီးယားနိုင်ငံမှ အမျိုးသားတစ်ဦးသည် မနေ့နေ့လည်အချိန်တွင် ထိုအမျိုးသားသည် အလုပ်လုပ်ပြီး ဇနီးသည်မှဝယ်လာပေးသော ဒူးရင်သီးကိုစားပြီး ရေခဲသေတ္တာ ထဲတွင်အသင်ရှိနေသော ကိုကာကိုယ်လာ ယူသောက်လိုက်အပြီး ယခုပုံပါမြင်တွေ့ရသည့်အတိုင်း လဲကြသေဆုံးသွားခြင်းဖြစ်ပါသည်”ဆိုပြီး poststore.xyz အမည်နဲ့ဝက်ဆိုဒ်ကရေးသားတဲ့ သတင်းတစ်ခုကို လူမှုကွန်ယက်မှာ ပြန်လည်မျှဝေထားတာအောက်ပါအအတိုင်းတွေ့ရပါတယ်။ Fb link Archive link မကြာခဏဆိုသလို ဒီလိုသတင်းမျိုးတွေ ထွက်ပေါ်ခဲ့တာတွေ့ ရပါတယ်။ ၂၀၁၄ ခုနှစ်ထဲမှာလည်း Kim-Siang Ng အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက ဒူးရင်းသီးနဲ့ ကိုကာကိုလားမစားဖို့အတွက်တိုက်တွန်းခဲ့တာလည်းတွေ့ရပါတယ်။ Archive link ဒူးရင်းသီးနဲ့ ကိုကာကိုလာဟာ မကြာခဏဆိုသလို တွဲဖက်စားသုံးမိနိုင်တဲ့အစားအစာတွေဖြစ်လို့ ဒီအချက်အ လက်ဟာ မှန်မမှန် Fact […]

Continue Reading

ဖိလစ်ပိုင်မွတ်ဆလင်ခွဲထွက်သမားတွေရဲ့ လက်နက်တွေကို AA လက်နက်ကိုင်ဆီက ဖမ်းဆီးရမိပုံအဖြစ်ဖော်ပြနေ

တဖက်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ပြန့်ပွားမှုထိန်းချုပ်ရေးကို ဆောင်ရွက်နေရချိန်ဖြစ်ပေမဲ့ ရခိုင်ပြည် နယ်မှာတော့ တပ်မတော်နဲ့ ရခိုင်လက်နက်အဖွဲ့တို့ ထိပ်တိုက်တွေ့ဆုံမှုတွေ ဆက်လက်ရှိနေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ “ဘင်္ဂလာနယ်စပ်bp112/113ကြားကျွဲကျောင်း/နွားကျောင်း/ထင်းခွေ/မျှစ်ချိုး AA အယောင် ဆောင်ရခိုင်လူတော်လူမော်အရောင်းအဝယ်သမား၅၆ယောက်၏ကုန်ပစ္စည်းများနှင့်အရောင်းအဝယ်အထောက်အကူပြုပစ္စည်းများအားမြန်မာ့တပ်မတော်မှတိုက်ခိုက်လုယက်ယူငင်သိမ်းဆည်းထားပါကြောင်းနှင့်ပစ္စည်းယူငင်သိမ်းဆည်းစဉ်အပြစ်မဲ့ကုန်ရောင်းဝယ်သူ၅၆ယောက်သေဆုံးခဲ့ပါ၍မီဒီယာများမှအမြန်တင်ပြနိုင်ပါရန်သတင်းဓာတ်ပုံနဲ့တကွတင်ပြပေးလိုက်ရပါသည်” ဆိုပြီး “သုဘရာဇာကြီး”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “တပ်မတော်ကို ချစ်မြတ်နိုးသူများ” အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုထဲမှာ မျှဝေထားတာတွေ့ရပါတယ်။ အလားတူ “တိုက်စစ်ကောင်း” အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူကလည်း မျှဝေထားတာတွေ့ရပါတယ်။ Fb link Fb link Archive link Archive link အချက်အလက်စိစစ်ချက် ဒီပို့စ်မှာပြောထားသလို လက်နက်တွေ အမြောက်အများနဲ့ အရပ်သားအယောက်ဆောင်သူတွေ ရခိုင်မှာ ဖမ်းဆီး ရမိတဲ့သတင်းမျိုး တပ်မတော်ကာကွယ်ရေးဉီးစီး ချုပ်ရုံးရဲ့ ဝက်ဘ်ဆိုဒ်မှာ သတင်းထုတ်ပြန်ချက် တစ်စုံတစ်ရာ မတွေ့ရှိရပါဘူး။ ဒီပို့စ်က ဓာတ်ပုံကို  Google  မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေတဲ့အခါမှာအောက်ပါအတိုင်းတွေ့ရပါတယ်။ ၂၀၁၅ ခုနှစ် ဧပြီ […]

Continue Reading

ပဲခူးမှာ နွားမကြီးက နွားဥဉလို့ လာကြည့်သူတွေများနေဆိုတဲ့သတင်းတု

“ပဲခူးတိုင်း ညောင်လေးပင်တွင် တောင်သူဦးဖိုးထူးမွေးမြူထားသော နွားမကြီးမိနီမှ ထူးထူးဆန်းဆန်းဘောလုံး အလတ် ဆိုဒ်ခန့်ရှိသော နွားဥများ ဥချသဖြင့် လာရောက်ကြည့်ရှု့သူ လူ၂ထောင်ခန့်ရှိလာ၍ အုပ်ချုပ်ရေးမှူးက ရွာအဝင်တံခါးကို ပိတ်ထားလိုက်ကြောင်းသိရပါသည်။အဆိုပါ နွားမကြီးမိနီကို တရုတ်လူမျိုးတယောက်က သိန်း၅ထောင်ဖြင့် ဝယ်ယူရန်ကမ်းလှမ်းသော်လည်းပိုင်ရှင်ဖြစ်သူ ဦးဖိုးထူးက သိန်းတစ်သောင်းမရရင် မရောင်းဘူး ဟုပြောဆိုခဲ့ကြောင်းသိရပါသည်။ထူးထူးခြားခြား နွားမကြီးမိနီပုံကို ရှယ်ပေးခြင်းဖြင့် ကံထူးနိုင်ကြပါစေ”ဆိုပြီး  “Khin Khin Aye”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “မှုခင်းနှင့်သတင်းများ”၊ “7Day News သတင်းစုံ”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုတွေမှာမျှဝေထား ရာမှာ ၁၄ နာရီအတွင်း လူမှုကွန်ယက်သုံးစွဲသူ ၆ ထောင်ကျော်က ပြန်လည်မျှ ဝေခဲ့ကြတာတွေ့ရပါတယ်။ Fb link Fb link Archive link Archive link အချက်အလက်စိစစ်ချက် ဒီလိုမျိုး နွားကနေ ဉဉတုတယ်ဆိုတာများကြားမိသလားလို့ ညောင်လေးပင် မဲဆန္ဒနယ်အမှတ်(၁) […]

Continue Reading

ပျံ့နှံမှုအားကောင်းနေတဲ့ မီတာခတွေအရှုပ်တော်ပုံပို့စ်အကြောင်း

COVID-19 ကာကွယ်၊ထိန်းချုပ်၊ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီက ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက နေတဲ့ အရေးကြီးကာလအတွင်းမှာ ပြည်သူလူထုအတွက် အိမ်သုံးအမျိုးအစားလျှပ်စစ်ဓာတ် အားသုံးစွဲမှု ၁၅၀ ယူနစ်ကို အခမဲ့ သုံးစွဲခွင့် ဧပြီလအကုန်အထိ ပေးသွားမယ်လို့ ဧပြီ ၆ ရက်ကထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိအချိန်ဟာ ဧပြီလအတွင်းက သုံးစွဲခဲ့တဲ့လျှပ်စစ်ဓာတ်အားခတွေကို တောင်းခံနေတဲ့အချိန်ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဧပြီလ လျှပ်စစ်မီတာခနဲ့ ပတ်သက်ပြီးရေးသားထားတဲ့ ပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ်သုံးစွဲ သူတွေအကြားမှာရေပန်းစားနေပါတယ်။ အောက်ပါ screenshot ကတော့ “Crystal Ko”အမည်နဲ့ဖေ့စ်ဘွတ် သုံးစွဲသူမျှဝေထားတဲ့ ပို့စ်ထဲကဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က အနည်းဈေးနှင့်ပေးဆောင်ရသော ယူနစ်၁၅၀ကင်းလွတ်ခွင့်ပေးပါမည်ဟု မကြေငြာခဲ့ပဲ ယူနစ်၁၅၀ကင်းလွတ်ခွင့်ရမည်ဟုသာကြောငြာခဲ့ကြောင်းနဲ့ ကြေငြာချက်သဘောအရဆိုလျှင် သုံးစွဲခဲ့တဲ့ ယူနစ်၁၅၀ကို အရင်နုတ်ပြီးမှတွက်ရမည်၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်းအနေနဲ့ လွဲမှားတွက်ချက်ပြီးကောက်ယူနေတယ်ဆိုပြီး ရေးသားထားတာတွေ့ရပါတယ်။ Fb link Archive link ဒီလိုမျိုးတွက်ချက်မှုဟာ ယူနစ် […]

Continue Reading

ဒေးဗစ်လား စောင့်ကြည့်ခံဟိုတယ်မှထွက်ပြေးသွားပြီဆိုတဲ့ သတင်းမှား

ကိုယ်တိုင်လည်း COVID-19 ရောဂါးကူးစက်ခံရပြီး သူဉီးဆောင်ကျင်းပခဲ့တဲ့ ဘာသာရေး အခမ်းအနားတစ်ခု ကြောင့် အခြားသူတွေပါ ကူးစက်ခံရခဲ့ရပြီးနောက် ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေး ဉပဒေနဲ့ အမှုဖွင့်အရေး ယူခံထားရတဲ့ ခရစ်ယာန်တရားဟောဆရာစောဒေးဗစ်လား ဗိုင်းရပ်စ်ပိုးမတွေ့ရှိတော့တာကြောင့် ဆေးရုံက ဆင်းခွင့်ပြုလိုက်ပြီဖြစ်ပေမဲ့ ဟိုတယ်မှာ Quarantine ခံရယူနေရဆဲအခြေအနေဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ “အစိုးရက အမှုဖွင့်ထားသော ဒေးဗစ်လား..စောင့်ကြည့်ခံ ဟိုတယ် မှ ထွက်ပြေးသွား!= တာဝန်ယူ ခေါ်ခဲ့သော လူကြီးမင်း..ရှာပေးပါ!” ဆိုပြီး “Ne Ya Byutt”အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူက ပို့စ်တစ်ခု မျှဝေထားရာမှာ ၂၄ နာရီအတွင်း ဒီပို့စ်ကို ပြန်လည်မျှဝေသူက နှစ်ထောင်ကျော်ရှိခဲ့ပါတယ်။  Fb link Archive link အချက်အလက်စိစစ်ချက် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဉီးနိုင်ငံလင်းက ဒီသတင်းဟာ မဟုတ်ကြောင်း အောက်ပါအတိုင်းသူ့ရဲ့ လူမှုကွန်ယက်မှာရေးသားထားပါတယ်။  Naing […]

Continue Reading