ဒူးရင်းသီးစားပြီး ကိုကာကိုယ်လာသောက်မိပြီးတဲ့ အမျိုးသားတစစ်ဦးသေဆုံးဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းတစ်ပုဒ် လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။

“Di Đức Lợi(Tiêm Filler Mông Ngực)မှဖော်ပြခဲ့သည့် ကမ္ဘောဒီးယားနိုင်ငံမှ အမျိုးသားတစ်ဦးသည် မနေ့နေ့လည်အချိန်တွင် ထိုအမျိုးသားသည် အလုပ်လုပ်ပြီး ဇနီးသည်မှဝယ်လာပေးသော ဒူးရင်သီးကိုစားပြီး ရေခဲသေတ္တာ ထဲတွင်အသင်ရှိနေသော ကိုကာကိုယ်လာ ယူသောက်လိုက်အပြီး ယခုပုံပါမြင်တွေ့ရသည့်အတိုင်း လဲကြသေဆုံးသွားခြင်းဖြစ်ပါသည်”ဆိုပြီး poststore.xyz အမည်နဲ့ဝက်ဆိုဒ်ကရေးသားတဲ့ သတင်းတစ်ခုကို လူမှုကွန်ယက်မှာ ပြန်လည်မျှဝေထားတာအောက်ပါအအတိုင်းတွေ့ရပါတယ်။

Fb linkArchive link

မကြာခဏဆိုသလို ဒီလိုသတင်းမျိုးတွေ ထွက်ပေါ်ခဲ့တာတွေ့ ရပါတယ်။ ၂၀၁၄ ခုနှစ်ထဲမှာလည်း Kim-Siang Ng အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက ဒူးရင်းသီးနဲ့ ကိုကာကိုလားမစားဖို့အတွက်တိုက်တွန်းခဲ့တာလည်းတွေ့ရပါတယ်။

Archive link

ဒူးရင်းသီးနဲ့ ကိုကာကိုလာဟာ မကြာခဏဆိုသလို တွဲဖက်စားသုံးမိနိုင်တဲ့အစားအစာတွေဖြစ်လို့ ဒီအချက်အ လက်ဟာ မှန်မမှန် Fact Crescendo Myanmar က အချက်အလက်စိစစ်ခဲ့ပါတယ်။

အချက်အလက်စိစစ်ချက်

ဆေးဘက်ဆိုင်ရာ အသိပညာပေးဆောင်းပါးတွေရေးသားတဲ့ Hello Sayarwon က ဒေါက်တာသူရိန်လှိုင်ဝင်း ကတော့အောက်ပါအတိုင်းပြောပါတယ်။

“ဖြစ်နိုင်ခြေကတော့ ကယ်လိုရီတက်သွားတာပဲတစ်ခုရှိနိုင်တယ်။ကျန်တာကတော့ သိပ်ဖြစ်နိုင်စရာမရှိပါဘူး။ ဖြစ်နိုင်ခြေရှိတာကတော့ ဒူးရင်းသီးက ကယ်လိုရီအရမ်းများတယ်။ ကယ်လိုရီများတဲ့အသီးထဲမှာပါတယ်။ နောက်ကိုကာကိုလာတို့ဘာတို့ကလည်း သကြားဓာတ်များတယ်။ တကယ်လိုများ နှစ်ခုစလုံး စားလိုက်မယ်ဆိုရင် sugar level အရမ်းတက်သွားမှာပေါ့။ ကယ်လိုရီအရမ်းတက်သွားမယ်။ အဲတော့ ဖြစ်နိုင်ခြေရှိတာကတော့ နဂိုကတည်းက ရောဂါအခံရှိတယ်။ ဉပမာအားဖြင့် ဆီးချိုတို့ဘာတို့ ရှိတယ်၊ ရောဂါအခံရှိနေတဲ့သူဆိုရင်တော့ အဲဒါ စားလိုက်တဲ့အခါမှာ ရုတ်တရက်သွေးတွင်း သကြားဓာတ်အရမ်းမြင့်တက်သွားပြီးတော့ အန္တရာယ်ရှိတာမျိုးတော့ ဖြစ်နိုင်တယ်။ အဲဒါမျိုးတော့ဖြစ်နိုင်တယ်။ ဒါပေမဲ့ တခြားလိုမျိုး သူတို့ နှစ်ခုမတည့်တာမဟုတ်ဘူး။ အဲဒါက နဂိုရောဂါအခံရှိတဲ့သူတွေအတွက်ကတော့ ဖြစ်မှာပဲ။ ဖြစ်နိုင်တယ်။ ဖြစ်နိုင်ခြေရှိတယ်ပေါ့”လို့ ဒေါက်တာ သူရိန်လှိုင်ဝင်းက ရှင်းပြပါတယ်။

Google မှာ “durian and coke”ဆိုပြီး ရိုက်ရှာမယ်ဆိုရင်လည်း အောက်ပါအတိုင်းတွေ့ ရပါတယ်။

Coke သို့မဟုတ် Coca Cola ထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ စင်ကာပူရုံးခွဲနဲ့ မလေးရှားရုံးခွဲတွေကလည်း ဒူးရင်းသီးနဲ့ ကိုကာကိုလာတွဲဖက်စားရင်သေနိုင်တယ်ဆိုတာ မဟုတ်ပါဘူးလို့ ထုတ်ပြန်ထားတာတွေ့ရပါတယ်။ အောက်ပါ လင့်ခ်တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

LinkLink

တရုတ်ခရီးသွားတစ်ဉီး ထိုင်းမှာ ကိုကာကိုလာနဲ့ ဒူးရင်းသီးစားပြီးသေဆုံးသွားတယ်လို့ လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ရာမှာ ဒီအသက် ၂၈ နှစ်အရွယ်အမျိုးသားဟာ နှလုံးအခံကြောင့်ဖြစ်တာတွေ့ရကြောင်းရေးသားထားတဲ့ ဆောင်းပါးကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Link

ဒီလိုပဲ လူငယ်တစ်ဉီးက ဒူးရင်းသီးနဲ့ ကိုကာကိုလာကို လက်တွေ့စားပြနေတဲ့ပုံကို ယူကျူ့မှာ ဗွီဒီယိုတစ်ခုတင်ခဲ့ တာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Link

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ဒူးရင်းသီးနဲ့ ကိုကာကိုလာဟာ ဓာတ်မတည့်တဲ့ ပြဿနာရှိလို့ အန္တရာယ်ရှိပြီး တွဲဖက်စားသုံးဖို့ မသင့်ဘူးဆိုတဲ့ အထောက်အထားမတွေ့ရပဲ ဆီးချိုလိုမျိုး ရောဂါအခံရှိသူတွေအတွက် သွေးတွင်း သကြားထက်ကို အချိန်တိုအတွင်းမှာ ပမာဏများပြားမြင့်တက်စေပြီး အန္တရာယ်ရှိကောင်း ရှိနိုင်တယ်ဆိုတဲ့ သဘောမျိုးသာဖြစ်တာတွေ့ရပါတယ်။

Title:ဒူးရင်းသီနဲ့ ကိုကာကိုလာအတူစားရင် အန္တရာယ်ရှိလား

Fact Check By: Nayar Maung