ဒေးဗစ်လားကို မောင်းထုတ်ရေးတွေ့ဆုံပွဲဆိုင်းဘုတ်တဲ့လား.. အမှန်က ဒီလိုပါ

COVID-19 ရောဂါးကူးစက်ခံရအပြီးမှာ အငြင်းပွားဖွယ်ရာဟောပြောချက်တွေကြောင့် လူမှုကွန်ယက် သုံးစွဲသူတွေ အကြားမှာ တမုတ်ချင်းနာမည်ကြီးလာသလို သူဉီးဆောင်ကျင်းပခဲ့တဲ့ ဘာသာရေး အခမ်းအနားတစ်ခုကြောင့် အခြားသူတွေပါ ကူးစက်ခံရခဲ့ရပြီးနောက် ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေး ဉပဒေနဲ့အမှုဖွင့်အရေးယူခံ ထားရတဲ့ ခရစ်ယာန်တရားဟောဆရာဒေးဗစ်လားနဲ့ ပတ်သက်တဲ့သတင်းတွေဟာ လူမှုကွန်ယက်မှာ ရေပန်းစား ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ “ရပ်ကွက်ကလက်မခံဘူးဆိုတာ..တော်ကီလို့ထင်နေသူများအဖို့.” ဆိုပြီး “Min Khant Koko Maung”အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူက ပို့စ်တစ်ခု မျှဝေလာတာတွေ့ရပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ဒီပို့စ်ရဲ့ အောက်က မှတ်ချက်တွေမှာ ဖို့တိုရှော့ဆိုပြီးပြောဆိုနေသူတွေရှိသလို ပို့စ်တင်သူကိုယ်တိုင်ကလည်း ဒီဟာက အတုပြုလုပ်ထားတာဖြစ်တာကို သိရှိပြီး စိတ်ထဲက ဒီလိုဖြစ်စေချင်တဲ့အတွက်မျှဝေထားတာလို့ ပြောဆိုထားတာတွေ့ရပါတယ်။ ဒီပို့စ်မှာပါတဲ့ ဓာတ်ပုံကို Google မှာပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေရာမှာလည်း အောက်ပါအတိုင်း တွေ့ရပါတယ်။ အပေါ်က Google ရဲ့ရှာဖွေမှုရလဒ်မှာဖော်ပြထားသလို […]

Continue Reading

မေ ၁၂ နဲ့ ၁၃ မှာ အပူချိန် ၄၈ ကနေ ၅၀ ဒီဂရီစင်တီဂရိတ်အထိရှိလာနိုင်တယ်ဆိုတဲ့ သတင်းမှား

မြန်မာနိုင်ငံမှာ နေ့အပူချိန် အမြင့်ဆုံးလတွေကိုရောက်ရှိဖြတ်သန်းနေရချိန်ဖြစ်ပြီး ရာသီဉတုပူပြင်းမှုဒဏ်ရဲ့ နောက်ဆက်တွဲအဖြစ် အသက်အန္တရာယ်အထိရှိနိုင်တဲ့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အပူဒဏ်အန္တရာယ်ကို ရှောင်ရှားနိုင်ဖို့ သတိပေး ချက်တွေ ထုတ်ပြန်ထားပါတယ်။ ဒီလိုအခြေအနေမျိုးမှာ “မြတ်လေး နွယ်” နဲ့ “Thae Thae” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူတွေက “မေလ ၁၂ ရက် ၁၃ ရက် အပူချိန် ၄၈-၄၉-၅၀ အထိ တက်မယ်တဲ့ အားလုံးဂရုစိုက်ကြပါစို့လားဗျာ” ဆိုတဲ့ ဓာတ်ပုံ ပို့စ်တစ်ခုကို အောက်ပါအတိုင်းမျှဝေထားပါတယ်။ Fb link Fb link Archive link Archive link အချက်အလက်စိစစ်ချက် ပထမဆုံး ရာသီဉတုဆိုင်ရာ သတင်းအချက်အလက်တွေကို ပုံမှန်ထုတ်ပြန်ပေးနေတဲ့ “မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြား မှုဉီးစီးဌာန”ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကို သွားရောက်ပြီး အချက်အလက်ရှာဖွေရာမှာ “(၁၂.၅.၂၀၂၀) ရက်နေ့ […]

Continue Reading

၆ နှစ်ပြည့်အစီအစဉ်အဖြစ် iphone 11 pro အလုံး ၃၀ မဲပေါက်ပေးမယ်ဆိုတဲ့ Telenor စာမျက်နှာအတု

“Telenor ‌အော်ပရေတာ ၆နှစ်ပြည့်အထူးအစီအစဥ်”ဆိုပြီးတော့ Telenor ဆိုတဲ့စာမျက်နှာကနေ မျှဝေထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ် သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ မေ ၉ ရက်နေ့ကတင်ထားတဲ့ပို့စ်မှာ  “Telenor သုံးစွဲသူမိဘပြည်သူများအား ကျေးဇူးတုံပြန်သောအနေဖြင့် Telenor နှင့် i phone company တို့ပူးပေါင်း၍ i phone 11pro အလုံး(၃၀) ခန့်ကို မဲဖောက်ပေးသွား မည်ဖြစ် ပါသည်။ထို့အပြင် ဖုန်းဘေ 1000 ကတ် 100ကတ် 5000ကတ် 50ကတ် 3000ကတ် 30ကတ်နှင့် 1000ကတ် 10ကတ်ကိုပါထပ်မံမဲဖောက်ပေးသွားမည်ဖြစ်ပါသည်။ကံစမ်းမဲအစီအစဉ်တွင်ပါဝင်လိုသူများအနေဖြင့်1.ပထမဦးဆုံးအခု Telenor Page ကို Like လုပ်ထားရပါမယ် 2.အခု Post မိမိ Profile တွင့် share ပါ 3.ယခု Post အောက်မှာ […]

Continue Reading

ကိုယ်ဝန်​ေဆာင်အမျိုးသမီးတစ်ေယာက်က က ေလး ၁၈ မွှာမွေးသတဲ့လား

လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ သာမန်ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဉီးရှိရမည်ထက် ပိုပြီး ဗိုက်ပူနေတဲ့ အမျိုးသမီးတစ်ဉီးဓာတ်ပုံနဲ့ ကလေး အမြောက်အများနဲ့ ထိုင်ခုံပေါ်မှာထိုင်နေတဲ့ အမျိုးသားတစ်ဉီးပုံနဲ့ ပို့စ်တစ်ခု ပျံ့နှံတာတွေ့ရပါတယ်။  “18မွှာမွေးသော အမျိုးသမီး မျက်လုံးတေပါ ပြူးသွားတယ်” “Cho Than” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားတာတွေ့ရပါတယ်။ ဒီလိုပဲ “Khuun Sitt Thway”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “ကဲ ၁၈ မွှာတဲ့ မွေးလိုက်ကြရအောင် သဲတို့” ဆိုပြီး “Crush” အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာမျှဝေထားတာတွေ့ရပါတယ်။ Fb link Fb link Archive link Archive link အချက်အလက်စိစစ်ချက် ဒီပို့စ်မှာပါတဲ့ ဓာတ်ပုံတွေကို Google မှာပုံပြောင်းပြန်ရှာနည်းအသုံးပြုပြီးရှာဖွေရာမှာ ဒီကိုယ်ဝန်ဆောင် အမျိုး သမီးပုံနဲ့ ကလေး အမြောက်အများနဲ့ ထိုင်ခုံပေါ်မှာထိုင်နေတဲ့ အမျိုးသားတစ်ဉီးပုံဟာ နိုင်ငံတကာမှာလည်း ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ကလေး ၁၇ […]

Continue Reading

အိန္ဒိယမှာ ဓာတ်ငွေ့ယိုစိမ့်မှုကြောင့်လူတွေလဲကျတာကို ဗိုင်းရပ်စ်ပိုးကြောင့်လဲကျနေတဲ့ မြင်ကွင်း အဖြစ်ဖော်ပြနေတဲ့ သတင်းမှား

အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်လကျော် lockdown လုပ်ထားရာကနေ တစ်ဖြေးဖြေးချင်း ပြန်လည်ဖွင့် လှစ်လိုက်ချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု ပိုမိုမြင့်တက်လာခဲ့ပါတယ်။  ဒီလိုအခြေအနေမျိုးမှာ “မြန်မာပြည်က လူတွေ မပေါ့ဆကြပါနဲ့အုံးနော် အစောပိုင်းက အိန္ဒိယမှာ ဗိုင်းရပ်ပိုး မရောက်ဘူးဆိုပြီး ပေါ့ပေါ့ဆဆနေခဲ့ကြတာ အခု သေမှသေတော့လည်း ကြောတ်စရာကြီးဘဲ”ဆိုပြီးတော့ ပို့စ်တစ်ခုကို “ထုံးအိုင်သူ ရွှေညာသား”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “နောက်ဆုံးရ သတင်း ထူးများ” အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ မျှဝေထားတာတွေ့ရာမှာ ၂၁ နာရီအတွင်း လူ ၁ ထောင်ကျော်က ပြန်လည်မျှဝေကြပါတယ်။ Fb link Archive link အလားတူပဲ “Thein Kyaw Soe” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူ သူ့ရဲ့ စာမျက်နှာမှာ အောက်ပါအတိုင်း မျှဝေထားပါတယ်။ Archive link အချက်အလက်စိစစ်ချက် ပထမဆုံး အမျိုးသမီးတစ်ဉီးဆိုင်ကယ်နံဘေးမှာ ရပ်နေရင်းကနေ […]

Continue Reading

သရုပ်ဆောင်မြင့်မြတ်က အိုင်ဖုန်း ၁၅ လုံး၊ ဟွန်ဒါဖစ် ၃ စီးမဲဖောက်ပေးမယ်ဆိုတဲ့ သတင်းတု

“ပရိသက်ကြီးရေ….ဘာလိုလိုနဲ့…မင်္ဂလာသတ်တမ်း ၅နှစ်တောင်ပြည့်ပါတော့မယ်။ ၁၀နှစ်တာအားပေးလာ ကြတဲ့ပရိသက်ကြီးကိုကျေးဇူးတုံ့ပြန်ချင်လို့ ရရှိတဲ့အနုပညာကြေးလေးနဲ့ကံစမ်းမဲလေးတွေ တတ်နိုငိသလောက် ဖောက်ပေးချင်ပါတယ်ခင်ဗျာ။အိုင်ဖုန်း၁၅လုံးနဲ့ဟွန်ဒါဖစ်၃စီးမဲဖောက်ပေးမှာဖြစ်ပါတယ်။ကံစမ်းရမဲ့စည်းကမ်းချက်လေးတွေကတော့…….။၁။ အရင်ဆုံးကျွန်တော့်ရဲ့ဒီPageလေးကိုLikeလုပ်ရပါမယ်ခင်ဗျာ။၂။ ဒီပို့စ်ရဲ့အောက်မှာ မိမိတို့အမြဲကိုင်တဲ့ဖုန်းနံပါတ်လေးမန့်ပေးရပါမယ်ခင်ဗျာ။ ၃။ ဒီပို့စ်လေးကို Share လုပ်သွားပေးရပါမယ်ခင်ဗျာ။ စည်းကမ်းချက်သုံးချက်နဲ့ညီတဲ့ကံစမ်းသူကိုသာထည့်သွင်းစဥ်းစားသွားမှာဖြစ်ပြီးကံစမ်းမဲပေါက်သူကိုတော့ ကိုမြင့်မြတ်ကိုယ်တိုင် မေလ၁၅ ရက်နေ့မှာဖုန်းဆက်အကြောင်းကြားပေးသွားမှာလည်းဖြစ်ပါတယ်။ အားလုံး ပဲချစ်ရတဲ့ပရိသက်ကြီးကံကောင်းနိုင်ကြပါစေခင်ဗျာ”ဆိုပြီးတော့ “Myint Myat Fan” အမည်နဲ့ ဖေ့စ်ဘွတ်စာ မျက်နှာမျှဝေခဲ့ရာမှာ ပြီးခဲ့တဲ့ ၁၉ နာရီအတွင်း လူမှုကွန်ယက်သုံးစွဲသူ ၉ ထောင်နီးပါးက ပြန်လည်မျှဝေခဲ့ပြီး လူပေါင်း ၅ သိန်းကျော်ဆီကို ဒီပို့စ်က ပျံ့နှံ့သွားခဲ့ပါတယ်။ လူမှုကွန်ယက်သုံးစွဲသူတွေက သူတို့ရဲ့ ဖုန်းနံပါတ်တွေကိုလည်း မှတ်ချက်ရေးခဲ့ကြတာတွေ့ရပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် “ကျွန်တော်တို့အနေနဲ့ကတော့ ဘာမှတင်ထားတာမရှိဘူး။ ကျွန်တော်တို့အနေနဲ့ အဲဒီအစီအစဉ်လုပ်ထားတာ မရှိ ဘူး။ မမှန်ဘူး”လို့ သရုပ်ဆောင်မြင့်မြတ်ရဲ့ […]

Continue Reading

လွန်ခဲ့တဲ့ ၄ နှစ်က သရက်သီးကောက်ရင်း ဓာတ်လိုက်သေဆုံးခဲ့သည့် မောင်နှမ၄ဦး၏ ကြေကွဲဖွယ်အဖြစ်အပျက်ကို လက်ရှိဖြစ်ပျက်သဖွယ်မျှဝေနေခြင်း

“သရက်သီး ကောက်ရင်း ဓာတ်လိုက် သေဆုံးခဲ့သည့် မောင်နှမ ၄ဦး၏ ကြေကွဲဖွယ် နောက်ဆုံးမြင်ကွင်း” ဆိုပြီး WT Kaung အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားပါတယ်။ Fb link Archive link သရက်သီးကောက်ရင်းကလေးငယ် ၄ ဉီးဓာတ်လိုက်သေဆုံးခဲ့ရသည့် ဒီသတင်းကို အွန်လိုင်းသုံးစွဲသူ အသီးသီး ကလည်း အောက်ပါအတိုင်းမျှဝေထားပါတယ်။ အချက်အလက်စိစစ်ကြည့်တဲ့အခါမှာ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့ ၄ နှစ်ကတကယ့် ကြေကွဲဖွယ်အဖြစ် အပျက်တစ်ခုဖြစ်တာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် Google မှာ “သရက်သီးကောက်ရင်း ဓာတ်လိုက်သေဆုံးခဲ့သည့် မောင်နှမ၄ဦး”လို့ အဓိကကျတဲ့စကားလုံးတွေကို အသုံးပြုရှာဖွေရှာမှာအောက်ပါအတိုင်းတွေ့ရပါတယ်။ ၂၀၁၆ ခုနှစ် မေ၂၀ ရက်က မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့ မြို့ကွက်သစ် ၁ မှာ ဒီကနေ့ နေ့လယ်ပိုင်းက ကလေးငယ် ၄ ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ပွားခဲ့တဲ့သတင်းကို […]

Continue Reading

ဓာတ်ခွဲစမ်းသပ်ချက်အရ ရန်ကုန်လေထုထဲမှာ COVID-19 ရောဂါပိုးတွေ ပျံ့နှံ့နေတယ် ဆိုတဲ့ သတင်းမှား

COVID-19 ကူးစက်မြန်ကပ်ရောဂါပိုးဟာ မေ ၇ ရက်အထိ ကမ္ဘာတစ်လွှာမှာ လူပေါင်း လေးသန်းနီးပါးကို ကူးစက်ပျံ့နှံ့ခဲ့ပြီး ကူးစက်ခံရသူပေါင်း ၂ သိန်း ၆ သောင်းကျော်အထိ သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လည်း မတ် ၇ ရက်အထိ ကူးစက်ခံရမှုအတည်ပြုလူနာပေါင်း ၁၆၂ ဉီးအထိရှိပြီး ၆ ဉီးသေဆုံးခဲ့ရပါတယ်။ ဒီလိုအခြေအနေအမျိုးမှာ “အထူးသတိပြုပါ ရန်ကုန်လေထုဓါတ်ခွဲစမ်းသပ်ချက်အရ လေထုထဲတွင် COVID-(19) ပိုးရှိကြောင်း သိရပါသည်။ ကိုယ်ခံအားနည်းသူကို အလွယ်တကူကူးဆက်နိုင်သည် အပြင်ထွက်ရင် (MASK) တပ်ပါ”ဆိုပြီး “U Tint Lwin” အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူက ပို့စ်တစ်ခုမျှဝေထားရာမှာ လူမှုကွန်ယက်သုံးစွဲသူ ၇ ထောင်ကျော်က ပြန်လည်မျှဝေခဲ့ကြပြီး ဒီပို့စ်ကို ၂၄ နာရီအတွင်းမှာလူပေါင်း  ၃သိန်းနီးပါးဆီကို ပျံ့နှံ့ခဲ့ပါတယ်။  Fb link Archive […]

Continue Reading

ထိုင်းနိုင်ငံချင်ရိုင်းခရိုင်က ကောက်ရိုးဘန်ဂလိုတွေကို မိတ္ထီလာကဘန်ဂလိုတွေအဖြစ် မျှဝေနေကြ

“မိတ္ထီလာရောက်ရင် ဝင်ခဲ့ပါ ရှန်တဲလေတပ်စခန်း ရဲ့ ဘေးက သရက်ခြံက ကျနော့်တို့ခြံပဲ ထန်းရေနဲ့ ဆိတ်သား ခြောက်ဖုတ် free ကြွေးမယ် ခွေးသားလည်းရတယ် အတွဲးတွေလာမယ်ဆိုရင် ဘိကောင်းတယ်နော်ဂစ်တာတီး မလား ဖဲရိုက်မလား နောက်ဆုံး fa ဖြစ်ပါစေ အားငယ်စရာမလိုဘူး…..(မှတ်ချက်-စကားလုံးအသုံးအနှုန်းကြမ်း တမ်းမှုကြောင့် ချန်လှပ်ထားခဲ့ပါသည်)မီထီလာ စီးပွားရေး တက္ကသိုလ်က ကျောင်းသား#သူများ အပြင် GTC ပါမကျန် အခြားမေဂျာပေါင်းစုံက ကျောင်းသား/သူတွေအတွက် ကျနော်တို့ ခြံလေးက လုံးဝနတ်ပြည် အိုအေ စစ်လေးပါ တစ်ချို့မန်လေးသားတွေတောင် တစ်လကိုးသီတင်း လာနေကြပါတယ်ဗျ။ ခြံအကျယ်ဝန်း ကတော့ ၁၂ဧကရှိပါတယ် အားလုံးလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ဗျ”ဆိုပြီး “Kyaw Htet Naing”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ပထမဆုံး ဘန်ဂလိုပုံကို Google […]

Continue Reading

Bollywood ရုပ်ရှင်မင်းသားကြီး အမီးရ်ခန်းက ဂျုံကြမ်းထုတ်တွေ မလှူခဲ့ပါ

COVID-19 ကပ်ရောဂါကြောင့် အသွားအလာကန့်သတ်ချက်တွေကြောင့် လူထုရဲ့နေ့စဉ်ဘဝလုပ်ဆောင်တာတွေနဲ့ စီးပွား ရေးလုပ်ငန်းပုံမှန်လည်ပတ်နိုင်ဖို့ ရုံးကန်နေရချိန်မှာ နေ့စဉ်လူမှုဘဝဖူလုံရေးအတွက် ရုန်းကန်နေရသူကို သက် ဆိုင်ရာအစိုးရတွေအပါအဝင် ငွေရကြေးတက်ပုဂ္ဂိုလ်တွေက ပုံစံမျိုးစုံနဲ့ လောကအတွက်ကောင်းကျိုးအတွက် တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ဆောင်ရွက်နေကြတာတွေရှိပါတယ်။ ဒီလိုအခြေအနေမျိုးမှာ “အိန္ဒိယနိုင်ငံ နယူဒေလီမြို့ကြီးမှာ တကမ္ဘာလုံးက သိတဲ့ bollywood ရုပ်ရှင်မင်းသားကြီး အမီးရ်ခန်း နေထိုင်သတဲ့။ သူက အရမ်းလည်းချမ်းသာတယ်ဆိုပဲ။ အခုလို covid ကာလမှာ သူက လူတွေကို ကြေငြာသတဲ့။ “သူ ဂျုံကြမ်းအထုပ်ကလေးတွေ အများကြီးထုပ်ထားတယ် လာယူကြပါဆိုပြီး ။ မြို့နေလူထုက လည်း အံဩသွားပြီး ဝေဖန်မှု့တွေမြင့်တက်လာ သတဲ့ ” ဒီလောက်ချမ်းသာတာ ဂျုံကြမ်းမှုန့်ပဲပေးတာလား? စေတနာမကောင်းဘူး… ပေးချင်တယ်ဆို ဂျုံအနုမှုန့်ကောင်းတာပေးပါလား ပိုက်ဆံပေးပါလား ပေါ်ပင်လုပ်တာ ဘာလား ညာလားနဲ့… မကောင်းဘူးထင်ပြီး သွားမယူခဲ့ကြသူတွေလည်းများစွာရှိခဲ့ကြသတဲ့။ […]

Continue Reading