လွန်ခဲ့တဲ့ ၆ လက နာမကျန်းဖြစ်နေသော ကလေးပုံကို ကိုရိုနာဗိုင်းရပ်စ် ကူစက်ခံနေရတဲ့ ကလေးအဖြစ်ပြန်လည်ဖော်ပြနေတဲ့ သတင်းမှား

ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာတစ်ဝှမ်းမှာ ပျံ့နှံ့ကူးစက်လာချိန်မှာ ကူးစက်မှုမြန်တဲ့ ဗိုင်းရပ်စ်ပိုးဟာ လူတွေကို စိုးရိမ်ပူပန်မှုတွေကို ဖြစ်စေခဲ့ပါတယ်။ ဒီလို လူတွေ စိုးရိမ်ပူပန်ကြောင့် ဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေကို ရှာဖွေနေချိန်မှာ သတင်းအမှားတွေကလည်း လူမှုကွန်ယက်မှာ ကြီးစိုးလာနေပါတယ်။ အသက်ရှုပိုက်တွေ တပ်ထားရပြီး အသက်ရှုကျပ်နေဟန်တူသော နာမကျန်းဖြစ်နေတဲ့ ကလေးပုံနဲ့ ဗွီဒီယိုကို လူမှုကွန်ယက်မှာပြန်လည်မျှဝေနေကြတာတွေ့ရပါတယ်။  “သနားလိုက်တာ ကလေးလေးရယ်ကိုရိုနာဗိုင်းရပ်စ် ကူစက်ခံနေရတဲ့ ကလေးနဲ့ လူကြီးတွေပါ စိတ်ခိုင်မှကြည့်ပါ”ဆိုပြီးတော့ “Khin Zin Htay” အမည်နဲ့ ဖေ့စ်ဘွတ်အကောင့်က မျှဝေထားပါတယ်။ Fb link Fb link Archive link Archive link အခြားအကောင့်တစ်ခုဖြစ်တဲ့ “Joe Lay” က ဒီလိုပဲပြောပြီးမျှဝေထားပါတယ်။ Fb link Fb link […]

Continue Reading

ရန်ကုန်ဆေးရုံကြီးမှာ ကိုရိုနာ ရောဂါကူးစက်ခံရသူ (၃၃)ယောက်ရှိပြီလို့ပြောလာတဲ့ အသံဖိုင်သတင်းမှား

“ရန်ကုန်ဆေးရုံကြီးမှာတင် ၃၃ ရှိနေပြီ ဒါပေမဲ့ အစိုးရအဖွဲ့က တိုင်ပင်ပြီးတော့မှ အများကြီး တခါတည်း ကြေညာလိုက်ရင်လို့ရှိရင် panic buying တွေ အကုန်ဒုက္ခရောက်ကုန်မှာစိုးလို့ ဒီနှစ်ယောက်က စဖော်မယ်ဆိုပြီးတော့မှ ပြောတယ်နော်။ အဲတော့ ရှိနေတာက ၃၃ ယောက် နည်းနည်းချင်း နည်းနည်းချင်းစီ စဖော်မယ်ဆိုပြီးတော့မှ ပြောသွားတယ်နော်”ဆိုပြီး အမျိုးသမီးတစ်ယောက်ပြောကြားထားတဲ့အသံဖိုင် တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။၂၁ စက္ကန့်ရှည်လျားတဲ့ ဒီအသံဖိုင်ကို ဘယ်သူက စတင်လိုက်တယ်ဆိုတာတော့ မသိရပါဘူး။ Herry Ye အမည်နဲ့အကောင့်က ဒီအသံဖိုင်ကို မျှဝေထားတာတွေ့ရပါတယ်။ Fb link Fb link Archive link Archive link pro7media အမည်နဲ့ ဝက်ဆိုဒ်ကလည်း ပြန်လည်ဖော်ပြထားတာတွေ့ရပါတယ်။ Link Archive link အချက်အလက်စိစစ်ချက် မတ် […]

Continue Reading

ကျေးဇူးတော်နေ့မှာ ဘရာဇီးသမ္မ ငိုကြွေးတဲ့ပုံကို အီတလီဝန်ကြီးချုပ် ကိုရိုနာဗိုင်းရပ်စ် ကြောင့် ငိုကြွေးတဲ့ပုံအဖြစ်ဖော်ပြနေတဲ့ သတင်းမှား

ကမ္ဘာတစ်လွှာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု မြင့်တက်နေချိန်မှာ အီတလီနိုင်ငံဟာ အဆိုးရွားဆုံးနဲ့ ရင်ဆိုင်နေရပါတယ်။ ဗိုင်းရပ်စစ်ကြောင့် သေဆုံးမှုမှာ အီတလီနိုင်ငံဟာ ဗိုင်းရပ်စ်စတင်ရာ တရုတ်နိုင်ငံထက် ပိုမိုများပြားလာပြီး မတ် ၂၂ ရက်အထိ စုစုပေါင်း သေဆုံးသူ ၅၀၀၀ ဝန်းကျင်နီးပါးရှိလာပြီဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အီတလီတာဝန်ရှိသူတွေနဲ့ ပတ်သက်တဲ့ သတင်းတွေဟာလည်း လူမှုကွန်ယက်မှာရေပန်းစားနေပြီး အီတလီဝန်ကြီးချုပ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ငိုကြွေးတဲ့ပုံအဖြစ်ဖော်ပြထားတဲ့ ဓာတ်ပုံဟာ လူမှုကွန်ယက်မှာ ဖြန့်ဝေမှုများပြားခဲ့ပါတယ်။ Khin Zin Htay အမည်နဲ့အကောင့်က “သတင်းစုံ”၊ “မှု့ခင်းနှင့်သတင်းစုံ”စတဲ့ ဖေ့စ်ဘွတ်အုပ်စုတွေ မျှဝေထားတာတွေ့ရပါတယ်။ မျှော်လင့်ချက်မဲ့နေသည့် အီတလီဝန်ကြီးချုပ် မိန့်ခွန်းပြောရင်း ငိုကြွေးဆိုပြီးတော့လည်း ရေးသားထားပါတယ်။ Fb link Fb link Archive link Archive link  â€œá€™á€žá€Żá€ˇá€á€„á€şá€¸á€”á€žá€„á€ˇá€şá€žá€á€„á€şá€¸á€…á€Żá€śâ€á€…á€á€˛á€ˇ ဖေ့စ်ဘွတ်အုပ်စုထဲမှာ Shwe […]

Continue Reading

လူများမိမိအိမ်အတွင်းတွင်သာနေထိုင်ရန် ကျားနှင့်ခြင်္သေ့အကောင် ၈၀၀ အား မြို့များသို့စေလွှတ်ခဲ့တဲ့ရုရှားတယ်ဆိုတဲ့ သတင်းမှား

လူများမိမိအိမ်အတွင်းတွင်သာနေထိုင်ရန် ကျားနှင့်ခြင်္သေ့အကောင် ၈၀၀ အား မြို့များသို့စေလွှတ်ခဲ့တဲ့ရုရှားဆိုပြီး ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ “ရုရှားနိုင်ငံ တွင် သမ္မ ပူတင်မှ လူတွေ အပြင်မထွက်စေရန် ကျား နှင့် ခြသ့်။ ‌အကောင် (၈၀၀) လမ်းတွေ မှာ ချထားလိုက်တယ်။”လို့ MMcities အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ မျှဝေထားပါတယ်။ Fb link Archive link Sai Tin အမည်နဲ့အကောင့်က “ကျောက်စိမ်း လုံးခွင်လိုင်း”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုထဲမှာ အခုလိုမျှဝေထားတာတွေ့ရပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် လက်ရှိကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်လွှာက နိုင်ငံအတော်များများမှာ အပြင်မထွက်ရအမိန့်ထုတ်ပြန်ပြီး ကူးစက်ရောဂါပိုးကိုထိန်းချုပ်ဖို့ဆောင်ရွက်နေပေမဲ့ သတင်းဖော်ပြချက်ဟာ ယုံကြည်ဖို့ခက်ခဲ့တဲအတွက် ဓာတ်ပုံကို Google Reverse Image Search ကို သုံးပြီးရှာကြည့်တဲ့အခါမှာအောက်ပါအတိုင်းတွေ့ရပါတယ်။ […]

Continue Reading

အသက်ရှုကြပ် ဝေဒနာကြောင့် အေးဝတ်ရည်သောင်း အရေးပေါ် ဆေးရုံတင်ထားရသလား

အသက်ရှုကြပ် ဝေဒနာကြောင့် သရုပ်ဆောင် အေးဝတ်ရည်သောင်း ဆေးရုံတင်ထားရတယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ “ဘယ်လိုဖြစ်ရတာလဲ မအေးသောင်းရယ် အမြန်ဆုံးသက်သာပါစေ အသက်ရှုကြပ် ဝေဒနာကြောင့် အရေးပေါ် ဆေးရုံတင်ထားရတဲ့ မအေးသောင်း ရုပ်သံ”ဆိုပြီး “ဂီတစာဆို ဗိုလ်အောင်ဒင်”အမည်နဲ့အကောင့်က “သတင်းစုံ”ဖေ့စ်ဘွတ်အဖွဲ့မှာ မျှဝေထားတာတွေ့ရပါတယ်။ Fb link Archive link အခြားသောဖေ့စ်ဘွတ်စာမျက်နှာတွေဖြစ်တဲ့ “မြန်မာ့သတင်း”၊ “KBZ Media” နဲ့ “M.N.T” တို့မှာလည်း ဒီဗွီယိုကို ပြန်လည်မျှဝေတာတွေ့ရပါတယ်။ Fb link Fb link Fb link Archive link Archive link Archive link အချက်အလက်စိစစ်ချက် သတင်းမှာဖော်ပြထားတဲ့ လူပမာပုံကို Google မှာပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာကြည့်ရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ ဒီပုံဟာ ၂၀၁၉ ခုနှစ် […]

Continue Reading

မင်္ဂလာဒုံမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် လူနာ ၃ဦး ဖမ်းမိတဲ့ဆိုတဲ့ ဗီဒီယိုဖိုင်သတင်းအမှား

“Breaking News မင်္ဂလာဒုံမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် လူနာ ၃ဦး ဖမ်းမိတဲ့ ဗီဒီယိုဖိုင်”ဆိုပြီးတော့ လူမှုကွန်ယက်မှာ ပို့စ်တစ်ခုကို ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ ဗွီဒီယိုဖိုင်ထဲမှာ အမျိုးသားနှစ်ဉီးနဲ့ အမျိုးသမီးတစ်ယောက်စကားပြောနေတာတွေ့ရပြီး အချိန် ၁ မိနစ် ၂၄ စက္ကန့်ရိုက်ကူးထားတာတွေ့ရပါတယ်။ စက္ကန့် ၃၀ နဲ့ ၄၆ စက္ကန့်ကြားမှာ ကားပေါ်က အမျိုးသမီးက အောက်ပါအတိုင်းစကားပြောခဲ့ပါတယ်။ “အစ်မကြီးမှုံ မင်္ဂလာဒုံကတော့ သတင်းထူးပြီ။ မင်္ဂလာဒုံမှာ ရောဂါတွေ့လို့တဲ့ ၃ ယောက်တဲ့ ။သမီးတို့ကားကိုရပ်ထားတယ်သိလား။ ရှေ့မှာ ambulance ကြီးနဲ့ ဆင်းလာတာလည်းအများကြီးပဲ ဟုတ်တယ်။ အိမ်ထဲမှာနေတာ စုစုပေါင်း ၁၁ ယောက်တဲ့။ လူက ၃ ယောက်ကူးတာတဲ့”ဆိုပြီး ပြောကြားထားပါတယ်။ Nay Myo Thu အမည်နဲ့အကောင့်က “သတင်းစုံ”ဖေ့စ်ဘွတ်အုပ်စုမှာ မျှဝေထားပြီး “ဂီတစာဆို […]

Continue Reading

ရှမ်းပြည်နယ် ရွာငံဒေသမှာဆင်ဖြူတော်(၁၆)ကောင်ပေါ်ထွန်းဆိုတဲ့ သတင်းမှား

ရှမ်းပြည်နယ် ရွာငံဒေသမှာဆင်ဖြူတော်(၁၆)ကောင်ပေါ်ထွန်းတယ်ဆိုတဲ့ သတင်းကို လူမှုကွန်ယက်မှာ မျှဝေမှုများပြားခဲ့ပါတယ်။  â€œá€á€­á€Żá€„်းပဟည်ပ္ဍကဟွယ်တမယအ် နမိတ်ပဲ ရှမ်းပြည်နယ် ရွာငံဒေသမှာဆင်ဖြူတော်(၁၆)ကောင် ပေါ်ထွန်းလို့လာပါပြီ………!!!”လို့ Pa Pa Hlaing အမည်နဲ့အကောင့်က “စိတ်အားငယ်တိုင်းဖတ်ဖို့စာစုများ”အမည်နဲ့ ဖေ့စ်ဘွတ်အဖွဲ့ထဲမှာ မျှဝေထားရာမှာ နာရီ ၂၀ အတွင်းမှာ ဖေ့စ်ဘွတ် သုံးစွဲသူ ၂၀၀၀ ကျော်က ပြန်လည်မျှဝေခဲ့တာတွေ့ရပါတယ်။ ထိုနည်းတူစွာပဲ Thiri Kyaw အမည်နဲ့  အခြားဖေ့စ်ဘွတ်သုံးစွဲသူတစ်ဉီးကလည်း “ဟာသ ဗဟုသုတ သတင်းစုံ”အမည်နဲ့ ဖေ့စ်ဘွတ်အဖွဲ့ထဲမှာ မျှဝေထားတာတွေ့ရပါတယ်။ Fb link Fb link Archive link Archive link “ဦးသန်းရွှေလက်ထက် (၂၀၀၁)ခုနှစ်လောက်မှာ ဆင်ဖြူတော် (၃)ကောင်ပေါ်ထွန်းခဲ့ဘူးတယ်၊ ရခိုင်ရိုးမထဲကပေါ့ ၊အခုလည်း သမ္မတကြီး ဦးဝင်းမြင့်ရဲ့ လက်ထက်မှာလည်းရှမ်းပြည်နယ် ရွာငံဒေသမှာဆင်ဖြူတော်(၁၆)ကောင် ပေါ်ထွန်းလို့လာပါပြီ၊ဘုန်းကံတွေ မြင့်မားလာလို့ […]

Continue Reading

သီပေါက စောင့်ကြည့်လူနာမှာ ပိုးတွေ့ပြီဆိုတဲ့ သတင်းမှား

မတ် ၁၉ ရက်အထိ ကမ္ဘာတစ်လွှာက နိုင်ငံနဲ့ နယ်မြေဒေသပေါင်း ၁၆၈ အခုအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံခဲ့ပြီး လူပေါင်း ၂ သိန်းကျော်လောက်ကူးစက်ခံထားရပြီး လူပေါင်း ၉၀၀၀ နီးပါးသေဆုံးခဲ့ရချိန်မှာ မြန်မာနိုင်ငံအနေနဲ့လည်း စောင့်ကြည့်လူနာ ၁၇၇ ကျော်ရှိနေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ သီပေါက စောင့်ကြည့်လူနာမှာ ပိုးတွေ့ပြီဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ “မကွေး/ကျိုင်းတုံ / မိုင်းဖြတ်မှ စောင့်ကြည့် ကိုရိုနာ လူနာ သုံးဉီးလုံး ယနေ့ သေဆုံးသွားပါပြီ…ဝန်ခံဖို့ အချိန်တန်ပါပြီ ဧကရီ…သီပေါက စောင့်ကြည့်လူနာမှာ ပိုးတွေ့ပါသတဲ့ဗျာ..ဝန်ခံသင့်ပါပြီ  သို့မှ ပိုတိုးပြီး သတိထား ဆင်ချင်နိုင်ဖို့ ဖြစ်လာမှာပါ” ဆိုပြီး Aung Naing Htwe အမည်နဲ့ ဖေ့စ်ဘွတ်အကောင့်က မျှဝေထားပါတယ်။ Fb link Archive […]

Continue Reading

ခွေးကြောင်းများနှင့် အနီးကပ်နေရင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်နိုင်လား

မတ် ၁၉ ရက်မှာ ကမ္ဘာတစ်လွှာမှာနိုင်ငံပေါင်း ၁၆၆ နိုင်ငံအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်နှံခဲ့ပြီး လူပေါင်း ၂ သိန်းကျော်လောက်ကူးစက်ခံထားရပြီး လူပေါင်း ၉၀၀၀ နီးပါးသေဆုံးခဲ့ရချိန်မှာ ဟောင်ကောင်က ခွေးတစ်ကောင်ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုသံသယနဲ့ ဖေဖော်ဝါရီလထဲမှာ သီးသန့်စောင့်ကြပ်ကုသမှု ခံယူမှုပြီးမြောက်ပြီး ၂ ရက်အကြာမှ  သေဆုံးခဲ့ပါတယ်။ ဒီလိုမျိုးအချိန်မှာ “ခွေးကြောင်များနှင့် အနီးကပ်မနေပါနဲ့ COVID/19 ဒီအချိန်ခွေးကြောင်မျောက်တွေနဲ့ ဝေးဝေးနေပါ သင့်တမိသားစုလုံးအတွက် အခုချက်ချင်းသတိပြုပါ”ဆိုပြီး kokomg အမည်နဲ့အကောင့်က လူမှုကွန်ရက်မှာ ပို့စ်တစ်ခုမျှဝေလာပြီး ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ၁။ခွေးတစ်ကောင်ဟောင်ကောင်မှာကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုသံသယနဲ့ ဖေဖော်ဝါရီလထဲမှာ သီးသန့်စောင့်ကြပ်ကုသမှု ခံယူမှုပြီး ၂ ရက်အကြာမှာသေဆုံးမှုဖြစ်ခဲ့တယ်လို့ မတ် ၁၆ ရက်က သေဆုံးမှုဖြစ်ခဲ့တဲ့ သတင်းကို South […]

Continue Reading

ဗိုက်တာမင်(စီ)က ကိုရိုနာဗိုင်းရပ်စ်ကို ကုသနိုင်လား

“အထူးသတင်း၊(COVID-19)နှင့်လျှို့ဝှက်ထားသောတရုတ်လက်နက်”ဆိုပြီး ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ ရှည်လျားပြီး စွဲဆောင်မှုရှိရှိရေးသားထားတဲ့ စာထဲမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြောင်းလည်းပါသလို ဗိုက်တာမင်စီအကြောင်းနဲ့ မြန်မာနိုင်ငံအကြောင်လည်းပါဝင်ပြီး နိဂုံးချုပ်ခါနီးမှာ “အခုတရုတ်ပြည်မှာ(COVID-19) ကိုထိန်းချုပ်နိုင်သွားပါပြီ။ဘယ်လိုထိန်းချုပ်သလဲဆိုတော့ ဖေဖေါ်ဝါရီလလယ်မတိုင်ခင်လေးမှာ(Vitimin C high dose)နှင့်စတင်စမ်းသပ်ကုသဖို့(High dose vitamin C clinical trials) တွေကိုစတင်စမ်းသပ်ကုသခဲ့ပါ တယ် လို့တရုတ်ပြည်ကဆရာဝန်(Doctor Richard Cheng)ကိုယ်တိုင်ဝန်ခံသွားပါ တယ်။မယုံရင်အောက် ကလင့်ခ်မှာဗီဒီယိုဖိုင်ဝင်ကြည့်လိုက်ကြပါ”လို့လည်း Kelvin Albert Power အမည်နဲ့အကောင့်က ရေးသားထားပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ၁။ Google မှာ “vitamin c covid-19”လို့ ရိုက်ရှာကြည့်တဲ့အခါမှာ vitamin c က ကိုရိုနာဗိုင်းရပ်စ်ကို ကုသနိုင်သလားဆိုတဲ့မေးခွန်းတွေနဲ့အတူ ကုသပေးနိုင်တာမဖြစ်နိုင်တာကိုရေးသားထားတဲ့ သတင်းနဲ့ ဆောင်းပါးတွေ၊အချက်အလက်စိစစ်ချက်တွေ တွေ့ရပါတယ်။ […]

Continue Reading