“အထူးသတင်း၊(COVID-19)နှင့်လျှို့ဝှက်ထားသောတရုတ်လက်နက်”ဆိုပြီး ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။

ရှည်လျားပြီး စွဲဆောင်မှုရှိရှိရေးသားထားတဲ့ စာထဲမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြောင်းလည်းပါသလို ဗိုက်တာမင်စီအကြောင်းနဲ့ မြန်မာနိုင်ငံအကြောင်လည်းပါဝင်ပြီး နိဂုံးချုပ်ခါနီးမှာ “အခုတရုတ်ပြည်မှာ(COVID-19) ကိုထိန်းချုပ်နိုင်သွားပါပြီ။ဘယ်လိုထိန်းချုပ်သလဲဆိုတော့ ဖေဖေါ်ဝါရီလလယ်မတိုင်ခင်လေးမှာ(Vitimin C high dose)နှင့်စတင်စမ်းသပ်ကုသဖို့(High dose vitamin C clinical trials) တွေကိုစတင်စမ်းသပ်ကုသခဲ့ပါ တယ် လို့တရုတ်ပြည်ကဆရာဝန်(Doctor Richard Cheng)ကိုယ်တိုင်ဝန်ခံသွားပါ တယ်။မယုံရင်အောက် ကလင့်ခ်မှာဗီဒီယိုဖိုင်ဝင်ကြည့်လိုက်ကြပါ”လို့လည်း Kelvin Albert Power အမည်နဲ့အကောင့်က ရေးသားထားပါတယ်။

Fb linkArchive link

အချက်အလက်စိစစ်ချက်

၁။ Google မှာ “vitamin c covid-19”လို့ ရိုက်ရှာကြည့်တဲ့အခါမှာ vitamin c က ကိုရိုနာဗိုင်းရပ်စ်ကို ကုသနိုင်သလားဆိုတဲ့မေးခွန်းတွေနဲ့အတူ ကုသပေးနိုင်တာမဖြစ်နိုင်တာကိုရေးသားထားတဲ့ သတင်းနဲ့ ဆောင်းပါးတွေ၊အချက်အလက်စိစစ်ချက်တွေ တွေ့ရပါတယ်။

၂။ကမ္ဘာ့ကျန်းမားရေးအဖွဲ့က လက်ရှိအချိန်အထိ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်၊ ကုသနိုင်တဲ့ဆေးဝါးမျိုး မတွေ့ရှိရသေးဘူးလို့ ပြောကြားထားပါတယ်။ အနောက်တိုင်းဆေး၊ တိုင်းရင်းဆေးနဲ့ အိမ်တွင်းဆေးမီတိုတွေက covid-19 ရောဂါလက္ခဏာကို သက်သာအောင်၊ပျောက်အောင်ကုသပေးကောင်းပေးနိုင်ပေမဲ့ လောလောဆယ် အထိ ကာကွယ်နိုင်၊ ကုသနိုင်တယ်ဆိုတဲ့ ဆေးကို အချက်အလက်ခိုင်ခိုင်မာမာမတွေ့ရသေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောကြားထားပါတယ်။ အနောက်တိုင်းဆေးအပါအဝင် တိုင်းရင်းဆေးနဲ့ ကုသတာ၊ ကာကွယ်တာတွေကို စမ်းသပ်မှုတွေတော့ရှိနေပြီး လူတွေနဲ့ စမ်းသပ်မှုပြီးစီးရင်ပြီးစီးချင်း ထုတ်ပြန်ပေးသွားမယ်လို့ ပြောကြားပါတယ်။

link

၃။ Google မှာ “xinhua vitamin c covid-19”လို့ရိုက်ရှာတဲ့အခါမှာလည်း သတင်းတစ်စုံတစ်ရာမတွေ့ရပါဘူး။ အင်္ဂလိပ် ဘာသာနဲ့ ဖြန့်ဝေတဲ့ တရုတ်သတင်းဌာနတစ်ခုဖြစ်တဲ့ globaltimes မှာ ဗိုက်တာမင်စီက ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်တယ်လို့ ကြေညာတဲ့ ကုမ္ပဏီကြော်ငြာတွေကို အာဏာပိုင်တွေက ဆွဲစုပ်ပစ်ခဲ့ပြီး ဒဏ်ရိုက်ခဲ့တယ်လို့ ရေးသားထားပါတယ်။

link

၄။ အချက်အလက်စိစစ်ရေးဝက်ဆိုဒ်တစ်ခုဖြစ်တဲ့ politifact ကလည်း ဗိုက်တာမင်စီက ကိုရိုနာဗိုင်းရပ်စ်ကို မကုသနိုင်ဘူးလို့ ပြောထားပါတယ်။

link

သုံးသပ်ချက်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊အမေရိကန်ကူးစက်ရောဂါထိန်းချုပ်ရေးဌာနလိုမျိုးဌာနတွေက ရိုးရာဓလေ့နည်းလမ်းနဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ လက္ခဏာတွေကို သက်သာအောင်လုပ်နိုင်ကောင်းလုပ်နိုင်မယ်လို့ ပြောကြား ထားပေမဲ့ ဒီလိုကုသမှုတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ကုသရာမှာတော့ တိကျမှန်ကန်တဲ့ အဖြေတော့ မဟုတ်ပါဘူး။ အစားအသောက်တွေဟာ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်တယ်ဆိုတဲ့ အထောက်အထားမရှိတဲ့အတွက် သတင်းမှားသာဖြစ်ပါတယ်။

Avatar

Title:ဗိုက်တာမင်(စီ)က ကိုရိုနာဗိုင်းရပ်စ်ကို ကုသနိုင်လား

Fact Check By: နေရာမောင်

Result: False