မြဝတီက စစ်သားနှစ်ဦးအသတ်ခံရပြီး ဗုံးထောင်မှုကို အစ္စလာမ်အမျိုးသမီးကျူးလွန် တယ်လို့ သတင်းမှားဖြန့်
ဩဂတ်လ ၃၀ရက်နေ့က မြဝတီ-ကော့ကရိတ်လမ်းဟောင်းက ဆက်သွယ်ရေးစခန်းမှာဖြစ်ပွားခဲ့တဲ့ တပ်မတော် သားနှစ်ဦးအသတ်ခံရပြီး အလောင်းမှာလက်ပစ်ဗုံးထောင်တာကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ လက်သည် တရားခံမှာ အစ္စလာမ်အမျိုးသမီးတစ်ဦးဖြစ်တယ်ဆိုတဲ့ ပို့စ်တစ်ခုဟာ လူမှုကွန်ယက် အသုံးပြုသူတွေ အကြားပြန့်နှံ့ခဲ့ပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ “မအိသီရိဆန်းရွှေ အသက်၃၁နှစ် အစ္စလာမ်(ဘင်္ဂလီ) လူမျိုး၊ အမျိုးသမီးက ဆက်သွယ်ရေးတာဝါတိုင်နှင့် ဆက်သွယ်ရေးစခန်းငယ်တွင် တာဝန်ထမ်းဆောင်နေသော စစ်သည်၂ ဦးထဲသာရှိနေသည့် စခန်းတွင်းသို့ ဘာရက်တာ 92.f အမျိုးအစား ပစ္စတိုတစ်လက်ဖြင့် ဝင်ရောက်ခဲ့ပြီး အနီးကပ်ပစ်ခတ်ခဲ့သဖြင့် အမှတ် ၇ ဆက်သွယ်ရေးတပ်ရင်းမှ ဒုတပ်ကြပ်မြတ်မင်းဇော်နှင့်တပ်သားညီညီသန့်တို့ နှစ်ဦးစလုံး ဝဲဘက်နားထင်တွင် သေနတ်ဒါဏ်ရာများဖြင့် လဲကျသေဆုံးခဲ့ရပါသည်။ ကျဆုံးစစ်သည် အလောင်းအောက်တွင်မိုင်းတစ်လုံး ထောင်ထားခဲ့တဲ့အတွက် မိုင်းထပ်မံပေါက်ကွဲပြီး ကယ်တင်ရန်သွားခဲ့သည့် ဆေးအရာရှိအပါအဝင်စစ်သည် ၂ဦးပါ ထပ်မံကျဆုံးခဲ့ပြီး ရဲအရာရှိတစ်ဦးအပါအဝင် တပ်မတော်သား ၈ ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့တယ်”စသည်ဖြင့်ရေးသားထားပါတယ်။ FB […]
Continue Reading