Fact Check: ထင်ယောင်ထင်မှားဖြစ်စေတဲ့ သတင်းတုတွေ ဖြန့်ဝေနေတဲ့ Newpowermedia
Newpowermedia အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာဟာ ထင်ယောင်ထင်မှားဖြစ်စေတဲ့ ရေးသားဖြန့် ဝေမှုတွေပြုလုပ်ကာ ပျံ့နှံ့မှု အားကောင်းလာတာကို Fact Crescendo Myanmar က သတိပြုမိပါတယ်။ Newpowermedia အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာဟာ “အစိုးရသစ်အဖွဲ့နဲ့ ဌာန ဆိုင်ရာတွေ ထဲမှာ စစ်သား ဟောင်းတွေကို ဦးစားပေးဖယ်ရှားသွားမယ်လို့ ဒေါက်တာဇော်မြင့်မောင်ပြော”လို့ခေါင်းစဉ်တပ်လျှက် သတင်း တစ်ခုကို ဇန်နဝါရီ ၁၁ ရက်က ရေးသားမျှဝေခဲ့ရာမှာ နာရီအနည်းငယ်အတွင်း ပြန်လည်မျှဝေသူ ရာဂဏန်းဝန်းကျင်ရှိခဲ့ပါတယ်။ သို့သော်လည်း ဒီသတင်းမှာ ဒေါက်တာဇော်မြင့်မောင်က ဘယ်အချိန်၊ ဘယ်နေရာမှာ ပြောကြားသလဲဆိုတဲ့ ပြောကြားချက်မျိုးအပါအဝင် သတင်းတစ်ပုဒ်မှာ ရှိအပ်တဲ့ အင်္ဂါရပ်တွေမပါဝင်တာကိုလည်း Fact Crescendo Myanmar က သတိပြုမိပါတယ်။ အခြားသောသတင်းဌာနတွေမှာလည်း ဒီလို အလားတူသတင်း ဖော်ပြချက် မျိုးမတွေ့ရှိရပါဘူး။ လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ ပို့စ်တစ်ခုကိုအောက်ပါ အတိုင်းတွေ့ရ […]
Continue Reading