Fact Check:  NLD ထိပ်ပိုင်းခေါင်းဆောင် ၃ ဦးကို စစ်တပ်က ညတွင်းချင်း သေဒဏ်ပေးတဲ့ သတင်းတု

စစ်တပ်က NLD ‌ခေါင်းဆောင် ၃ ဦးကိုဖမ်းပြီး ညတွင်းချင်း သေဒဏ်ပေးလိုက်ပြီလို့ဆိုလိုထားတဲ့  ဗွီဒီယိုယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု တခုသာဖြစ်တယ်။  ဒီဇင်ဘာ ၂၂ ရက်မှာ စတင်ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါ စာသားကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ကို အောက်မှာ ကြည့်ပါ။  “စစ်တပ်ကNLD ခေါင်းဆောင်(၃)ဦးဖမ်းပြီး  ညက သေဒဏ်ပေးလိုက်ပြီတဲ့ဗျာ/လွန်သွားပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Khit thit channel”ဟာ မီဒီယာတွေမှာ‌ဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်း ခေါင်းစဉ်တုတပ်ဖြန့်ချိတဲ့ နေရာဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ […]

Continue Reading

Fact Check: NLD နာယက ဦးတင်ဦး မေ ၃၀ ရက်က ကွယ်လွန်သွားပြီဆိုတဲ့ သတင်းမှား ပျံ့နှံ့ခဲ့

NLD နာယက ဦးတင်ဦး မေ ၃၀ ရက်က ကွယ်လွန်သွားပြီဆိုတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့တာဟာ သတင်းမှားတခုဖြစ်တယ်။ NLD နာယက ဦးတင်ဦးဟာ ယနေ့(ဇွန် ၁ရက်)မနက်ပိုင်းမှာ ကွယ်လွန်ခဲ့တာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ –တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ “NLD နာယကကြီး ဘဘဦးတင်ဦး  မေ ၃၀  ၇ နာရီ ၃၂မိနစ်တွင်  ကွယ်လွယ်သွားပြီဟု  သိရှိရပါသည်။ ကောင်းရာ သုဂတိဘုံမှာ  အေးချမ်းပါစေ 🙏🙏🙏” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ နာယက ဦးတင်ဦး ကွယ်လွန်သွားပြီလို့ အချို့သော လူမှုကွန်ယက် အသုံးပြုသူတွေက ရေးသားဖြန့်ဝေနေချိန်မှာ ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ဆောင်မှာ စိုးရိမ်လူနာအဖြစ် […]

Continue Reading

Fact Check: စစ်တပ်က လေသံပြောင်းပြီး NLD နဲ့တွေ့ဆုံဆွေးနွေးဆိုတဲ့ သတင်းတု

စစ်တပ်ကလေသံပြောင်းပြီး NLD နဲ့တွေ့ဆုံဆွေးနွေးမယ်လို့ ဆိုထားတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြု  သူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ အောက်ပါ ဗွီဒီယိုပို့စ်ကတော့ ယနေ့ ဖြန့်ဝေလာတဲ့ ဗွီဒီယို ပို့စ်တစ်ခုဖြစ်ပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link ဒီစာမျက်နှာကပဲ အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  မတ် ၁၆ ရက်ကဖြန့်ဝေခဲ့တာကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် စစ်တပ်ခန့် ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံပြန်မတင်တဲ့ ပါတီတွေကို ဖျက်သိမ်းကြောင်း မတ် ၂၈ ရက်မှာ ကြေညာခဲ့ပါတယ်။ ဒီဖျက်သိမ်းခံရတဲ့ ပါတီ ၄၀ ကျော်ထဲမှာ NLD ပါတီလည်းပါဝင်ပါတယ်။   မူရင်းလင်ခ့် – RFA Burmese | Archive link ဗွီဒီယိုပါအကြောင်းအရာဟာလည်း […]

Continue Reading

Fact Check: NLD နာယကဦးတင်ဦးအပါအဝင် ဗဟိုကော်မတီဝင်တွေကို ထုတ်ပယ် ဆိုတဲ့ ကြေညာချက်အတု

NLD နာယကဦးတင်ဦးအပါအဝင် ဗဟိုကော်မတီဝင်တွေကို ထုတ်ပယ်ကြောင်း ကြေညာချက်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ တကယ်တော့ ကြေညာချက်အတုဖြစ်တာတွေ့ရပါတယ်။  ပျံ့နှံ့နေတဲ့ NLD ပါတီရဲ့ ကြေညာချက်ထဲမှာ နာယကဦးတင်ဦး၊ ဒေါ်ခင်ဌေးကြွယ်၊ ဒေါ်စုစုလွှင်၊ ဒေါက်တာ တင်မျိုးဝင်း၊ ဒေါ်ခင်စန်းလှိုင်၊ ဦးဇွဲ့ဘွဲ့တို့ကို ပြည်သူ့ဆန္ဒနဲ့ဆန့်ကျင်ပြီး ‌စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက် နေတဲ့အတွက် အခုလို ထုတ်ပယ်လိုက်တာဖြစ်တယ်လို့လည်းဖော်ပြပါတယ်။  ဖေ့စ်ဘွတ်အသုံးပြုသူတစ်ယောက်မျှဝေထားတဲ့ ဒီထုတ်ပြန်ချက်အတုကို အောက်ပါအတိုင်းတွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အလားတူ ရေးသားဖြန့်ဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဒီထုတ်ပြန်ချက်ဟာအတုဖြစ်ကြောင်း NLD ဗဟိုကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဦးအောင်ကြည်ညွှန့်က အောက်ပါ အတိုင်းပြန်လည်ရှင်းလင်းထားတာတွေ့ရပါတယ်။  “ဒီစာကလဲ ကလိန်ကကျစ် ဖက်စစ် စစ်တပ်ရဲ့ အကြံကုန် ဂဠုန်ဆားချက် […]

Continue Reading

Fact Check:  NLD မပါတဲ့ရွေးကောက်ပွဲ တရားမဝင်ဘူးလို့ တရုတ်ပြောတဲ့သတင်းမှား

NLD မပါတဲ့ရွေးကောက်ပွဲ တရားမဝင်ဘူးလို့ တရုတ်ပြောပြီး စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲကို ငြင်းပယ်လိုက်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်မှာ “တရုတ်က ငြင်းပယ်လိုက်ပြီ NLD မပါတဲ့ရွေးကောက်ပွဲ တရားမဝင်ဘူးလို့ အပြတ်ပြော” စသည်ဖြင့်ရေးသားပြီး “N G V”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ၉ မိနစ်ကျော် ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ရဲ့ အဖွင့်စာသားနေရာမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးခင်ရီ၊တရုတ်ဝန်ကြီးချုပ် လီခကျန်းဓာတ်ပုံတွေနဲ့အတူ NLD မပါတဲ့ရွေးကောက်ပွဲ တရုတ်ငြင်းပယ်လို့ တရုတ်ဘက်က အပြတ်ပြောပြီလို့ ဆိုထားပေမဲ့ ဒီဗွီဒီယိုတစ်ခုလုံးမှာ ဒီအကြောင်းအရာမပါဝင်ဘူး။ ဒီလို တရုတ်က မြန်မာစစ်တပ်က […]

Continue Reading

Fact Check: ဒေါ်စုကို သစ္စာဖောက် စစ်တပ်အလိုကျလုပ်နေတဲ့ ဦးဖြိုးမင်းသိန်းပစ်သတ်ခံရဆိုတဲ့ သတင်းမှား

ဒေါ်အောင်ဆန်းစုကြည်ကို သစ္စာဖောက်ပြီး စစ်တပ်အလိုကျလုပ်နေတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း ပစ်သတ်ခံရတယ်လို့ဆိုတဲ့ ဗွီဒီယိုပုံစံနဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်နဲ့ ယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။ သတင်းမှားသာဖြစ်တယ်။ ဦးဖြိုးမင်းသိန်းအပါအဝင် NLD အလုပ်အမှုဆောင် ၄ ဦးကို ပါတီက ထုတ်ပယ်မှုသတင်းကို သတင်းခေါင်းစဉ်တုနဲ့ဖြန့်ချိနေခြင်းဖြစ်တယ်။ “ဒေါ်စုကို သစ္စာဖောက် စစ်တပ်အလို ကျ ကိုယ်ကျိုးရှာနေတဲ့ ဦးဖြိုးမင်းသိန်း စောစောလစ် သွားပြီ”လို့ ရေးသားပြီး “A Sone Thi” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဒီဗွီဒီယိုကို အောက်ပါအတိုင်းမျှဝေထား ရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုအကြိမ်အရေအတွက် ၆၀၀ နီးပါးရှိခဲ့ပြီး ကြည့်ရှူ့မှုပေါင်း ၆ သိန်းကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ယူကျူ့ရဲ့ […]

Continue Reading

Fact Check: NLD ပါတီနဲ့ ပတ်သက်တဲ့ တရုတ်ရဲ့ပြောကြားချက်ဆိုတဲ့ သတင်းတု

NLD ပါတီကို ထုတ်ပယ်ခြင်းမပြုဖို့ တောင်းဆိုမှုကို မလိုက်နာရင် အဆိုးဆုံးတွေ ရင်ဆိုင်ရမယ်လို့ တရုတ် သတိပေးလို့ ဆိုလိုထားတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတု ဖြစ်ပါတယ်။ ဗွီဒီယိုပုံစံနဲ့ ဖြန့်ဝေနေတဲ့ ဒီပို့စ်မှာ “တောင်းဆိုမှုကို မလိုက်နာရင် အဆိုးဆုံးတွေ ရင်ဆိုင်ရမည်ဟု ပြက်းထန် သတိပေးပြီ”လို့ ရေးသားပြီး “NLD ကို ထုတ်ပယ်မှု တရုတ်ကို ထိပါးစော်ကားခြင်းဟု သတ်မှတ်ပြီ”လို့လည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုပါ အကြောင်းအရာဟာ Burma News Network က ဇန်နဝါရီ ၂၆ ရက်ကဖော်ပြခဲ့တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပြီး NLD ကို အာဏာပြန်ပေးဖို့ တရုတ်သမ္မတတောင်းဆိုတဲ့ သတင်းတုသတင်းမှား

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပြီး NLD ကို အာဏာပြန်လွှဲပေးဖို့ တရုတ်သမ္မတ တောင်းဆိုလိုက်တယ်လို့ ရေးသားထားတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြစ်ပါတယ်။ ဗွီဒီယိုပုံစံနဲ့ဖြန့်ဝေနေတဲ့ ဒီပို့စ်မှာ “အမေစုကိုလွှတ်ပြီး NLD ကိုအာဏာပြန်လွှဲပေးရန် တရုတ်သမ္မတ တောင်းဆို”လို့ လည်း ပို့စ်စာသားမှာရေးသားထားသလို ဒီယိုအစမှာလည်း တရုတ်သမ္မတ “အမေစုကိုလွှတ်ပြီး NLD ကိုအာဏာ ပြန်လွှဲပေးဖို့ တရုတ်သမ္မတ တောင်းဆို” စသည့်ဖြင့်ရေးသားထားပါတယ်။ ထို့အပြင် “NUG ကိုတရားဝင်အစိုးရ တင်မြှောက်ပွဲ မနက် ၉ နာရီမှာ အာဆီယံလုပ်မယ်လို့ကြေညာ”လို့လည်းရေးသား ထားပါတယ်။ “Thearith Ñøçh”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဒီဇင်ဘာ ၁၉ ရက်မှာ အောက်ပါအတိုင်းမျှဝေထား တာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  […]

Continue Reading

Fact Check: NLD ပါတီ ဖျက်သိမ်းပြီလို့ နကစ ကြေညာလိုက်တယ်ဆိုတဲ့သတင်းမှား

NLD ပါတီ ဖျက်သိမ်းပြီလို့ နကစ ကြေညာလိုက်တယ်လို့ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြစ်ပါတယ်။ ဗွီဒီယိုပုံစံနဲ့ဖြန့်ဝေနေတဲ့ ဒီပို့စ်မှာ“NLD ပါတီ ဖျက်သိမ်းပြီလို့ နကစ ကြေညာ”လို့ ရေးသားထားသလို ဗွီဒီယိုအစမှာပြတဲ့ ဓာတ်ပုံစာသားထဲမှာတော့ “(၁၉)ရက်နေ့ NLD ပါတီ ဖျက်သိမ်းကြောင်း ကြေညာ မအလ အထူးယုတ်မာပြီ” စသည်ဖြင့်ရေးသားထားပါတယ်။  “TepPon News” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဒီဇင်ဘာ ၁၉ ရက်က မျှဝေထားတာကို အောက်ပါအတိုင်းတွေ့ရပါတယ်။ ဒီပို့စ်ကို ကြည့်ရှု့မှုပေါင်း ၂ သိန်းကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် NLD ပါတီ ဖျက်သိမ်းပြီလို့ ကြေညာမရှိပါဘူး။ သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေပြီး […]

Continue Reading

Fact Check: လူရွှင်တော် ဦးဇာဂနာက စစ်အာဏာသိမ်းမှုကို ထောက်ခံရေးသားချက် အဖြစ်သတင်းတုသတင်းမှားပျံ့နှံ့ခဲ့

နိုင်ငံရေးအကျဉ်းသား လူရွှင်တော် ဦးဇာဂနာက စစ်အာဏာသိမ်းမှုကို ထောက်ခံရေးသားချက်အဖြစ် ပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ကြိမ်ဖန်များစွာပျံ့နှံ့လျက်ရှိပါတယ်။ တကယ်တော့ ဦးဇာဂနာနာမည် ကိုအသုံးပြုပြီး လုပ်ကြံရေးသားထားတဲ့ရေးသားချက်ဖြစ်တာတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလလောက်ကတည်းကစတင်ဖြန့်ဝေလျက်ရှိပြီး ယခုအချိန်အထိလည်း ဖြန့်ဝေလျှက်ရှိတဲ့ပို့စ်မှာ “ကိုယ့်ထမင်း ကိုယ်စားပြီး စစ်အာဏာရှင်ကို တော်လှန်ခဲ့ / ထောင်ဆိုတာ အိမ်ဦးနဲ့ကြမ်းပြင် ဖြစ်ခဲ့တဲ့ ဒေါက်တာ ဦးသူရ (ခ) ဦးဇာဂနာ ရဲ့ လက်ရှိနိုင်ငံရေး သုံးသပ်ချက်”လို့ စချီရေးသားထားတဲ့ ဒီပို့စ်မှာ အခုတကြိမ်စစ်တပ်က အာဏာသိမ်းတာဟာ ၂၀၀၈ ခုနှစ် အခြေခံ ဉပဒေနဲ့အညီ အာဏာထိမ်းတာသာဖြစ်တယ်လို့ ဦးဇာဂနာ ထောက်ခံခဲ့ပြီး NLD ပါတီကို မဲခိုးတဲ့ပါတီအဖြစ်စွပ်စွဲကာ ဒေါ်အောင်ဆန်းစုကြည်အစိုးရကိုလည်း ကွန်မြူနစ်ဆန်တဲ့ အာဏာရှင်အစိုးရအဖြစ်ဝေဖန်ထားတာဖြစ်ပါတယ်။  အောက်ပါစာသားတွေကတော့ ဒီလိုပျံ့နှံ့ခဲ့တဲ့ပို့စ်ပါ စာသားတွေပဲဖြစ်ပါတယ်။ “ကိုယ့်ထမင်း […]

Continue Reading