Fact Check: မန္တလေး အိုးဘိုထောင်ကို PDF တွေ ဝင်စီးတဲ့ သတင်းတု
မန္တလေး အိုးဘိုထောင်ကို PDF တွေ ဝင်စီးပြီး ထောင်သားအားလုံးလွတ်လာတယ် ဆိုတဲ့ ဗွီဒီယိုပို့စ်တခု ယူကျူ့အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာ ကြည့်ပါ။ “မနက်အထူးသတင်းကြီး မန္တလေးအိုးဘိုထောင် PDF မီးရှို့ပြီ ထောင်မှူးနဲ့ရဲခွေးတွေကိုလည်ပင်းကြိုးစွပ်ပြီး ထောင်ပေါက်ဝမှအကုန်ချိတ်ဆွဲထားလိုက်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ကိုကြည့်မယ်ဆိုရင် မီဒီယာတချို့မှာဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တု ဒါမှမဟုတ် ခေါင်းစဉ်လွဲတွေတပ်ကာ ဆက်တိုက်ဖြန့်ချိနေတာတွေ့ရပါတယ်။ လက်ရှိအချိန်မှာတော့ ဒီချန်နယ်ဟာ စလော့ဂိမ်းတွေကို ကြော်ငြာပေးတဲ့နေရာအဖြစ် ပြောင်းလဲထားပါတယ်။ ဩဂုတ် ၅ ရက်မှာ ဖြန့်ဝေခဲ့တဲ့ […]
Continue Reading