Fact Check: ကလေးလေဆိပ်ကို PDF နဲ့ CDF စီးနင်းမှု ဗိုလ်မှူးကြီး ၂ ဦးသေဆုံးပြီး လေယာဉ် ၂ စီးပျက်စီးဆိုတဲ့ သတင်းခေါင်းစဉ်မှား

ကလေးမြို့လေဆိပ်ကို PDF နဲ့ CDF စီးနင်းတိုက်ခိုက်မှု ဗိုလ်မှူးကြီး ၂ ဦးသေဆုံးပြီး လေယာဉ် ၂ စီး ပျက်စီးခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့နဲ့ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားရာပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ ချဲ့ကားထားတဲ့ သတင်းမှားတခုသာဖြစ်တယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ယခုဖြန့်ဝေနေတဲ့ ယူကျူ့ချန်နယ်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကိုလေ့လာကြည့်မယ်ဆိုရင် ချဲ့ကားထားတဲ့ ခေါင်းစဉ် သို့မဟုတ် လုပ်ကြံရေးသားထားတဲ့ ခေါင်းစဉ်တုတွေတပ်ပြီး သတင်းမီဒီယာအချို့က သတင်းတွေကို ပြန်လည်ဖြန့် ဝေနေခြင်းဖြစ်တာတွေ့ရပါတယ်။ ထို့အပြင် ယခုဖြန့်ဝေနေတဲ့ ဗွီဒီယိုပါသတင်းဟာ The 74 Media က နိုဝင်ဘာ ၂၁ ရက်မှာ ဖော်ပြခဲ့တဲ့ “ကလေးမြို့ လေဆိပ် ဒရုန်းနှင့်ဗုံးချတိုက်ခိုက်ခံရပြီး လေယာဉ် […]

Continue Reading

Fact Check: ပဲခူး ဒေးစွန်ပါသာသနာ့နယ်မြေကို KNU နဲ့ PDF ဖျက်ဆီးမှုသတင်းမှား

ပဲခူးမြို့ ဘုရားကြီး ဒေးစွန်ပါသာသနာ့နယ်မြေက ဗုဒ္ဓရုပ်ပွားတော်တွေနဲ့ အဆောက်အဦတွေကို KNU နဲ့ PDF ကဝင်ရောက်ဖျက်ဆီးသွားတယ်လို့ဆိုပြီး ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ဖြန့်ချိလျက်ရှိ တာတွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားဖြန့်ချိမှုသာဖြစ်တယ်။ ဖြန့်ဝေနေတဲ့ ပို့စ်တွေမှာ ပဒိုစောကွယ်ထူးဝင်း ဦးဆောင်တဲ့ KNU နဲ့ PDF  တွေက ဒီလိုဖျက်ဆီးခဲ့တာလို့ လည်းဆိုထားပါတယ်။အောက်ပါစခရင်ရှော့ကို ကြည့်ပါ။ တူညီတဲ့ ဖြန့်ဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  â€œâ—ď¸á€Ąá€€á€źá€™á€şá€¸á€–á€€á€şá€™á€žá€Żá€Ąá€Źá€¸á€›á€žá€Żá€á€şá€á€ťá€•á€Ťá€žá€Šá€şâ—ď¸ ပဒိုစောကွယ်ထူးဝင်း ဦးဆောင်သော KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ က ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ဒေးစွန်ပါသာသနာ့နယ်မြေရှိ ဗုဒ္ဓရုပ်ပွားတော်များနှင့် သာသနာနိက အဆောက်အဦများကို ဝင်ရောက်ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။ #thazinoo_သူရိယနေဝန်း” မူရင်းလင်ခ့် – Fb link | Archive link […]

Continue Reading

Fact Check: ရန်ကုန်မြို့နယ် ၃ ခုနဲ့ လေတပ်စခန်း PDF သိမ်းပိုက်မှု စစ်ခန့်သမ္မတ ဦးမြင့်ဆွေသေဆုံးတဲ့ သတင်းတု

ရန်ကုန်မြို့နယ် ၃ ခုနဲ့ လေတပ်စခန်း PDF သိမ်းပိုက်လိုက်ပြီး ဒီတိုက်ပွဲတွေအတွင်းမှာ စစ်တပ်ခန့် ယာယီသမ္မတဦးမြင့်ဆွေလည်း သေဆုံးခဲ့တယ်လို့ဆိုထားတဲ့ ယူကျူ့ဗွီဒီယိုတခု ပျံ့နှံ့မှုအားကောင်း လျှက်ရှိတာတွေ့ရပါတယ်။ သတင်းမှားတခုသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလိုပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။  မူရင်းလင်ခ့် – Youtube | Archive link အချက်အလက်စိစစ်ချက် ရန်ကုန်မြို့နယ် ၃ ခုကို PDF က သိမ်းပိုက်မှု၊ လေတပ်စခန်းကို သိမ်းပိုက်မှုနဲ့ ယာယီသမ္မတဦးမြင့်ဆွေ သေဆုံးမှုတို့အကြောင်း သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် မျိုးမရှိပါဘူး။  ဗွီဒီယိုထဲမှာပါဝင်တဲ့အကြောင်းအရာဟာရန်ကုန်က ဗုံးပေါက်ကွဲမှုတွေအကြောင်းတွေပဲဖြစ်ပါတယ်။ ဒီသတင်းဟာလည်း အောက်တိုဘာ ၃ ရက်က ရန်ကုန်ခေတ်သစ်မီဒီယာကဖော်ပြခဲ့တဲ့ “သာကေတ သန်လျင်ရေတပ်ဝင်းနှင့် မင်္ဂလာဒုံ လေတပ်အနီးတွင် ပေါက်ကွဲသံ တချို့ ထွက် ပေါ် ခဲ့ပြီး […]

Continue Reading

Fact Check: ထားဝယ်က လူမှုကူညီရေးအသင်းခေါင်းဆောင်ကို PDF ဖမ်းဆီးသတ်ဖြတ် ဆိုတဲ့ သတင်းမှား

ထားဝယ်အခြေစိုက် ဇမ္ဗူသီရီ အရေးပေါ်ကူညီကယ်ဆယ်ရေးအသင်းခေါင်းဆောင် ဦးနိုင်မျိုးသွင်ကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF)က ဖမ်းဆီးသတ်ဖြတ်လိုက်တယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမှားဖြန့်ချိနေခြင်းဖြစ်တယ်။ ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာ DVB သတင်းဌာန သတင်းဖော်ပြချက် စခရင်ရှော့ဓာတ်ပုံနဲ့အတူ အောက်ပါအတိုင်းရေးသား ဖြန့်ဝေထားပါတယ်။  “NUG အကြမ်းဖက်အဖွဲ့က တော်တော်ကိုယုတ်မာနေပြီ ထား၀ယ်မြို့က ဇမ္ဗူသီရီ လူမှုကူညီရေးအသင်းခေါင်းဆောင်ကို NUG လက်အောက်ခံ အကြမ်းဖက်PDFများမှ ရက်ရက်စက်စက်သတ်ဖြတ်သွားကြောင်းသိရ အပြစ်မဲ့ပြည်သူ လူမှု၀န်ထမ်းတွေကို သတ်ဖြတ်တာဟာ တော်တော်လေးကို ယုတ်မာအောက်တန်းကျပါတယ် လက်နက်မကိုင်ထားတဲ့ပြည်သူကို အကြမ်းဖက် သတ်ဖြတ်တဲ့ PDFများ မြန်မြန်ဝဋ်လည်ပါစေ မှိုင်းဝေ ” မူရင်းလင်ခ့် – Fb link | Archive link တူညီတဲ့ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: ရှေးဟောင်းမြသိန်းတန်စေတီကို PDF က မိုင်းထောက်ဖောက်ခွဲမှုဆိုတဲ့ သတင်းတု

ရှေးဟောင်းမြသိန်းတန်စေတီကို PDF က မိုင်းထောက်ဖောက်ခွဲတိုက်ခိုက်ပြီး သာသနာကို တိုက်ခိုက်နေတယ် လို့ဆိုထားတဲ့ ပို့စ် ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမှားဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဩဂုတ် ၂၈ ရက်ကဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်ကဖြစ်တယ်။ အလားတူ ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ ဂန့်ဂေါမြို့နယ် မင်းရွာနယ်မြေ ရဲစခန်းကို ဩဂုတ်လ ၁၅ ရက်နေ့က ABSDF နဲ့ PDF ပူးပေါင်း တပ်တွေက တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် မင်းရွာ၊ မြစ်သာမြစ် မြောက်ဘက်အခြမ်းက အလောင်းစည်သူမင်းတည်ထားခဲ့တဲ့ ရှေးဟောင်းမြသိန်းတန်စေတီ အပါအဝင် အခြားဗုဒ္ဓဘာသာ သာသနိက အဆောက်အအုံများ […]

Continue Reading

Fact Check: နေပြည်တော်ကို PDF ဝင်စီးပြီး လေဆိပ်နဲ့လေယာဉ်တွေ ဖောက်ခွဲမှု သတင်းတု

နေပြည်တော်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တွေဝင်စီးပြီး လေဆိပ်နဲ့ လေယာဉ်တွေ ဖောက်ခွဲခံရ တယ်ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေပါတယ်။ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုကို ရယူထားခြင်းဖြစ်ပါတယ်။  မူရင်းလင်ခ့် – Youtube | Archive link အလားတူပဲ နေပြည်တော်ကို PDF တွေဝင်စီးနေပြီဆိုပြီးတော့ ရေးသားမျှဝေထားတာကို ဒီနေရာမှာ တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ သက်ဆိုင်ရာ တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ထုတ်ပြန်ပြောဆိုချက်မရှိပါဘူး။ အခုဖြန့်ဝေနေတဲ့ ယူကျူ့ချန်နယ်ဖြစ်တဲ့ “News In Burmese” ချန်နယ်ဟာ သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့သတင်းအကြောင်း အရာတွေ သို့မဟုတ် လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ တော်လှန်‌ရေးအတွေးအမြင်ဆောင်းပါးတွေကို ပြန်လည်မျှဝေနေတဲ့ ချန်နယ်တခုဖြစ်တာတွေ့ရပါတယ်။ Fact Crescendo Myanmar အနေနဲ့ […]

Continue Reading

Fact Check: ချောင်းဦးက အများပြည်သူသုံး လမ်းတွေကို PDF က မိုင်းထောင်နေတဲ့ ဓာတ်ပုံလား- မဟုတ်ပါ

အများပြည်သူအသုံးပြုနေတဲ့လမ်းပေါ်မှာ PDF တွေ မိုင်းများထောင်နေတယ်လို့ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားဖြန့်ဝေလျှက်ရှိတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းမှားတခုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဓာတ်ပုံတွေကို မူလက မုံရွာခရိုင် အမှတ်(၁၂) တပ်ရင်း၊ တပ်ခွဲ(၃) လျှပ်စီးတပ်ခွဲအမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ စက်တင်ဘာ ၂ ရက်ကစတင်ဖော်ပြခဲ့တာတွေ့ရပါတယ်။ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်က အများပြည်သူ အသုံးပြုတဲ့ လမ်းပေါ်မှာ စစ်ကောင်စီတပ်ထောင်ထားတဲ့ မိုင်းတွေကို ရှင်းလင်းခဲ့ရတယ်လို့ မူလ ထုတ်ပြန်ချက်မှာ ရေးသားပါတယ်။ ဒီဓာတ်ပုံတွေကို မဇ္ဈိမသတင်းဌာနကလည်း ပြန်လည်ဖော်ပြခဲ့တာအောက်ပါအတိုင်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Mizzima Media […]

Continue Reading

Fact Check: လေယာဉ်အစီး ၈၀ PDF ကိုယ်စား ဒေါက်တာဆာဆာလက်ခံတဲ့ သတင်းတု

လေယာဉ်အစီး ၈၀ PDF ကိုယ်စား ဒေါက်တာဆာဆာလက်ခံလိုက်တယ်ဆိုတဲ့ ပို့စ်တခု ဖေ့စ်ဘွတ်အသုံးပြုသူ တွေအကြား ဖြန့်ဝေလျှက်ရှိပါတယ်။ သတင်းတုတခုသာဖြစ်တယ်။ စစ်ကောင်စီလက်အောက်ခံလေတပ်ရဲ့ အခမ်းအနားတခုက ဓာတ်ပုံကို ပြုပြင်ထားခြင်းဖြစ်တယ်။ အောက်ပါကတော့ ဒီလိုဖြန့်ဝေထားတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “လေယဉ်အစီး ၈၀ PDFအစားဆာဆာလက်ခံ”  တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မြန်မာဘာသာနဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခုလည်း ဓာတ်ပုံစာသားနေရာမှာ “လေယဉ်အစီး ၈၀ PDFအစားဆာဆာလက်ခံ” လို့ဆိုပြီးရေးသားထားပေမဲ့ မျှဝေထားတဲ့ လင့်ခ်ကို ဝင်ရောက်ဖတ်ရှူ့မယ်ဆိုရင် မသက်ဆိုင်တဲ့ အကြောင်းအရာတခုကို ရောက်ရှိသွား ပါတယ်။ သတင်းဓာတ်ပုံမှာဖော်ပြထားတဲ့ ဒေါက်တာဆာဆာ လေယာဉ်အစီး ၈၀ လက်ခံတဲ့အကြောင်းမဟုတ် သလို […]

Continue Reading

Fact Check: နေပြည်တော် ပျဉ်းမနားမြို့ တော်လှန်ရေးတပ်တွေ သိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းတု

စစ်ကောင်စီနယ်မြေဖြစ်တဲ့ နေပြည်တော် ပျဉ်းမနားမြို့ သိမ်းပိုက်ခံလိုက်ရပြီဆိုပြီး ယူကျူ့မှာ ဗွီဒီယိုတခုဖြန့် ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။သတင်းတုဖြစ်ပါတယ်။ ဒီလို သိမ်းပိုက်မှုမှာ ဗိုလ်မှူး၊ ဗိုလ်ကြီးတွေအပါအဝင် စစ်ကောင်စီဘက်မှ အမျးအပြားသေဆုံးခဲ့ကြောင်းနဲ့ တိုက်ခိုက်မှုများအတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ အမျိုးသားရေးညီညွှတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(PDF)၊ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်များပါဝင်ကြောင်းလည်းဖော်ပြပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “(၂၉)ရက်နေ့ နေပြည်တော်မှာ PDFအလံထောင်လိုက်ပြီ နေပြည်တော် ပျဉ်းမနားမြို့ သိမ်းပိုက်ပြီဗျိူ့ KIA,NUG,PDF,KNU တပ်သူသေကိုယ်သေချပြီ ဗိုလ်မှူးများ၊ဗိုလ်ကြီးများနဲ့စစ်ခွေးအများအပြားသေဆုံး” လို့ရေးသားပြီး “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်က ဩဂုတ် ၂၉ ရက်မှာ မျှဝေထားရာ ဒီဗွီဒီယိုကို ကြည့်ရှု့မှုပေါင်း ၃၀၀၀၀ ကျော်ရှိပါတယ်။၂၈ ရက်ကလည်းတကြိမ် ဒီဗွီဒီယိုမျှဝေမှုကို မျှဝေခဲ့ပါသေးတယ်။ ဒီနေရာမှာကြည့်ပါ။ မူရင်းလင်ခ့် – Youtube link | Archive […]

Continue Reading

Fact Check: လက်နက်ကြီးကြောင့် သေဆုံးသူ အမျိုးသမီးကို PDF က မုဒိန်းကျင့် သတ်ဖြတ်မှုအဖြစ် သတင်းမှားဖြန့်

လက်နက်ကြီး ထိမှန်သေဆုံးသူ အမျိုးသမီးတဦးကို PDF က မုဒိန်းကျင့် သတ်ဖြတ်မှုအဖြစ် ဖြန့်ဝေထားတဲ့ သတင်းမှားပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “PDF အမျိုးသား ၃ ဦးက  PDF အမျိုးသမီး ၁ ဦး ကို မုဒိန်းကျင့် စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်မှာရှိတဲ့ အကြမ်းဖက် PDF စခန်းမှာ PDFအမျိုးသား ၃ ဦးက PDF အမျိုးသမီးကို အုပ်စုဖွဲ့ မုဒိန်းကျင့်ပြီး ပစ်ခတ်မှုဖြစ်ပွားကာ မုဒိန်းကျင့်ခံရသည့် အမျိုးသမီးလည်းသေဆုံးပြီး မုဒိန်းကျင့်တဲ့PDF သေဆုံးကြောင်းသိရ” တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link […]

Continue Reading