Fact Check: တော်လှန်ရေးတပ်ဖွဲ့ ၅၀၀၀ နဲ့ ရန်ကုန်ကို ဝိုင်းထားလို့ လုံးဝအပြင်မထွက်ဖို့ တိုက်တွန်းတဲ့ သတင်းမှား
တော်လှန်ရေးတပ်ဖွဲ့ဝင် ၅၀၀၀ နဲ့ ရန်ကုန်မြို့ကို ဝိုင်းထားပြီးဖြစ်တာကြောင့် ဥဩဆွဲသံနေ ဆူညံနေပြီး လုံးဝအပြင်မထွက်ကြဖို့ သတိပေးတယ်လို့ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဇန်နဝါရီ ၁၅ ရက်က ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းတုသတင်းမှားဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုကရယူထားတဲ့ စခရင်ရှော့နဲ့ စာသားကို အောက်မှာကြည့်ပါ။ “(၁၅)ရက်နေ့ မအလ ရှုံးမဲမဲဖြစ်ပြီး ရန်ကုန်မြို့အရေးပေါ်ပြီဟေ့ တော်လှန်ရေးတပ်ဖွဲ့(၅)ထောင်နဲ့ တမြို့လုံးဝိုင်းထားကြပြီ လုံးဝအပြင်မထွက်ကြပါနဲ့/ ဥဩဆွဲသံ ဆူညံကုန်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး ခေါင်းစဉ်လွဲ သို့မဟုတ် လုပ်ကြံရေးသားထားတဲ့ သတင်းတုတွေ ဖြန့်ချိနေခြင်းဖြစ်တယ်။ ၆ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာလည်း ဒီလို ရန်ကုန်ကို တော်လှန်ရေးအင်အားစုတွေ ဝိုင်းထားပြီဆိုတဲ့အကြောင်းမပါဝင်ပါဘူး။ […]
Continue Reading
