Fact Check: PDF တွေ အမြန်လမ်းကို သိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းတု

ရန်ကုန်-မန္တလေး အမြန်လမ်းကို PDF သိမ်းလိုက်ပြီလို့ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ် တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတာတွေ့ ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်း သာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထား ခြင်းဖြစ်တယ်။ စာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။ “ရန်ကုန် ၊ မန္တလေး အမြန်လမ်းကို PDF သိမ်းလိုက်ပြီ စစ်သားတွေ အကုန်ထွက်ပြေးပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “AK CHANNEL NEW”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာလုပ်ပါတယ်။  အခုလည်း တကယ်တမ်း ဗွီဒီယိုထဲမှာပါတဲ့ အကြောင်းအရာဟာ မြန်မာနောင်းသတင်းဌာနက ဖော်ပြခဲ့တဲ့ “ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ စစ်ကောင်စီ  […]

Continue Reading

Fact Check: စစ်တပ်ထောက်ခံသူ ပေါက်ကိုယ်တော်ကို PDF တွေက လည်လှီးသတ်ဆို တဲ့ သတင်းတု

စစ်တပ်ထောက်ခံသူ ပေါက်ကိုယ်တော်ရဲ့ ပျူစောထီးစခန်းကို  PDF တွေက သိမ်းပိုက်လိုက်ပြီး အရှင်ဖမ်းမိတဲ့ ပေါက်ကိုယ်တော်ကို လည်လှီးသတ်လိုက်တယ် လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေပါတယ်။ သတင်းမှား ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရတယ်။  ဇန်နဝါရီ ၂၆ ရက်မှာ “MCM”အမည်နဲ့ ယူကျူ့ချန်နယ်က  ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။  “ပေါက်ကိုယ်တော်ရဲ့ ပျူစခန်း PDF တွေ ဝင်သိမ်း အရှင်ဖမ်းမိတဲ့ ပေါက်ဂတုံး လည်လှီးသတ်ခံရ ကျန်ဘောမတွေကြည့်ထား မင်းတို့အလှည့်လာမယ်” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “MCM”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေ ကို ပြန်လည်ကူးယူဖော်ပြပြီး […]

Continue Reading

Fact Check: နေပြည်တော်ကို PDF တွေ အလုံးအရင်းနဲ့ ဝင်တိုက်လို့ စစ်ဗိုလ်ချုပ်တွေ ထွက်ပြေးတဲ့ သတင်းတု

နေပြည်တော်ကို PDF တွေ အလုံးအရင်းနဲ့ ဝင်တိုက်လို့ စစ်ဗိုလ်ချုပ်တွေ ထွက်ပြေးနေကြပြီလို့ ဆိုထားတဲ ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့နေတာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုသာဖြစ်တယ်။  ဇန်နဝါရီ ၂ ရက်မှာ စတင်ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုစခရင်ရှော့ဓာတ်ပုံနဲ့  စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။  “နေပြည်တော် တိုက်ခိုက်ခံရ(အရေးပေါ်) စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်ကို PDF အလုံးရင်းနဲ့ ထိုးဖောက်နေပြီ ၊ ဗိုလ်ချုပ်တွေ ထွက်ပြေးနေကြပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကိုဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိနေတာတွေ့ရပါတယ်။ ဒီအပြင် ဒီချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ “ရန်ကုန်ခေတ်သစ်မီဒီယာ”ရဲ့ အမည်နာမနဲ့ အမှတ်တံဆိပ်ကိုလည်း တုပထားတာတွေ့ရပါတယ်။ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် နေတဲ့နေရာကို PDF ဝင်စီးပြီး ကယ်ထုတ်တဲ့ သတင်းတု

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ဝှက်ထားတဲ့ နေရာကို သိရှိပြီးနောက် PDF တွေက အင်အား အလုံးအရင်းနဲ့ ဝင်ရောက်စီးပြီး ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု တခုသာဖြစ်တယ်။  ဒီဇင်ဘာ ၁၈ ရက်က စတင်ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါ စာသားကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ကို အောက်မှာ ကြည့်ပါ။  “မနေ့ညက ဖရဲသီး သတင်းပေးလို့ စစ်ကောင်စီ အမေစုကို ဖွက်ထားတဲ့နေရာ PDF တွေ  အင်အားအလုံးရင်းနဲ့ ဝင်စီးပြီး ကယ်တင်နိုင်ခဲ့” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ သတင်းဖော်ပြချက်မတွေ့ရပါဘူး။ “MCM”အမည်နဲ့ […]

Continue Reading

Fact Check: အင်းစိန်ထောင်ကို PDF သိမ်းပိုက်လိုက်ပြီး ရန်ကုန်မြို့ဝက်ကိုလည်း စီးနင်းထားဆိုတဲ့ သတင်းတု

အင်းစိန်ထောင်ကို PDF သိမ်းပိုက်လိုက်ပြီး ရန်ကုန်မြို့ဝက်ကိုလည်း စီးနင်းထားတယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျု့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစခရင်ရှော့နဲ့ စာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။  “အကျဉ်းသား ၂ သိန်းလွတ်ပြီ အင်းစိန်ထောင်သိမ်းခံလိုက်ရပြီ ရန်ကုန်မြို့တစ်ဝက်နီးပါး သိမ်းခံလိုက်ရပြီ” မူရင်းလင်ခ့် – Yotube link | Archive link အလားတူစွာပဲ ဒီချန်နယ်က အင်းစိန်မြို့ကို PDF ဝင်စီးပြီး ရန်ကုန်တမြို့လုံးတိုက်ပွဲပြင်ထန်းနေတယ်လို့ ဇူလိုင် ၂၂ ရက်မှာ ဖြန့်ဝေခဲ့ပါသေးတယ်။ ဒီနေရာမှာ ကြည့်ပါ။  အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ ထိုင်းဘာသာစကားနဲ့“สล็อต_น้าลิง”လို့အမည်ပေးထားတဲ့ ယူကျူ့ချန်နယ်ဟာ စလော့ဂိမ်းကြော်ငြာတွေနဲ့ သတင်း‌ ခေါင်းစဉ်တုတပ် ဗွီဒီယိုတွေကို ဖြန့်ဝေနေတဲ့နေရာတခုဖြစ်တာတွေ့ရပါတယ်။ […]

Continue Reading

Fact Check: မန္တလေး အိုးဘိုထောင်ကို PDF တွေ ဝင်စီးတဲ့ သတင်းတု

မန္တလေး အိုးဘိုထောင်ကို PDF တွေ ဝင်စီးပြီး ထောင်သားအားလုံးလွတ်လာတယ် ဆိုတဲ့ ဗွီဒီယိုပို့စ်တခု ယူကျူ့အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာ ကြည့်ပါ။ “မနက်အထူးသတင်းကြီး မန္တလေးအိုးဘိုထောင် PDF မီးရှို့ပြီ ထောင်မှူးနဲ့ရဲခွေးတွေကိုလည်ပင်းကြိုးစွပ်ပြီး ထောင်ပေါက်ဝမှအကုန်ချိတ်ဆွဲထားလိုက်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ကိုကြည့်မယ်ဆိုရင် မီဒီယာတချို့မှာဖော်ပြခဲ့ပြီးဖြစ်တဲ့  သတင်းတွေကို သတင်းခေါင်းစဉ်တု ဒါမှမဟုတ် ခေါင်းစဉ်လွဲတွေတပ်ကာ ဆက်တိုက်ဖြန့်ချိနေတာတွေ့ရပါတယ်။ လက်ရှိအချိန်မှာတော့ ဒီချန်နယ်ဟာ စလော့ဂိမ်းတွေကို ကြော်ငြာပေးတဲ့နေရာအဖြစ် ပြောင်းလဲထားပါတယ်။  ဩဂုတ် ၅ ရက်မှာ ဖြန့်ဝေခဲ့တဲ့ […]

Continue Reading

Fact Check: NUGနဲ့ PDFကို ထောက်ပံ့တဲ့မလေးရှားရောက် မြန်မာတွေကို မလေးရှား ရဲတပ်ဖွဲ့က ဖမ်းဆီးမှုဗွီဒီယိုလား – မဟုတ်ပါ

NUGနဲ့ PDFတွေကို ထောက်ပံ့နေတဲ့မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို မလေးရဲတပ်ဖွဲ့က ဖမ်းဆီးမှု ဆိုပြီးတော့ ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာဟာ သတင်းမှားတခုဖြစ်တယ်။ ဗွီဒီယိုထဲမှာ အမျိုးသား အတော်များများဟာ ရဲစခန်းတခုလို့ထင်ရတဲ့ အဆောက်အဦးလျှောက်လမ်းမမှာ ထိုင်လျှက် လမ်းလျှောက်ပြီး အခန်းတခုထဲကို ဝင်ရောက်သွားတဲ့ မြင်ကွင်းကို မြင်တွေ့ရပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ “NUGနဲ့ PDFတွေကို ထောက်ပံ့နေတဲ့မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို မလေးရဲအဖွဲ့မှ ဖမ်းဆီးတဲ့ video file လို့ သိရတယ်။ မြင်ရတာတွေက အသည်းနာလှပါတယ်။ ကိုယ့်နိုင်ငံသားတွေဆိုတော့ တခြားသူတွေ ဖိနှိပ်တာမြင်ရင် စိတ်ထဲမှာ ဘယ်လိုမှ မခံနိုင်ဘူး။ မြင်ရတာစိတ်လည်းမကောင်းဘူး။” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဒီလို […]

Continue Reading

Fact Check: မန္တလေးအိုးဘိုထောင်ကို PDF သိမ်းပြီး အကျဉ်းထောင်အရာရှိနဲ့ ထောင်သားတွေကို ပစ်သတ်ဆိုတဲ့ သတင်းတု

မန္တလေးအိုးဘိုထောင်ကို PDF သိမ်းပြီး အကျဉ်းထောင်အရာရှိနဲ့ ထောင်သားတွေကို ပစ်သတ်လိုက်တယ်လို့ ဆိုတဲ့ ပို့စ်တခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိတာတွေ့ရပါတယ်။ သတင်းတုဖြန့်ချိ နေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “အကျဉ်းသား ၉၀၀၀ လွတ်ပြီ  မန္တလေးအိုးဘို‌ထောင် PDF သိမ်းပြီ အကျဉ်းထောင်အရာရှိကို ဖမ်းဆီးပြီးမီးရှို့သတ် မုဒိမ်းမှုလူသတ်မှုနဲ့ကျသူတွေကိုတစ်ခါတည်းပစ်သတ်” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ ကန့်ဘလူ မလည်ကျေးရွာမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ အကြားတိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်၊ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်း ဒေါနတောင်ကြော စစ်ကြောင်း​ကြောင်းထိုးရာ လန်ကျ၊ ရန်ကုန်-ပြည် ကားလမ်းပေါ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၃ […]

Continue Reading

Fact Check: အလောင်းတော်ကဿဖ ဂူနံရံရှိ ရွှေတွေကို PDF အဖွဲ့က ခွာယူသွားတယ် ဆိုတဲ့ သတင်းမှား

မုံရွာမြို့နယ် အလောင်းတော်ကဿဖ လှိုဏ်ဂူတော်အား pdf များဖျက်ဆီးပြီး ဂူနံရံရှိ ရွှေများအားခွာယူသွား တယ်လို့ဆိုထားတဲ့ ပြောဆိုချက်တွေ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတာတွေ့ရပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ ဖြန့်ဝေချက်တခုသာဖြစ်ပြီး ရွှေခွာယူသွားတယ်ဆိုတာမဟုတ်ကြောင်း အဲဒီဒေသကို ထိန်းချုပ်ထားတဲ့ PDF အဖွဲ့က ထုတ်ပြန်ပါတယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ ပေါက်ဖော်အမည်နဲ့ ဝက်ဘ်ဆိုဒ် ကလည်း တရုတ်ဘာသာနဲ့ ရေးသာဖြန့်ဝေထားတာလည်းတွေ့ရတယ်။ “(မုံရွာမြို့နယ် အလောင်းတော်ကဿဖ လှိုဏ်ဂူတော်အား pdf များဖျက်ဆီးပြီး ဂူနံရံရှိ ရွှေများအားခွာယူသွား 😪)” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဒီသတင်းဟာ မမှန်ကန်ကြောင်းနဲ့ ဒေသခံပြည်သူတွေဆိုရင် ဒီဖြစ်ရပ် […]

Continue Reading

Fact Check: ပြင်ဦးလွင်ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့တဲ့ PDF တွေဖမ်းမိတဲ့ပုံလား- မဟုတ်ပါ

ပြင်ဦးလွင်ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ မန္တလေး PDF က ၄ ဦးကို အရှင်ဖမ်းမိတယ်လို့ဆိုပြီး ဓာတ်ပုံ ဓာတ်ပုံ တပုံ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ သတင်းမှားတခုသာဖြစ်တယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို   ဒီနေရာမှာလည်း တွေ့ရပါတယ်။ စစ်တပ်လိုလားတဲ့ဝက်ဘ်ဆိုဒ်တွေဖြစ်တဲ့ မြန်မာနေရှင်နယ်ပို့စ်နဲ့ ပြည်ချစ်သားစတဲ့ ဝါဒဖြန့်ချိရေးဝက်ဘ်ဆိုဒ်တွေမှာလည်း ဖော်ပြထားတာတွေ့ရပါတယ်။ “ပြင်ဦးလွင်မြို့အတွင်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် မန္တလေး PDF အကြမ်းဖက်အဖွဲ့၏ ၄ဦး အရှင်ဖမ်းမိ ပြင်ဦးလွင်၊ ဧပြီ ၁၆ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးမြို့တွင်းသို့ ၁၄-၄-၂၀၂၄ ရက်နေ့ ည (၉ ၃၀)နှင့် (၁၀ ၃၀)ကြား ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် မန္တလေး PDF အကြမ်းဖက်အဖွဲ့မှ […]

Continue Reading