NLD ထက်ကောင်းတဲ့အစိုးရမရှိဘူးလို့ ဓာတ်ပုံထဲက ရဲအရာရှိက ပြောခဲ့သလား-မဟုတ်ပါ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပုံနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တံဆိပ်ပါ ပါးစပ်နဲ့နှာခေါင်းစည်း တပ်ဆင်ပြီး ရိုက်ထားတဲ့ ဓာတ်ပုံကို လူမှုကွန်ရက်ပေါ်တင်ခဲ့တဲ့ သတင်းရဲတပ်ဖွဲ့မှ အရာရှိနှစ်ဦးကို နယ်ပြောင်းနဲ့ ရာထူးတိုးမြှင့်ခန့်ပယ်ဖျက်နဲ့ ရဲတပ်ဖွဲ့က မကြာသေးခင်က အရေးယူခဲ့ တာတွေ့ရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ရဲအရာရှိတစ်ဦးက ဓာတ်ပုံမှာ “NLD ထက်ကောင်းတဲ့အစိုးရမရှိဘူး။စဉ်းစားမနေနဲ့”လို့ ရေးသားမျှဝေထားတယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ “ဝန်ထမ်းအားလုံး မကြောက်ကြပါနဲ့ ဘယ်ပါတီကိုဘဲထောက်ခံထောက်ခံ သတ္တိရှိကြပါ အလုပ်ဖြုတ်မရပါဘူး အာဏာနဲ့ ကြက်ဆူစိုက်ခိုင်းတဲ့ခေတ် ကုန်ခဲ့ပါပြီ ဒါတောင် ပြည်ထဲရေးက အစိုးရ လက်အောက်မရောက်သေးလို့ ရောက်လာရင်အားလုံး တရားကိုနတ်စောင့်လိမ့်မယ်” ဆိုပြီးတော့ “ကိုဇော် နိုင်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ “သတင်းထူး သတင်းဦး သတင်းစုံ”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ အောက်ပါ အတိုင်းမျှဝေထားပါတယ်။ Fb link Archive link အလားတူ ပို့စ်မျိုးကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ […]
Continue Reading