Fact Check: KNA ခေါင်းဆောင် စောချစ်သူ အမေရိကန် FBI ဖမ်းဆီးလိုက်ပြီဆိုတဲ့ သတင်းတု

False နိုင်ငံရေး | Politics

KNA ‌ခေါင်း‌ဆောင် ဗိုလ်မှူးကြီး စောချစ်သူကို နေပြည်‌တော်အစိုးရ ခွင့်ပြုချက်နဲ့ အမေရိကန် FBI ဖမ်းဆီးလိုက်ပြီဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု သာဖြစ်တယ်။။ 

ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်ရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ 

“စောချစ်သူ အမေရိကန် FBI ဖမ်းဆီးလိုက်ပြီ မင်းအောင်လှိုင်ရဲ့ ခွင့်ပြုချက်ကြောင့် ကျားဖျန့် လုပ်ဆောင်နေ ဖြစ်ကြောင်း စောချစ်သူ ဖွင့်ချ ၊ မအလ ဘဝနိဂုံးရောက်ပြီ”

Original link | Archive link

အချက်အလက်စိစစ်ချက်

ကရင်လက်နက်ကိုင် KNA တဖြစ်လဲ BGF ‌ခေါင်းဆောင်ဟာ အမေရိကန်အစိုးရ ပိတ်ဆို့မှုစာရင်းဝင် တဦးဖြစ်ပြီး မြန်မာစစ်တပ်က ကျောထောက်နောက်ခံပေးပြီး သူကောင်းပြုထားသူတဦးဖြစ်တယ်။ 

ဗွီဒီယိုဖြန့်ဝေထားတဲ့ “Yangon Khit Thit ”ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ သတင်းမီဒီယာ တချို့မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေနဲ့ လုပ်ကြံရေးသားပြောဆိုမှုတွေကို ရောနှောဖြန့်ချိလေ့ ရှိပါတယ်။ Fact Crescendo Myanmar ရဲ့အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာကြည့်ပါ။

အခုလည်း စောချစ်သူ အမေရိကန် FBI ဖမ်းဆီးလိုက်ပြီလို့ ဆိုထားပေမဲ့ သတင်းခေါင်းစဉ်တုတပ်ပြီး ဖြန့်ချိထား ခြင်းသာဖြစ်တယ်။ ဗွီဒီယိုတွေဟာ FBI က မြဝတီမြို့တဖက်ကမ်းကနေ အွန်လိုင်းငွေလိမ်ဂိုဏ်တွေရှိတယ်လို့ ယူဆရတဲ့နေရာတွေကို ဓာတ်ပုံလာရိုက်တဲ့သတင်းအပေါ် မူလက “Breaking Brainwashed” ချန်နယ်မှာ CDM ဗိုလ်ကြီးထက်မြတ်က သုံးသပ်ပြောကြားနေတဲ့ ဗွီဒီယိုဟောင်းကို အသံဖိုင် ပြန်လည် ထုတ်နုတ်ပြီး ပြန်လည်မျှဝေထားခြင်းဖြစ်တယ်။

မြန်မာနိုင်ငံမှာ တရုတ်စကားလုံးနဲ့ ကျားဖြန့်လို့ လူသိများတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်တွေကြောင့် အမေရိကန် နိုင်ငံသားတွေဆီက ဘီလီယံနဲ့ချီတဲ့ ငွေတွေ လိမ်လည်ခံရတာနဲ့ ပတ်သက်ပြီး အမေရိကန်က အရေးယူဖို့ ဆောင်ရွက်နေတာတွေရှိပါတယ်။ ဒီအတွက်လည်း Scam Center Strike Force ဆိုပြီး အမေရိကန်က ဖွဲ့စည်းလိုက်ပြီး ဒီဂိုဏ်တွေကို ဖမ်းဆီးမယ်လို့ တရားဝင် ထုတ်ဖော်ပြောကြားထားပါတယ်။

သုံးသပ်ချက်

“Yangon Khit Thit ”ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေနဲ့ လုပ်ကြံရေးသားဖြန့်ဝေမှုတွေ ဖြန့်ချိတဲ့နေရာဖြစ်တယ်။ KNA ခေါင်းဆောင် စောချစ်သူ အမေရိကန် FBI ဖမ်းဆီးလိုက်ပြီဆိုတာ တကယ် မဟုတ်ပါဘူး။ 

Result Stamp

Title: Fact Check: KNA ခေါင်းဆောင် စောချစ်သူ အမေရိကန် FBI ဖမ်းဆီးလိုက်ပြီဆိုတဲ့ သတင်းတု

Fact Check By: Zun Zee

Result: False


Leave a Reply

Your email address will not be published. Required fields are marked *