ပိုဗီဒုန်း အိုင်အိုဒင်း(Povidone-Iodine)ဟာ COVID-19 ကို ကုသနိုင်၊ ကာကွယ်နိုင်တယ် ဆိုတဲ့ အထောက်အထားခိုင်ခိုင်မာမာမရှိသေးပါ

“Corona virus ကို Betadine နဲ့ ကာကွယ်ပါ”ဆိုပြီးတော့ ကြော်ငြာတစ်ခုကို “Betadine Myanmar”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားတာတွေ့ရပါတယ်။ “လေ့လာတွေ့ရှိချက်များအရ Betadine တွင် ပါဝင်သော ပိုဗီဒုန်း အိုင်အိုဒင်း သည် SARS-CoV and MERS-CoV ကဲ့သို့ Corona virus ကို ပိုးသတ်အာနိသင် ထိရောက်မှုရှိကြောင်း တွေ့ရှိရပါသည်။ ယခုဖြစ်ပေါ်နေသော COVID-19 သည် SARS-CoV နှင့် ဇီဝအမျိုးအစား ၇၀% တူကြောင်း လေ့လာတွေ့ရှိချက်များအရ သိရှိရပါသည်”ဆိုပြီး လည်ချောင်းဖျန်းဆေးရည်၊အာလုပ်ကျင်းဆေးရည်နဲ့ လက်ဆေး ဆေးရည်တွေကိုကြော်ငြာထား တာတွေ့ ရပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လူတွေကြားမှာရေပန်းစားနေတဲ့ ကောလာဟလတွေကို ရှင်းလင်းထုတ်ပြန်ထား တဲ့အထဲမှာ ခံတွင်းသန့်ဆေးရည်တွေလည်း ပါဝင်တာတွေ့ရပါတယ်။ […]

Continue Reading