Fact Check: NLD ကို အကြမ်းဖက်လို့ ကုလအပြစ်တင်ခဲ့သလား-မဟုတ်ပါ

ကုလသမဂ္ဂ(United Nations)က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကို အကြမ်းဖက်မှုတွေအတွက် အပြစ် တင်လိုက်တယ်လို့ ရေးသားပြီး  လူမှုကွန်ယက်မှာ ဖြန့်ဝေလျှက်ရှိပါတယ်။  သို့သော် ဒီသတင်းဟာ မှားယွင်းပါတယ်။ ဇွန် ၃ရက်က စတင်ပျံ့နှံ့ခဲ့တဲ့ ဒီသတင်းမှာကိုးကားထားတဲ့ ကုလသမဂ္ဂ အတွင်းရေး မှူးချုပ်ရဲ့ ပြောခွင့်ရ စတက်ဖနီဒူဂျာရစ်ခ် (Stéphane Dujarric)ရဲ့ ပြောကြားချက်ဟာ မှန်ကန်ပေမဲ့ NLD ကို အကြမ်းဖက်အဖြစ် အပြစ်တင်ခဲ့တယ်ဆိုတာ မဟုတ်ပါဘူး။  “NLD အကြမ်းဖက်အဖွဲ့ကို ကုလသမဂ္ဂအပြစ်တင်”လို့ရေးသားပြီး “RFM : Yangon, 3 – 6 – 2021”လို့လည်း သတင်းရေးသားတဲ့နေ့အဖြစ်ဖော်ပြခဲ့ပါတယ်။ ဆက်လက်ပြီး သတင်းရဲ့ စာကိုယ်အဖြစ် “မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ဒီမိုကရေစီကိုဘမ်းပြပြီး ရွေး ကောက်ပွဲကတဆင့် မတရားသော နည်းဖြင့် ရယူရန်ကြိုးပမ်းခဲ့သည့် ဒေါ်ဆုကျည်နှင့်အဖွဲ့ဟာ အိပ်မက်ကောင်းခန်းရောက်မှ […]

Continue Reading

Fact Check: အလှမယ်ထားထက်ထက်ကို တိုက်ခိုက်တဲ့ သတင်းတု RFM ဖြန့်ဝေ

လက်နက်ကိုင်တစ်ဖြစ်လဲ အလှမယ်ထားထက်ထက် မုဒိန်းကျင့်ခံရပြီး အဖမ်းခံထားရတယ်လို့ ရေးသားပြီး  လူမှုကွန်ယက်မှာ ဖြန့်ဝေလျှက်ရှိပါတယ်။  သို့သော် ဒီသတင်းဟာ မှားယွင်းပါတယ်။ အလှမယ် ထားထက်ထက်က မီဒီယာတစ်ခုကို သူဖြေဆိုထားတဲ့ အင်တာဗျူးကို ပုံမှားရိုက်ဖြန့်ထားခြင်းဖြစ်ပြီး သူ့အနေနဲ့ဘေးကင်းလုံခြုံတယ်လို့ လူမှု ကွန်ယက်က တစ်ဆင့် အသိပေးထားပြီးဖြစ်ပါတယ်။  “သူပုန်ကို ကယ်တင်ရှင်ဆိုပြီး အားကိုးတဲ့ ထားထားထက်တို့ သူရဲကောင်းအဖွဲ့ ဘာတွေဖြစ်ကုန်ပြီလဲ? ဒါ့ကြောင့်ပြောတာ၊ပျက်စီးချိန်တန်ရင် အတွေးမှားတယ် လို့။ဖင်ပိတ်ငြင်းကြအုံးလေ။ထို့အတူ အပြောကြီး ဟိတ်ဟန်ကောင်းတဲ့ CRPG NUG GZ PDF CDM စတဲ့ အရေခြုံတွေကို ယုံမိရင်လည်း ဘာဖြစ်မလဲ? စဉ်းစားကြ အရမ်းမလုပ်နဲ့။”စသည်ဖြင့် ရေးသားပြီး“U Dham Mika”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကမျှဝေထားပါတယ်။ ဒီလိုမျှဝေထားတဲ့ screenshot ဓာတ်ပုံတစ်ခုထဲမှာဆိုရင် ထားထက်ထက် မုဒိန်းကျင့်ခံရကြောင်း မိခင်ဖြစ်သူကို ငိုယိုပြောနေတယ်လို့ ပါဝင်ပါတယ်။ […]

Continue Reading

Fact Check: NLDပါတီက ကိုယ်ပိုင်ရဟတ်ယာဉ်နဲ့ ထွက်ပြေးဖို့စီစဉ်နေတယ်ဆိုတဲ့ သတင်းအမှား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီဝင်တွေက ကိုယ်ပိုင်ရဟက်ယာဉ်နဲ့ ထွက်ပြေးဖို့စီစဉ်နေတယ်ဆိုပြီး RFM (Radio Free Myanmar)အမှတ်တံဆိပ်နဲ့ ရေးသားထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ RFM (Radio Free Myanmar)ဆိုတဲ့ အမှတ်တံဆိပ်နဲ့ “NLDတွေ ထွက်ပြေးဖို့ အပြင်းအထန်ပြင်”လို့ ခေါင်းစဉ်တပ်ထားပြီး “ရွေးကောက်ပွဲမှာ မဲလိမ်မဲခိုးပြီး ၂၀၁၅ ကထက်အင် အနိုင်ရတယ်လို့ မဖြစနိုင်တဲ့စရင်းဇယားတွေနဲ့ အာဏာကို အဓမ္မတည်းဖြင့်ရယူရန်ကြိုးပမ်းခဲ့တဲ့ NLDတွေဟာ တိုင်းပြည်ဘဏ္ဍာ ငွေတွေကို ထင်တိုင်းသုံးပြီး ကိုယ်ပိုင်ရဟတ်ယာဉ်များနှင့် ထွက်ပြေးအပြင်းအထန်ပြင်ဆငင်နေကြောင်း လူမှု့ကွန်ယက်တွင်ပြောဆိုနေကြသည်။ ဒေါ်လာသန်းပေါင်းများစွာတန်သော Leonard အမျိုးအစားရဟတ်ယာဉ်နောက်ထပ် ၂စီးကို ဒီဇင်ဘာ (၁၇)ညသန်ကျော်မှ ကားများဖြင့် ခိုးယူးသယ်ဆောင်လာသည်ကို‌တွေ့ရသည်။”လို့ ရေးသားထားပါတယ်။ ဒီပို့စ်ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ ဒီပို့စ်ကိုပဲ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ မူရင်းလင့်ခ် – […]

Continue Reading